Tuesday, January 06, 2015

မြန်မာနိုင်ငံ၏ ပထမဆုံး ရဟန်းအမတ်အဖြစ် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ဆရာတော် ရွေးခံရ


မြန်မာနိုင်ငံမှ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ဆရာတော် ချားစ်ဘိုအား နှစ် ၅၀၀ အတွင်း ရဟန်းအမတ် (ကာဒီနယ်)အဖြစ် ပထမဆုံးအကြိမ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်ဟု စိန့်အန်ထော်ဏီ ဘုရား ကျောင်း၏ ကျောင်းထိုင်တစ်ပါးဖြစ်သူ ဘုန်းတော်ကြီး ဂျိုးဇက်မောင်ဝင်းက မဇ္ဈိမကို ဇန်နဝါရီ ၅ ရက်တွင် ပြောသည်။

ဇန်နဝါရီ ၄ ရက်က အီတလီနိုင်ငံ၊ ရောမမြို့ရှိ ဘုရားကျောင်းတွင် နေ့လယ်မွန်းတည့်ချိန် (မြန်မာစံတော်ချိန် ညနေ ၅ နာခွဲခန့်) ၌ ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပွဲအပြီး မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်းစုံမှ ရဟန်း အမတ် ၂၀ကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ၂၀ ဦးတွင် လက်ရှိ သာသနာတွင် လှုပ်ရှားနေသူ အသက် ၈၀ နှစ်အောက် ရဟန်းအမတ် ၁၅ ဦးနှင့် အသက် ၈၀ နှစ်အထက် အနားယူထားသည် ပုဂ်္ဂိုလ် ငါးဦးကို ရွေးကောက်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် ကက်သလစ် အသင်းတော် ရောက်ရှိခြင်း နှစ် ၅၀၀ ဂျူဗလီပွဲတွင် ပုပ်ရဟန်းမင်းကြီး၏ အကြံပေး ရဟန်းအမတ်တစ်ပါးကို စေလွှတ်ခဲ့သည်။

ဘုန်းတော်ကြီး ဂျိုးဇက်မောင်ဝင်းက “ရဟန်းအမတ်တွေ မြန်မာပြည် လာကြည့်တော့ သာသနာတိုးတက်မှု၊ သာသနာစည်း ရုံးမှုတွေကို ကြည့်ပြီး ရဟန်းမင်းကြီး ကိုယ်စား ရဟန်းတစ်ပါးရှိသင့်ပြီထင်လို့ ရွေး ကောက် တယ်လို့ ခန့်မှန်းရတယ်”ဟု ပြောသည်။

အဆိုပါ ရဟန်းအမတ်သည် ရဟန်း မင်းရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဝင် နိုင်ခြင်းနှင့် ရဟန်းမင်း ရွေးကောက်ပွဲတွင် မဲထည့်နိုင်သည့် အခွင့်အရေးများ ရရှိနိုင်သည်။ လက်ရှိပုပ်ရဟန်းမင်းကြီး လက်ထက် တွင် ရဟန်းအမတ်များကို ဒုတိယမြောက် ရွေးကောက်ခြင်း ဖြစ်သည်။

ဘုန်းတော်ကြီး ဂျိုးဇက်မောင်ဝင်းက “ဘာသာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းရေး အဖွဲ့နဲ့ရော ကက်သလစ် အသင်းတော်က ပူးတွဲ လုပ်ဆောင်နေတာလည်း ရှိတယ်။ ကွဲပြားနေတဲ့ ခရစ်ယာန်များ အားလုံးနဲ့လည်း အတူတကွ လက်တွဲလုပ်ဆောင်ခြင်းရှိတယ်။ ကာဒီနယ် တစ်ပါးရလာခြင်းကတော့ မြန်မာပြည်အတွက်ကို ပုပ်ရဟန်းမင်းနဲ့ ပိုမိုနီးစပ်နိုင်တဲ့ အခြေအနေပေး လာခြင်းလို့ မြင်တယ်။ မြန်မာပြည်အရေး အချိန်မရွေး ဆွေးနွေးတိုင်ပင် ညှိနှိုင်းလို့ရမယ်”ဟု ပြောသည်။

ဘာသာပေါင်းစုံငြိမ်းချမ်းရေးအမြုတေ အဖွဲ့ဝင် အလ်ဟြဟ် ဦင်္းအေးလွင်က“သူက ထိုက်ထိုက်တန်တန် ရတယ်။ သူက သီလ၊ သမာဓိနဲ့ ပြည်စုံ တဲ့ ပုဂ်္ဂိုလ်ဖြစ်တယ်။ သူနဲ့ အယူချင်းမတူတဲ့ သူတွေပေါ်မှာ အင်မတန် သဘောထားကြီးတယ်။ မတူကွဲပြားမှုကို ကောင်းကောင်း လက်ခံမှုပေးတယ်”ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၃ ရက် အထိ တစ်ကမ္ဘာလုံးရှိ ရဟန်းအမတ်များကို အီတလီနိုင်ငံ၌ တွေ့ဆုံ ရန် ပုပ်ရဟန်းမင်းကြီးက ဖိတ်ကြား ထားပြီး ၁၄ ရက်တွင် ရွေးကောက်ခဲ့သည့် ရဟန်းအမတ်အသစ် များကို တွေ့ဆုံမည်ဖြစ်ကာ ၁၅ ရက်တွင် ရဟန်းအမတ် ဝတ်စုံ အဆောင်အယောင် များကို ပုပ်ရဟန်း မင်းကြီးက အပ်နှင်းပေး သွားမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List