Monday, January 05, 2015

ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာနှစ်ခုအကြား ဘာသာရေးဆိုင်ရာနှီးနှော ဖလှယ်ပွဲပြုလုပ်ခဲ့ခြင်းအပေါ် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ကြိုဆိုထောက်ခံ


သီတဂူဆရာ တော်ဘုရားကြီး၏ အီရန်နိုင်ငံခရီးစဉ်တွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာနှစ်ခုအကြား ဘာသာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲပြုလုပ်ခဲ့ခြင်း အပေါ် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ကြိုဆိုထောက် ခံခဲ့ကြောင်း သိရသည်။

အဆိုပါဘာသာနှစ်ခု နှီးနှောဖလှယ်ပွဲကို အီရန်နိုင်ငံယဉ်ကျေးမှုနှင့် ဆက်ဆံရေး ဝန်ကြီးဌာန၏ ဖိတ်ကြား ချက်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင် အဓိကဆွေးနွေး ခဲ့သည့်အကြောင်းအရာမှာ အစွန်း ရောက်မှု၊ အကြမ်းဖက်မှု များကို အစ္စ လာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်တို့ နှစ်ခုပေါင်းကာ မည်ကဲ့ သို့ပူး ပေါင်းအဖြေရှာကြမည်နည်းဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြ သည်။ ယင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံကိုယ် စားပြုအဖြစ် သီတဂူဆရာတော်ဘု ရားကြီး၊ ထိုင်းနိုင်ငံကိုယ်စားပြုအ ဖြစ် Phra Khru Winbulph atthanakit နှင့် သီရိလင်္ကာနိုင်ငံကိုယ်စား ပြုအဖြစ် နိုင်ငံတကာဗုဒ္ဓဘာသာ လေ့ လာရေးဌာနမှ ဒါရိုက်တာ ပရော်ဖက် ဆာ ဒေါက်တာဣန္ဒာစာရ အပါအဝင် သီရိလင်္ကာနိုင်ငံ သမ္မတ၏အကြံ ပေး ဆရာတော် ဓမ္မသာမိတို့ တက်ရောက်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲနှင့် ပတ်သက် ပြီး မဘသဥက္ကဋ္ဌ အင်းစိန်ရွာမကျောင်းတိုက် ဆရာတော်ကြီး ကလည်း ''ဒီလိုမျိုး ဆွေးနွေးပွဲတွေ လုပ်တာကို ဘုန်းဘုန်းတို့ အနေနဲ့ ကြို ဆိုပါတယ်။ ဘုန်းဘုန်းတို့အားလုံးကလဲ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်ဖို့ လုပ်နေကြတာ။ ဒါပေမဲ့ အချို့သောကိစ္စတွေမှာကျတော့ ဘာ သာတရား ထိခိုက်မှုတွေရှိလာတယ်။ ဒါတွေကတော့ မကောင်းဘူးပေါ့'' ဟု မိန့်ကြားသည်။ 

အဆိုပါဆွေးနွေးပွဲကိုတက်ရောက်ရန် သီတဂူဆရာတော်နှင့် အဖွဲ့သည် ဒီဇင်ဘာ ၂၉ရက်က ရန်ကုန်မှ ထွက်ခွာသွားပြီး ၃ဝရက် နံနက်ပိုင်းမှစတင်ကာ ၃၁ရက်အ ထိ အီရန်နိုင်ငံ တီဟီရန်မြို့တွင် ဆွေး နွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် ဘာသာ နှစ်ခုကြား သဘောတူညီချက် ၁၂ ချက်ထုတ်ပြန် နိုင်ခဲ့ကြောင်း သိရသည်။ 

ယင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ မန္တလေး မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးဝီရသူက''သီတဂူဆရာ တော်ဘုရားကြီးရဲ့ အခုဆွေးနွေးပွဲက ငြိမ်းချမ်းရေး လမ်းစပဲ။ ဒီလိုဆွေး နွေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မယ်ဆိုရင် တစ်နိုင်ငံ နဲ့တစ်နိုင်ငံအကြား၊ လူမျိုးတစ်စုနှင့် တစ်စုအကြား၊ ဘာသာတစ်ခုနဲ့ တစ် ခုအကြားမှာ အမြင်ရှင်းသွားတာပေါ့။ ဆရာတော်တို့ကတော့ ထောက် ခံကြိုဆိုပါတယ်''ဟု ပြောသည်။

