Wednesday, January 07, 2015

ပုပ်ရဟန်းမင်းကြီး၏ တိုင်ပင်ခံအမတ်အဖြစ် ရွေးချယ်ခံရသော ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ချားလ်ဘိုနှင့် တွေ့ဆုံခြင်း


ပုပ်ရဟန်းမင်းကြီးရာထူးနေရာ နှင့် ပုပ်ရဟန်းမင်းကြီး၏ရာထူး အတွက် အဆိုပြုတင်မြှောက်ခွင့်ရှိသည့် ပုပ်ရဟန်းမင်းကြီး၏ အတိုင်ပင်ခံအမတ်အဖြစ် မြန်မာနိုင်ငံမှ   ကက်သလစ်ဆရာတော် တစ်ပါး ရွေးချယ် ခံရခြင်းသည် နှစ်ပေါင်း ၅၀၀ ကျော်အတွင်း ပထ မဆုံးအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ 

ပုပ်ရဟန်းမင်းကြီး၏ အမတ်အဖြစ် ရွေးချယ်ခံရသောမြန်မာနိုင်ငံမှ ခရစ်ယာန် ကက် သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်ဘိုသည် အသက်(၆၆) နှစ် အရွယ်ဖြစ်သည်။ ရွေးချယ်ခံရသော ဆရာတော်ချားလ်ဘို သည် ဖေဖော်ဝါရီ ၁၄ရက်တွင်အီတလီနိုင်ငံ ဗာတီကန်နန်းတော်၌  ပုပ်ရဟန်းမင်းကြီးရွေးချယ် ရေးအဖွဲ့ဝင် များနှင့် စတင်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ 

ပုပ်ရဟန်းမင်းကြီး၏  အမတ်အဖြစ် ရွေးချယ်ခံရသော ဆရာတော်(ဦး)ချားလ် ဘိုအား 7 Day Daily က တွေ့ဆုံမေးမြန်းထားသည်များမှ  ကောက်နုတ်ဖော်ပြ ထားပါသည်။

ဆရာတော်ကြီးရဲ့ အကြောင်း အရင်ဆုံးမိတ်ဆက်ပေးပါလား။

နာမည်က ချားလ်စ်ဘိုပါ။ ဇာတိက ရွှေဘိုဘက်က ရေဦး၊တန့်ဆည်ဘက်ကပါ။ မွေးဖွား တာကတော့   ၁၉၄၈  ခုနှစ်အောက်တိုဘာလ ၂၉ရက်နေ့ကပါ။ ငယ်ငယ်တုန်းကတော့ ဖာသာလယ်ဖုန်းကျောင်း မန္တလေးမှာနေပါတယ်။ ၁၉၇၆ခုနှစ်မှာရဟန်းခံတယ်။ ၁၉၉၀မှာလားရှိုးမှာ ပထမဆုံးရဟန်းဖြစ်ခဲ့ တယ်။ လားရှိုးမှာ ငါးနှစ်ကြာပြီးတော့ ပုသိမ်မှာ ခုနစ်နှစ်နေခဲ့ တယ်။ ဒီရန်ကုန်ကို ရောက်လာ တာ ၁၁နှစ်ရှိပါပြီ။

မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ်  ဆရာတော်ရွေးချယ်ခံ ရတာကို အခုထုတ်ပြန်မှ သိရတာ လား။ ကြိုတင်ပြီးသိခဲ့ပါသလား။

အရင်တုန်းက ပုပ်ရဟန်းမင်းကြီးအမတ် ရွေးချယ်ခံရပြီဆိုရင် သုံးရက်လောက်ကြိုတင်ပြော တယ်လို့သိရ တယ်။ ဒီတစ်ခါတော့မသိဘူး။ သြစတြေးလျမှာနေတဲ့ဆရာတော်ရဲ့တူမက ဆရာတော်နာမည်ပါလာ တယ် လို့ ပြောတယ်။ ဆရာတော်ကလည်း သူပြောတာသိပ်မယုံဘူး။ နောက်သတင်းစာတွေထဲမှာ ပါလာတာ အဲဒီကျမှယုံတယ်။  တိုက်ရိုက်  ဘာမှမပြောသေးဘူးဖြစ် နေတော့မယုံရဲတာပေါ့။ ကြိုတင် ပြီးတော့ မသိခဲ့ ဘူးပေါ့နော်။

အခုလိုရွေးချယ်ခံလိုက်ရတော့ ပုပ်ရဟန်းမင်းကြီး ရွေးချယ်ဖို့ အတွက် မဲပေးပိုင်ခွင့်လည်းရှိသွားပြီ။ပုပ်ရဟန်းမင်းကြီးနေရာအတွက်ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်ခွင့်လည်းရှိသွားပြီဆိုတော့ဆရာတော်ကြီးအနေနဲ့  အနာ ဂတ်မှာ ပုပ်ရဟန်းမင်းကြီးနေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံဖို့အစီအစဉ်ရှိပါလား။

