Monday, January 05, 2015

လက်ဝါး လှုပ်ရှားမှု မြန်မာနိုင်ငံမှာ စတင်


လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် လက်ဝါး လှုပ်ရှားမှုကို ဇန်န၀ါရီလ ၄ ရက်နေ့ မြန်မာနိုင်ငံရဲ့ ၆၇ ကြိမ်မြောက် လွတ်လပ်ရေး နေ့မှာ စတင်လိုက်တယ်လို့ သိရပါတယ်။ လက်ဝါးလှုပ်ရှား မှုဆိုတာ အကျဉ်းထောင်တွေထဲ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံနေရ သူတွေရဲ့ အမည်နာမတွေကို လက်ဝါးပြင်မှာရေးထိုးပြီး သူတို့ လွတ်မြောက်ရေး တောင်းဆိုတဲ့ လှုပ်ရှားမှုပါ။ 

ဒီမိုကရေစီ ဖော်ဆောင်နေတယ်ဆိုတဲ့ အစိုးရလက်ထက်မှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိရတော့ဘူး လို့ သမ္မတ ဦးသိန်းစိန်က ပြောဆိုထားခဲ့ပေမယ့် မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်း သားတွေ ယနေ့ အထိ ရှိနေဆဲဖြစ်တာကို မီးမောင်းထိုးပြပြီး ကျန်ရှိ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူမှုရေး နိုင်ငံရေးနယ်ပယ်က ထင်ရှားသူတွေက အခု လက်ဝါး လှုပ်ရှားမှုကို ပူးပေါင်း ပါဝင်နေကြပါတယ်။ 

“ကျွန်ုပ်လွတ်မြောက်လာသော်လည်း ကျွန်ုပ် မ လွတ်လပ်ပါ” ဟူသည့် သတင်းစကားနှင့် မြန်မာနိုင်ငံ ၏ နိုင်ငံရေး အကျဉ်းသား ပြဿသနာကို ၂၀၁၀ ဓါတ်ပုံလှုပ်ရှားမှုနဲ့ နိုင်ငံတကာသို့ အသိပေးတင်ပြခဲ့ဖူးပါ တယ်။ 

 နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးနေတဲ့ AAPP –B က ဦးဆောင်သူ တဦးဖြစ်သူ ဦးဘိုကြည်က “လွတ်လပ်ခြင်း ဟူသည် ထောင်မှလွတ်မြောက်ခြင်း သက်သက်သာမဟုတ်ပဲ နိုင်ငံရေး လွတ်လပ်ခွင့် များ၊ ပြည်သူ့အခွင့်အရေးများ လေးစားအသိအမှတ်ပြုမှု ရှိမှ၊ နိုင်ငံရေးအကျဉ်းသားများ လုံးဝမရှိတော့မှ သာ မြန်မာပြည်သည် အမှန်တကယ်လွတ်လပ်သော နိုင်ငံတစ်ခု အနေအထားသို့ ရောက်ရှိမှာဖြစ်တယ် လို့ ပြောထားပါတယ်။ 

အခုလို လက်ကျန် နိုင်ငံရေး အကျဉ်းသား လှုပ်ရှားမှု လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး စစ်တပ်က အရာ ရှိဟောင်း ဗိုလ်မှူး ဝင်းနိုင်ကျော်ရဲ့ ဇနီးကတော့ ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး လုပ်ဆောင်သူတွေကို အရမ်း ကျေးဇူးတင်တယ် လို့ပြောဆိုထားပြီး  အမေ့ခံတွေအဖြစ် ရှိနေခဲ့ရာက အားငယ်ခဲ့ရတယ်လို့ လည်း ပြော ဆိုထားပါတယ်။ 

အခုလို သတိတရ လက်ကျန်နိုင်ငံရေး အကျဉ်းသားလှုပ်ရှားမှုကြောင့် မိသားစုကလည်း အားတက်ရတယ် လို့ သူက ဆိုပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment

My Blog List