Friday, January 09, 2015

ရာသီဥတု ဆိုးရွားမှုကြောင့် အဲအေးရှား လေယာဉ်အမြီးပိုင်း ဆယ်ယူရေး အခက်ကြုံ






ဂျာဗားပင်လယ်ထဲကို ပျက်ကျသွားတဲ့ အဲအေးရှားလေယာဉ်အမြီးပိုင်းကို မနေ့က ရေငုပ်သမားတွေ ဆယ်ယူဖို့ ကြိုးစား ခဲ့ကြပေမယ့် ရာသီဥတုဆိုးရွားပြီး ပင်လယ်ရေစီးကြမ်းတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ အင်ဒိုနီးရှား အာဏာပိုင်တွေ က ပြောပါတယ်။

ဇန်န၀ါရီ ၇ ရက်နေ့က လေယာဉ်အမြီးပိုင်းကို အဝေးထိန်းရေငုပ်ရှာဖွေရေး ယာဉ်နဲ့ ရှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။

လေယာဉ်အမြီးပိုင်းဟာ အတော့်ကို ပျက်စီးနေပြီး ကြမ်းခင်းအောက်လည်း နစ်နေတာကြောင့် ဆယ်ယူရေးအခက်အခဲ ရှိနိုင်တယ်လို့ ဆယ်ယူရေးအာဏာ ပိုင်တွေက ယုံကြည်ထားကြပါတယ်။

အဲအေးရှားလေကြောင်းလိုင်း ၈၅၀၁ ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာရာလေဆိပ်ကနေ စင်ကာပူနိုင်ငံကို ပျံသန်းရင်း မုန်တိုင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ပျက်ကျသွားခဲ့ရတာပါ။ အဲအေးရှားအမှတ်တံဆိပ်ပါ လေယာဉ်အမြီးပိုင်းဟာ ရေအနက် ပေ ၁၀၀ လောက်မှာ နစ်မြုပ်နေတာပါ။

ကနနီးရှာဖွေခဲ့တဲ့နေရာနဲ့ ၁၉ မိုင်အကွာမှာ လေယာဉ်အမြီးပိုင်းကို တွေ့ရှိခဲ့ တာဖြစ်ပြီး ပင်လယ်ရေစီးကြမ်းခဲ့လို့ ထင်သလောက် ခရီးမပေါက်ခဲ့တာပါ။

ဇန်န၀ါရီ ၈ ရက်နေ့မှာ ခရီးသည်အလောင်းတလောင်း ထပ်မံဆယ်ယူနိုင် ခဲ့တာကြောင့် ဆယ်ယူရရှိတဲ့ ရုပ်အလောင်း အားလုံး ၄၁ လောင်း ရှိသွားပြီဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ ရုပ်အလောင်းတွေ လေယာဉ်ပျက်ထဲမှာပဲ တွေ့ရှိလိမ့်မယ်လို့ ရှာဖွေကယ်ဆယ်ရေးတွေက ယုံကြည်နေကြပေမယ့် အတိအကျရှာတွေ့ဖို့တော့ လိုနေပါသေးတယ်။

နိုင်ငံတကာက သင်္ဘော အစီး ၃၀ နဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြပြီး ရာသီဥတု ဆိုးဝါးမှုက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို အဓိက အဟန့်အတားဖြစ်စေခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List