တောင်ငူက ချမ်းမြေ့ဧည်ဂေဟာ ဗုံးပေါက်ကွဲမှုနဲ့တရားစွဲဆိုခံထားရတဲ့ စောထွန်းထွန်းကို ပြစ်မှုထင်ရှားတဲ့ အတွက် ခရိုင်တရားရုံးက သေဒဏ်ချမှတ် လိုက်ပါတယ်။ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ချမ်းမြေ့ဧည့်ဂေ ဟာမှာ ဗုံးပေါက်ကွဲမှု၊ လူသတ်မှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ စောထွန်းထွန်းကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ဇန်န၀ါရီလ ၇ ရက်နေ့က ပုဒ်မ ၃၀၂ ၁/ခ အရ မသေမချင်း လည်ပင်းကြိုးစွပ်သတ်စေ ဖို့ တောင်ငူခရိုင် တရားရုံးက အမိန့်ချမှတ်လိုက်ပါ တယ်။
သေဒဏ်အမိန့်ကို အတည်ပြုနိုင်ဖို့အတွက် ပြည်ထောင်စု လွှတ်တော်ချုပ်ကို ၇ ရက်အတွင်း အတည်ပြု မိန့် တောင်းခံသွားရမှာ ဖြစ်ပြီး စောထွန်းထွန်း အနေနဲ့လည်း ရက်အတွင်း အယူခံဝင်နိုင်တယ်လို့ သိရ ပါတယ်။
ဒါ့အပြင် သူ့ကို ဥပဒေပုဒ်မ ၃၂၆ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ် ကျခံစေဖို့နဲ့ ပုဒ်မ ၃၂၄ အရ ထောင် ဒဏ် ၂ နှစ် ထပ်မံကျခံစေဖို့ တောင်ငူခရိုင် ဒုတိယခရိုင်တရားသူကြီး ၂ က အမိန့်ချမှတ်ခဲ့ပါသေးတယ်။
တောင်ငူမြို့ ချမ်းမြေ့ဧည့်ဂေဟာဗုံးပေါက်ကွဲမှုနဲ့ စောထွန်းထွန်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ကလည်း ဒုခရိုင်တရားရုံး ၂ က ၁၉၈၀ ခုနှစ် ပေါက်ကွဲစေ တတ်တဲ့ အက်ဥပဒေ ၃ နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရပြီး ဖြစ်ပါတယ်။
၂၀၁၃ အောက်တိုဘာလ ၁၁ ရက်နေ့ညက ချမ်းမြေ့ဧည့်ဂေဟာ ဗုံးပေါက်ကွဲ မှုကြောင့် မီးရထားရဲတပ်သား ၁ ဦးအပါအ၀င် လူ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
DVB

No comments:
Post a Comment