အဲ့ဒါတော့အစီစဉ်မရှိပါဘူး( ရယ်လျက်ပြောသည်) ။ ပုပ်ရဟန်းမင်းကြီး နားသွားတော့သော်လည်းကောင်း၊ ပျံလွန်တော် မူသွားတော့သော်လည်းကောင်း၊အဲ့ဒီနေရာကို ရွေးပိုင်ခွင့်တော့ ရှိတယ်ပေါ့နော်။ ရွေးချယ်ခြင်း ခံရတဲ့ အခွင့်အရေးလည်းရှိတယ်ပေါ့။ ဆရာတော်အနေနဲ့ ရွေးချယ်ခံရဖို့ အစီအစဉ်တော့ လုံးဝမရှိပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီနေရာကိုရောက်ဖို့ မြန်မာပြည်က အတွေ့အကြုံနဲ့ ရင့်ကျက်ဖို့ရာ အတွက် တစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ဆိုရင် မလွယ်ဘူး။ မရွေးချယ်ခံရဖို့အတွက်ပဲ ဆုတောင်း ပါတယ်။

ဆရာတော်ကြီးခုလိုအရွေးချယ်ခံလိုက်ရတော့ ဆရာတော်ကြီးတို့ ကက်သလစ်ဘာသာဝင်တွေ အတွက် တင်မကဘဲ တခြားခရစ် ယာန်ဘာသာဝင်အသိုင်းအဝိုင်းမိသားစုဝင်တွေအတွက်ကောအရင်ထက်ပိုပြီး ဘယ်လိုကောင်း ကျိုးတွေဖြစ်လာနိုင်သလဲ ခင် ဗျာ။

ဆရာတော်အနေနဲ့ ကက်သလစ်အပြင် ခရစ်ယာန်အသိုင်းအဝိုင်းတွေရော မြန်မာပြည်မှာရှိတဲ့ ပြည်သူပြည် သားတွေအားလုံးအတွက်ပါ ဆရာတော် အနေနဲ့ ဒီလို ရွေးခံရခြင်းအားဖြင့် တစ်ကမ္ဘာလုံးက ဒီကို အရေးပေးစေချင်တဲ့သဘောမျိုး၊ ကူညီချင် တဲ့ သဘောမျိုးလည်းပါတယ်ပေါ့ နော်။  ကိုယ်တစ်ဦးတစ်ယောက် အတွက်ထက် အများအတွက်ရဖို့ရာအတွက်ပဲ ရည်ရွယ်တယ်ပေါ့နော်။ တစ်ပြည်လုံးအတွက် အကျိုးပြုနိုင်ဖို့၊ ပြောဆိုနိုင်ဖို့ခွင့်ရှိတာပေါ့။ ပြည်သူပြည်သား တွေဆင်းရဲတာတွေ၊ စကားပြောခွင့်မရှိတာတွေ၊ဆရာတော် အနေနဲ့ ပြောခွင့်ရှိတာပေါ့။

မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ မကြာခဏတွေ ဖြစ်ပွားနေပါ တယ်။ ဒီလိုမျိုး ပဋိပက္ခတွေမဖြစ် ပွားအောင် ဘယ်လိုမျိုးလုပ် ဆောင်သင့်တယ်ဆိုတာ ဆရာတော်အနေနဲ့ အကြံပြုပေးပါ ခင်ဗျာ။

ဆရာတော်တော်တော်များ များလည်း လုပ်နေကြပါတယ်။ ကက်သလစ်ဆရာတော်ကြီး လာတုန်းကလည်း သူအကြံပြုပါ တယ်။ မြန်မာပြည်မှာကတော့ ဘာသာမရှိတဲ့လူဆိုတာ မရှိသလောက်ရှားပါတယ်။ မွတ်စလင် ဖြစ်နေနေ၊ ခရစ်ယာန်ဖြစ်နေနေ သူ့ဘာသာနဲ့သူ ကိုင်းရှိုင်းကြပါတယ်။ ပြီးတော့ ဘာသာတိုင်း ဘာသာတိုင်း မှာ ကိုယ့်ဘာသာ ခေါင်းဆောင်တွေကို ကိုင်းရှိုင်းကြ အရေးပေးကြပါတယ်။ ဘာသာ ရေးခေါင်းဆောင်တွေကလည်း ခဏခဏဆွေးနွေးကြပါတယ်။ သီတဂူဆရာတော်ကြီးကလည်း ဆွေးနွေးပြီး ထုတ်ပြန်ချက်တွေ လုပ်ကြပါတယ်။ ဘာသာရေး ခေါင်းဆောင်တွေက ခဏခဏတွေ့နေကြတယ်။ တိုင်ပင်နေကြ တယ်ဆိုရင် အားလုံးကလည်း လိုက်နာပြီး ပဋိပက္ခတွေ လျော့နည်းသွားနိုင်ပါတယ်။ အခုလောလောဆယ် ဒီနေ့၊ မနက်ဖြန်ချက် ချင်းတော့အဖြေမရနိုင်ပေမယ့် ဖြည်းဖြည်းတော့နားလည်မှုနဲ့ ရလာမှာပါ။ စာသင်ကျောင်းတွေမှာလည်း ဘာသာကြီးများရဲ့ အကြောင်းတွေကို ထည့်သင်စေချင်တယ်။ ခရစ်ယာန်ဆိုတာဘာလဲ။ ဗုဒ္ဓဘာသာဆိုတာဘာလဲ။ အစၥလာမ္ဘာသာဝင္ဆိုတာဘာလဲ။ ကလေးတွေ သိပြီးတော့ ပိုမိုပြီး နားလည်လာမှာပေါ့။

