Wednesday, January 07, 2015

တပ်မတော်က အခြေခံဥပဒေပြင်ရေး လုံးဝလက်မခံဟု မပြောကြောင်း ကာချုပ်ဆို



ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် ဥပဒေ၌ ဖော်ပြထားသည့် ပြင်ဆင်ရန် အချက်များနှင့်အညီ အများဆန္ဒအရ ပြင်ဆင်ရမည်ဖြစ်ပြီး တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကို လုံးဝလက်မခံဟု မပြောကြောင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောကြားသည်။
ဇန်န၀ါရီ ၅ ရက်က ပြင်သစ် သံအမတ်ကြီး၊ ကိုယ်စားလှယ် အဖွဲ့တို့နှင့် တွေ့ဆုံစဉ် ကာကွယ် ရေးဦးစီးချုပ်က အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်သံအမတ်ကြီးက မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခပြ ဿနာ၊ ငြိမ်းချမ်းရေးနှင့် အပစ်အ ခတ်ရပ်စဲရေးဆွေးနွေးမှုအခြေအ နေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထား တို့ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံအတွက် ဖွဲ့ စည်းပုံအခြေခံဥပဒေခိုင်မာရန် လိုအပ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရန်မှာ အခြေခံဥပဒေအခန်း (၁၂) တွင် ဖော်ပြထားသည့် ပြင်ဆင်ရန်အကြောင်း အချက်များနှင့်အညီ အများဆန္ဒအရ ပြင်ဆင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် နိုင်ငံရေးအကျပ်အ တည်းကိုလည်း ဥပဒေနှင့်အညီ အပြုသဘောဆောင်သည့် တွေ့ဆုံ ဆွေးနွေးမှုများဖြင့် ဖြေ ရှင်းနေ ကြောင်း ကာကွယ်ရေးဦးစီးချုပ် က ပြောကြားသည်။ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ၊ မြန်မာနိုင်ငံကို လိုနီလက်အောက်ရောက် ကတည်းက တိုင်းရင်းသားအရေး၊ အယူဝါဒအရေး၊ ဘာသာရေးနှင့်လူပုဂ္ဂိုလ်အရေးအယူအဆ ကွဲပြားမှုများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အလွန်ရှုပ်ထွေးကြောင်းနှင့် လက်ရှိတွင် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး ဆိုင်ရာ သဘောထားခြောက်ချက်ကို အလေးထားလုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း ကာချုပ်ကပြောကြားသည်။

သို့ရာတွင် ဒေါ်အောင်ဆန်း စုကြည်တောင်းဆိုသည့် လေးပွင့် ဆိုင်တွေ့ဆုံမှု၊ ပြည်ထောင်စု လွှတ်တော်က အရေးကြီး အဆို တင်အတည်ပြုထားသည့် တိုင်း ရင်းသားကိုယ်စားလှယ်တစ်ဦးပါ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို ကာကွယ်ရေး ဦးစီးချုပ်က လက်မခံကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU နှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

သို့သော် ရန်ကုန်တိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တို့က တိုင်းရင်းသား လူမျိုးစုအသီးသီးကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များပါဝင် သော ၁၂ ပွင့်ဆိုင်တွေ့ဆုံရေးပြုလုပ်ရန် အဆိုပြုတိုက်တွန်းထား သည်။

နိုင်ငံရေးအကျပ်အတည်း ကို ဖြေရှင်းရန် အပြုသဘော ဆောင်သည့် တွေ့ဆုံမှုများဖြင့် ဖြေရှင်းဆွေးနွေးနေကြောင်း ကာချုပ်က ပြောကြားသော်လည်း သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့သည့် ပထမဆုံးအကြိမ် နိုင်ငံရေးအစုအ ဖွဲ့ ငါးဖွဲ့ (၁၄ ပွင့်ဆိုင်)တွေ့ဆုံမှု မှာမူ အစိုးရက ဟန်ပြသက်သက် ပြုလုပ်ခဲ့ခြင်းသာဖြစ်ပြီး တကယ့် အကျပ်အတည်း ပြဿနာများ ကို ထင်ဟပ်ဖြေရှင်းနိုင်ခြင်းမရှိ ကြောင်းတက်ရောက်ခဲ့သူအများစုက သုံးသပ်ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံအတွက် အဖြစ်သင့်ဆုံးမှာ နိုင်ငံရေးတွင် အဓိကကျသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး နိုင်ငံ ရေးအကျပ်အတည်းကို ၀ိုင်းဝန်း အဖြေရှာခြင်းသာဖြစ်ကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာ ရန်မျိုးသိမ်းက ပြော သည်။

‘‘လွှတ်တော်ပြန်စတဲ့အခါ မှာ ဒီခြေဥပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်ကိစ္စအတွက် သမ္မတက သ၀ဏ် လွှာပါးရတော့မယ်။ ခန့်မှန်းရသ လောက်တော့ အခြေခံဥပဒေမှာ လွှတ်တော်အတွင်း အများစုနေ ရာယူထားတဲ့ သူတွေ လိုလားတဲ့ ပုဒ်မတွေသာ ပြင်ဆင်နိုင်ပြီး ကျန် တဲ့ ၄၃၆ အပါအ၀င် ပြည်သူလို လားတဲ့ ဥပဒေတွေကတော့ ပြင် နိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါ ကြောင့် တွေ့ဆုံဆွေးနွေးမှုကနေ အဖြေတစ်ခုထွက်လာရင် လူထု ကလည်း ဒီအဖြေကို စောင့်ဆိုင်း ဖို့ စိတ်ရှည်လိမ့်မယ်လို့ မြင်တယ်’’ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဓိကကျပြီး အရေးကြီးသည့် ပုဒ်မများ ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်၌ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှုရရှိမှသာ လူထုဆန္ဒခံယူပွဲကျင်းပ၍ ပြင်ဆင်နိုင်သည်ဆိုသည့် ပုဒ်မ ၄၃၆ ကြောင့်လွှတ်တော် အတွင်း ၂၅ ရာခိုင်နှုန်းရှိနေသော တပ်မတော်သားကိုယ် စားလှယ်အနည်းဆုံးတစ်ဦး၏ ထောက်ခံမှု ရရှိရန်လိုအပ်သည်။ သို့သော် ထိုပုဒ်မကို မပြင်လို ကြောင်း တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များက ပြည် ထောင်စုလွှတ်တော်တွင် ဆန္ဒပြု ခဲ့ပြီး ဖြစ်သည်

7Day Daily

No comments:

Post a Comment

My Blog List