Thursday, January 08, 2015

ချာလီဟတ်ဘ်ဒို မဂ္ဂဇင်းဌာနကို တိုက်ခိုက်ခဲ့သည်ဟု သံသယရှိသူနှစ်ဦး အား ပြင်သစ်ရဲဌာန ထုတ်ဖော်ပြောကြား


ချာလီဟတ်ဘ်ဒို မဂ္ဂဇင်းဌာနကို တိုက်ခိုက်ခဲ့သည်ဟု သံသရှိသောညီအစ်ကို နှစ်ဦးတို့၏ အမည်များ အား ပြင်သစ်ရဲဌာနက ထုတ်ဖော်ပြောကြားလိုက်ပြီး ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ ရှရစ်ဖ်နှင့် ဆတ်ကွာချီတို့၏ ဓာတ်ပုံများကို ထုတ်ပြန်၍ ၎င်းတို့သည် လက်နက် ကိုင်များဖြစ်ကာ အန္တရာယ် ရှိကြောင်းနှင့် ဖမ်းဝရမ်းထုတ်ထားပြီး ဖြစ်ကြောင်း ရဲအရာရှိများက ပြောကြားလိုက်ခြင်း ဖြစ်သည်။ သံသယရှိ ထားသူ သုံးဦးအနက် တဦးလာရောက် ဖမ်းဆီးခံထားကာ အဆိုပါ နှစ်ဦးမှာ လွတ်မြောက်နေခြင်း ဖြစ်သည်။
သရော်စာများကို ရုပ်ပြကာတွန်းတို့နှင့် ချယ်မှုန်းဖော်ပြသည့် အပတ်စဉ်ထုတ် အထက်ပါ မဂ္ဂဇင်းဌာနတွင် အလုပ်လုပ်နေသော အယ်ဒီတာနှင့် ကာတွန်းဆရာ စုစုပေါင်း ၁၂ ဦး ယမန်နေ့က သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ် သည်။

ယနေ့ မွန်းတည့်ချိန်က နိုင်ငံတ၀န်းလုံးတွင် အဆိုပါ ဖြစ်စဉ်အတွက် ၀မ်း နည်း ကြေကွဲခြင်း အထိမ်းအမှတ် အဖြစ် ပြည်သူများ တမိနစ် တိတိ ငြိမ်သက်နေ ခဲ့ကြကာ ပဲရစ်မြို့ရှိ နော်တာဒိမ်း ဘုရားကျောင်းတွင်း လည်း ခေါင်းလောင်းများ ထိုးခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့တော် အရှေ့ပိုင်းတွင် အဓိက တပ်ဖြန့်၍ တညလုံး ရှာဖွေမှုများ ပြုလုပ်ခဲ့သော် လည်း ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပေ။ ပြင်သစ်နိုင်ငံသည် အကြမ်းဖက်မှု သတိပေးနှိုးဆော်ချက်များ အမြင့်မား ဆုံး ပြုလုပ်ထားရပြီး ရဲတပ်ဖွဲ့ဝင်အများအပြားကိုလည်း သတင်းမီဒီယာ ဌာနများ၊ ဘာသာရေး အဆောက်အ အုံများ၊ ခရီးသွားလာရေး ဌာနများနှင့် အခြားထိခိုက်လွယ်သည့် နေ ရာများတွင် တပ်ဖြန့်၍ လုံခြုံရေး ချထား လျက်ရှိသည်။

ယခု အကြမ်းဖက်မှု ဖြစ်စဉ်မှာ ပြင်သစ်နိုင်ငံအတွက် အယ်လ်ဂျီးရီးယား စစ်ပွဲကာလ ၁၉၆၁ ခုနှစ်နောင်ပိုင်း အဆိုးရွားဆုံး အကြမ်းဖက် ခံရမှုဖြစ်သည်။ ၂၀၁၁ ခုနှစ်က ချာလီဟတ်ဘ်ဒိုမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်၏ အမည်အား ပရောဖတ်မိုဟာမတ်ဟု ရိုက်နှိပ်ထုတ်ဝေခဲ့၍ မီးလောင်ဗုံးဖြင့် တိုက်ခိုက်မှု ခံခဲ့ရဖူးသည်။

ကျော်လင်းထွန်း
Ref: BBC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List