Friday, January 09, 2015

အောင်ဘာလေထီဆုကြီး ကျပ်သိန်း ၁၀၀ဝဆုတစ်ဆု ထပ်မံတိုးမြှင့်ပေး



ဖေဖော်ဝါရီ ၁ရက်တွင် ဖွင့်လှစ်မည့် အောင်ဘာလေ သိန်းဆုတွင် ကျပ်သိန်း ၁၀၀ဝဆုတစ်ဆုကို အသစ်ထပ် မံတိုးချဲ့ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း အောင် ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။ပြီးခဲ့သည့် အောင် ဘာလေသိန်း ဆုပေါက်မဲများအတွင်း ကျပ်သိန်း ၁၀၀ဝ ဆုတစ်ဆုသာ ပါဝင်ခဲ့ရာမှ ဖေဖော်ဝါရီ ၁ရက်တွင် ဖွင့်လှစ်မည့် (၃၁၃) ကြိမ်မြောက်အောင်ဘာလေသိန်းဆုတွင် ကျပ်သိန်း ၁၀၀၀ ဆုတစ်ဆုကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေး မည့်အပြင် အထူးဆုကြီးအဖြစ်ကျပ် သိန်း ၁၅၀ဝဆု တစ်ဆု၊ ကျပ်သိန်း ၁၀၀ဝဆုနှစ်ဆု၊ ကျပ် သိန်း၅၀၀ ဆု ငါးဆုအပါအဝင် ဝေဝေ ဆာဆာပဒေသာ ဆုမဲများစွာကိုဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှသိရသည်။
 
အောင်ဘာလေသိန်းဆုဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကြည် စန်းက''ကျပ်သိန်း ၁၀၀ဝဆုကို အရင်တုန်းက တစ်ဆုပဲပါတယ်။ အခုဖေဖော် ဝါရီလကစပြီး တစ်ဆု ထပ်တိုးထားတယ်။ ကျပ်သိန်း၁၀၀၀ ဆု နှစ်ဆုဖြစ် သွားတယ်''ဟုဆိုသည်။

ဖေဖော်ဝါရီ ၁ရက်တွင်ဖွင့်လှစ်မည့် (၃၁၃)ကြိမ်မြောက် ကျပ် ၂၀ဝတန် ထီဖွင့်ပွဲမှစ၍အထူးဆုကြီး စနစ်ဖြင့် အောင်ဘာလေသိန်းဆုများ မှာ ကျပ်သိန်း ၁၅၀ဝဆု တစ်ဆု၊ ကျပ်သိန်း ၁၀၀ဝဆုနှစ်ဆု၊ ကျပ်သိန်း ၅၀ဝဆု ငါးဆု၊ ကျပ်သိန်း ၃၀ဝဆု ခြောက်ဆု၊ ကျပ်သိန်း၂၀ဝဆုခုနစ် ဆု၊ ဆုတစ်ဆုချင်း ဆုမဲများအဖြစ် ကျပ်သိန်း၁၀ဝဆု ၁၈ဆု၊ ကျပ်သိန်း ၅ဝဆု ၂ဝဆု၊ ကျပ်၂၅သိန်းဆု ၂ဝဆု၊ ကျပ်၁ဝသိန်း ဆု၃ဝဆုနှင့် ကျပ် ငါးသိန်းဆု ၃၄ဆုနှင့် ဝေဝေဆာဆာ ပဒေသာဆုမဲများကို ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

အောင်ဘာလေသိန်းဆု ပေါက် မဲများကို အများပြည်သူ စိတ်ဝင်စားမှု ရှိလာစေရန်အတွက် ယင်းကဲ့သို့ ထီဆုမဲပြောင်းလဲသတ်မှတ်ခြင်းဖြစ်ပြီး ဆုမဲစုစုပေါင်း ၄၀၂၄၃ဆုကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ထီဝါသနာရှင်ဦးကျော်လွင်က ''နိုင်ငံတကာထီဆိုရင်ဒေါ်လာ သန်းချီပြီးတော့ ရတယ်။ ဆုမဲအရေအတွက် တိုးမယ်ဆိုတာကတော့ ပြည်သူတွေ အတွက် ကောင်းတယ်''ဟုပြောသည်။

TEEP
#Democracytoday

No comments:

Post a Comment

My Blog List