Friday, January 09, 2015

မောင်းသူမဲ့လေယာဉ် သုံးပြီး လုံခြုံရေးနဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်မယ်


မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် မောင်းသူမဲ့လေယာဉ် ဌာနက ကိုယ်ပိုင် သုတေသန ပြုလုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ကို လုံခြုံရေး နဲ့ ကာကွယ်စောင့်ကြည့် ထောက်လှမ်းရေး လုပ်ငန်းတွေမှာ အသုံးချနိုင်လိမ့်မယ်လို့ မောင်းသူမဲ့လေယာဉ် ဌာနမှူး ဒေါက်တာသဲမောင်မောင် က ပြော ပါတယ်။
မောင်းသူမဲ့လေယာဉ် သုတေသနဌာနက ခြောက်လကြာ သုတေသနပြုထားတဲ့ MAEU-05 UAV လေ ယာဉ်နဲ့ ၅၀၀ ကေဗီလိုင်း တောင်ငူ(ကမာနတ်)မှ ဘုရားကြီးအထိ မိုင် ၁၂၀ ကျော်ရှိ လမ်းအူကြောင်း တစ်လျှောက် ကောင်းကင် ဓာတ်ပုံ မှတ်တမ်းတွေကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအတွက် ရယူပေးနိုင် ခဲ့တယ်လို့ ဆက်လက် ပြောဆိုထားပါတယ်။

“လူနှစ်ဆယ်နဲ့ ခြောက်လလောက် အချိန်ယူရမယ့်ဟာကို ဒီလေယာဉ်နဲ့ စမ်းသပ် တိုင်းတာခဲ့တာ ခုနစ်ရက်ပဲ ကြာတယ်။ ပဲခူးရိုးမတောင်တန်းတွေနဲ့ မြစ်ကျိုး အင်းတွေပေါ် ဖြတ်ပြီး စမ်းသပ်နိုင်ခဲ့တာ” လို့ ဒေါက်တာ သဲမောင်မောင်က ပြောဆိုထားပါတယ်။

MAEU-05 UAV လေယာဉ်ရဲ့ အရွယ်အစားမှာ ကိုယ်ထည်အလျား ၂ဒသမ ၁ မီတာ၊ အတောင်ပံ အလျား ၂ ဒသမ ၇ မီတာ၊ အင်ဂျင်ပါဝါ မြင်းကောင်ရေ လေးကောင်အား၊ အမြင့်ပေ ၁၂၀၀ တွင် အကွာအဝေး ၅၀ ကီလိုမီတာအထိ ပျံသန်းနိုင်ကာ လေထဲတွင် တစ်နာရီ နေနိုင်ပြီး လေယာဉ်တွင် အသုံးပြုထားတဲ့ ပစ္စည်းတွေ ရဲ့ တန်ဖိုးမှာ ကျပ်သိန်း ၁၅၀ ခန့်ရှိတယ်လို့ သိရပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List