Friday, January 09, 2015

ပညာရေးလောကတွင် ထင်ရှားသူများအား ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များ ချီးမြှင့်


ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့က ပညာရေး လောကတွင် ထင်ရှားသည့် ဆရာကြီး ဦးသန်းဦး၊ ဦးစိုင်းအောင်ထွန်းနှင့် ဦးတင်ညိုတို့အပါအ၀င် ပုဂ္ဂိုလ်ခုနစ်ဦးအား ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ဇန်န၀ါရီ ၈ ရက်တွင် ပေးအပ်ချီးမြှင့်ခဲ့သည်။
ဦးသန်းဦး (အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ပညာရေးဖောင်ဒေးရှင်း)၊ ဦးစိုင်းအောင်ထွန်း (အဖွဲ့ဝင်၊ မြန်မာ့သမိုင်း)၊ မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးစိန်မင်းနှင့် ဒေါ်ကြည်ကြည်လှ၊ အမှုဆောင်အဖွဲ့ဝင် ဒေါ်ရီရီမြင့်နှင့် ဦးတင်ညို၊ ဒေါ်နော်ဂျူးဖော် (ပါမောက္ခ (ဌာနမှူး)၊ ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာန) တို့ကဂုဏ်ထူးဆောင်စာပေ ပါရဂူဘွဲ့များ ရရှိခဲ့ကြသည်။

‘‘မြန်မာနိုင်ငံရဲ့ ပညာရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ ဘယ်အ ခြေအနေမှာပဲကြုံကြုံ မငဲ့ကွက်ဘဲ ဆောင်ရွက်ခဲ့တယ်။ ပညာရပ် ဆိုင်ရာတွေကို ထူထောင်တည် ဆောက်ခဲ့သူများ ဖြစ်ကြတယ်။ အဲဒီလို စွမ်းစွမ်းတမံ ဆောင်ရွက် ပေးခဲ့တဲ့ ဆရာကြီးတွေ ကို အထူးဂုဏ်ပြုချင်တာက ကျင်းပဖြစ်တဲ့အကြောင်းရင်းပါ’’ ဟု ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူ က ပြောကြားသည်။

ဂုဏ်ထူးဆောင်စာပေပါရဂူ ဘွဲ့ကို တာဝန်ယူထမ်းဆောင်ခဲ့ သည့် ပညာရပ်၊ ဘာသာရပ်တို့ တွင် ထူးချွန်ထက်မြက် ထင်ရှား ကျော်ကြားသူဖြစ်ခြင်း၊ မဟာဘွဲ့ နှင့် ပါရဂူဘွဲ့သင်တန်းများတွင် ကောင်းစွာ သင်ကြားနိုင်စွမ်းရှိ သော အရည် အချင်းများနှင့် ပြည့် စုံသူဖြစ်ခြင်း၊ ပြည်တွင်း၊ ပြည်ပ တို့တွင် ပညာရပ်ဆိုင်ရာ၊ ဘာ သာရပ်ဆိုင်ရာ သုတေသနနှင့် ပတ်သက်၍ ကျော်ကြားထင်ရှား အသိအမှတ်ပြုခံရသူဖြစ်ခြင်း အ အပါအ၀င် အချက်ငါးချက်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်များကို ရန် ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ နှင့် ပညာရေး အဖွဲ့များက ချီးမြှင့်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဂုဏ်ထူးဆောင်စာပေပါရဂူ ဘွဲ့ကို ရန်ကုန်တက္ကသိုလ် တည်ထောင်ပြီးသည့် ၁၉၂၀ ပြည့်နှစ်မှ စတင်ပေးအပ်ခဲ့ပြီး မြန်မာ အမျိုးသားများအနက် ဘွဲ့ချီးမြှင့်ခံရသူ ၁၆ ဦး ပေါ်ထွက်ခဲ့သည်။

ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များ ချီးမြှင့်သောအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ −ဇော်မျိုးလှိုင်)
7Day Daily

No comments:

Post a Comment

My Blog List