Tuesday, January 06, 2015

နိုင်ငံရေးဆွေးနွေးပွဲ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စားဝတ်နေရေးကို အစိုးရထောက်ပံ့မယ်


နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လတ်မှတ် ရေးထိုးပြီးတဲ့နောက် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနေချိန် အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စားဝတ်နေရေးနဲ့ စီးပွားရေး အခွင့်အလမ်းတွေကို အစိုးရက ထောက်ပံ့ပေးမယ်လို့ ဒီကနေ့ (ဇန်နဝါရီလ ၅ ရက်) မှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၂ ဖွဲ့နဲ့ သီးခြားတွေ့ဆုံပွဲမှာ နိုင်ငံတော်သမ္မတက ကတိပြုခဲ့တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တချို့က ပြောပါတယ်။

“သမ္မတနဲ့ တွေ့ဆုံမှုမှာ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်မှာပဲ တိုင်းရင်းသား လက်နက်ကိုင်တွေ ရပ်တည်ဖို့ကို နိုင်ငံတော်က စီးပွားရေး လုပ်ငန်းတွေကို ဖန်တီးပေးဖို့ ပြောပါတယ်။ တချို့လည်း စိတ်ဝင်စားတယ်။ တချို့လည်း စိတ်ဝင်စားမှု မရှိဘူး။ နောက်ပြီး အပစ်အခတ် ရပ်စဲပြီးနောက်မှာ နှစ်ဖက် စောင့်ကြည့်ရေး အဖွဲ့တွေ ဖွဲ့ဖို့လည်း သေသေချာချာ ပြောပါတယ်။ ဒါ့အပြင် တခြားအစိုးရတွေ တက်လာတယ် ဆိုရင်လည်း ငြိမ်းချမ်းရေး အုတ်မြစ်ကို ခိုင်မာစေဖို့ တည်ဆောက်သွားမယ်လို့လည်း ကတိပေးခဲ့တယ်”လို့ PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၂ ဖွဲ့ တွေ့ဆုံပွဲမှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အမြန်ဆုံး ဆောင်ရွက်ရန်၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ရန်နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် စတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေဘက်မှ တင်ပြဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထံမှ သိရှိရပါတယ်။

အဲ့ဒါအပြင် နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့တို့ ထပ်မံတွေဆုံဖို့ သဘောတူခဲ့တယ် လို့ နှစ်ဖက် အဖွဲ့အစည်းတွေဆီကနေ သိရှိရပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List