ဆရာတော်က ပုပ်ရဟန်းမင်းကြီး နဲ့တွေ့ဆုံဖို့လည်း  ရှိတယ်ဆိုတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေ တဲ့ဘာသာရေး၊  လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးနဲ့တွေ့တဲ့အချိန်မှာ ထည့်သွင်းဆွေးနွေးဖို့အစီစဉ်ရှိပါလားခင်ဗျာ။

ဒီဟာကတော့ အခွင့်ရေးကြုံသလို ပြောမှာပါ။ ပုပ်ရဟန်းမင်း ကြီးကလည်း မြန်မာပြည်ရဲ့ အခြေအနေကိုမေးမှာပါ။ ဘာသာရေးအခြေအနေတွေ၊ နိုင်ငံရေးအခြေ အနေတွေ လက်ရှိအခြေအနေ ဘယ်လိုရှိသလဲဆိုတာတော့ မေးမှာပါ။ ပုပ်ရဟန်းမင်းကြီးရဲ့ အမတ်အနေနဲ့မှမဟုတ်ပါဘူး။ မြန်မာပြည်မှာရှိတဲ့ ကက်သလစ်

ဆရာတော်ကြီးတွေနဲ့ ငါးနှစ်တစ်ခါ၊ ခြောက်နှစ်တစ်ခါ အမြဲပဲဗာတီကန်မှာသွားပြီးတော့ ပုပ်ရဟန်း မင်းကြီးနဲ့ တွေ့တဲ့အခါမှာ အမြဲ တမ်းလေး၊ ငါးနှစ်အတွင်းမှာ ဖြစ် ပျက်တဲ့အရာတွေ မေးပါတယ်။ ပုပ်ရဟန်းမင်းကြီးကလည်း အခြေအနေတွေအားလုံးကိုသိမှာပါ။တင်ပြဖို့အစီအစဉ်တွေအများ ကြီးရှိပါတယ်။

မြန်မာနိုင်ငံမှာ ဆရာတော်ကြီးတို့  ကက်သလစ်ဘာသာဝင် မိသားစုလူဦးရေ ဘယ်လောက်ရှိနေလဲ ခင်ဗျား။

မြန်မာပြည်မှာ ကက်သလစ်ဘာသာဝင်တွေ ရှစ်သိန်းရှိပါ တယ်။ ၁ ဒသမ ၃ ရာခိုင်နှုန်း လောက်ပဲရှိပါတယ်။ ခရစ်ယာန်တွေအားလုံးပေါင်းလိုက်ရင် တော့ ၇ရာခိုင်နှုန်းလောက်တော့ရှိ မှာပေါ့။

ဆရာတော်ကြီးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ။

ဆရာတော်အနေနဲ့ ပိုမိုပြီး ဦးတည်ချက်ထားချင်တာက မြန်မာပြည်သား တွေအတွက် ပိုပြောပေးဖို့၊ပုပ်ရဟန်းမင်းကြီးမှာပဲဖြစ် စေ၊ နိုင်ငံခြားကအစိုးရတွေမှာ ပဲဖြစ်စေ၊ မြန်မာပြည်က အစိုးရမှာပဲဖြစ်စေ ပြည်သူတွေကိုယ်စား သူတို့ရဲ့ဆန္ဒတွေပြောပေးမယ်။ အထူးသဖြင့် ဒီမိုကရေစီကို သွားနေတဲ့အတွက် ပုပ်ရဟန်းမင်းကြီး ကလည်း တင်မြှောက်လိုက်လို့ မြန်မာပြည်ကို တစ်ကမ္ဘာလုံးက အစစအရာရာ ကူညီဖို့ရာတွေ အတွက် လုပ်ဆောင်သွားမှာပါ။

ကျေးဇူးတင်ပါတယ်ခင်ဗျ။

7Day News Journal

No comments:

Post a Comment

My Blog List