အဆိုပါအချက်များမှာ ကမ္ဘာ ပေါ်၌ဖြစ်ပွားနေသောဆူပူသောင်းကျန်းခြင်းနှင့် အစွန်းရောက်ခြင်းတို့ ကို ဗုဒ္ဓဘာသာနှင့်အစ္စလာမ်ဘာသာဝင်တို့ပူးပေါင်း ၍လက်တွဲကာကွယ် ရန်နှင့်ဘာသာကြီးနှစ်ခုတို့ငြိမ်းချမ်းစွာ အတူတကွ လက်တွဲနေထိုင်ရန်၊ ဘာသာရေးဂိုဏ်းဂဏအားလုံးနှင့် ဘာသာတရား အားလုံးတို့၏အဆုံး အမများနှင့်ယုံကြည်မှုများကို အပြန်အလှန် ရိုသေလေး စားကြရန်၊ ဘာသာရေးအဖွဲ့အစည်းတစ်ခုခု ၏ အမည်(သို့မဟုတ် ) ဘာသာ တရားတစ်ခုခု၏ အမည်ကိုအသုံးပြု၍လွန်ကြူးသည့် မည်သည့် အစွန်းရောက် ခြင်းဆူပူသောင်းကြမ်းခြင်းမျိုးကိုမဆို ရုတ်ချကန့်ကွက်ကြောင်း၊ မည်သည့် ဘာသာတရားနှင့်ဘာသာရေး အဖွဲ့ အစည်းတို့ကလူသားတို့၏ ဘဝကို ခြိမ်းခြောက်ခြင်းမျိုးရှိလာပါက စု ပေါင်းကာကွယ်ဖြေရှင်းပေးရန်၊ ဘာ သာနှစ်ခု၏ချစ်ခင်ရင်းနှီးမှု၊ ယုံကြည် ကိုးကွယ်သူအချင်းချင်း၏ချစ်ခင် ရင်းနှီးမှု၊ ဘာသာရေးအဖွဲ့ အစည်းတို့ ၏ချစ်ခင်ရင်းနှီးမှုတို့ကိုနှောင့်ယှက်လာသော မည်သည့်ပြဿနာမျိုးမဆို ဘာသာနှစ်ခုပူးပေါင်း ဖြေရှင်းရန်၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာနှင့် အထူးသဖြင့် ဘာသာဝင်လူငယ်များကို ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာ သာရေးခေါင်းဆောင်များက ပညာရေးနှင့်လူမှုရေးများလက်တွဲ လုပ်ဆောင်ပေး ဖို့ ပြင်ဆင်ထားရန်၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနှင့် ထိုဘာသာဝင်များကို ခြိမ်းခြောက်နေသည့် ပြသနာများအတွက်ဘာသာ နှစ်ခုတို့က လက်တွဲအဖြေရှာ ရန်၊ ဘာ သာရေးနှင့်လူသားတို့၏ ဘဝတန် ဖိုးနှင့်ဂုဏ်သိက္ခာကိုထိခိုက်စေသည့် အပြုအမူများကို လက်တွဲကာကွယ် စောင့်ရှောက်ရန်၊ လူငယ်များနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ဘာသာရေး၊ ယဉ်ကျေးမှုနှင့်ပညာရေး စီမံချက်များကို လက်တွဲပြင် ဆင်ပေးရန်၊ ဘာသာတရားအားလုံးနှင့်ပဋိပက္ခ မရှိငြိမ်းချမ်းစွာအတူလက် တွဲနေထိုင်သွားကြရန်၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာတို့ အပြန်အ လှန်ချစ်ကြည်ရင်းနှီးမှုနှင့်နားလည်မှုပိုမိုကောင်း မွန်ရေးအတွက် ပညာရေးဖလှယ်မှုများပြုလုပ်ရန်နှင့် ဘာသာတရားနှစ်ခု အပြန်အလှန်ဆက် သွယ်ရေး၊ ပညာရေးနှင့်လူမှုလုပ်ငန်းများ ပူးတွဲဆောင် ရွက်ရေးတို့ပိုမို ရင်းနှီးနီးစပ်လာအောင် ဆောင်ရွက်ကြရန် စသည်တို့ ကို နှစ်ဘာသာသဘောတူထုတ်ပြန်ခဲ့ကြသည်။

OKH
#Democracytoday

No comments:

Post a Comment

My Blog List