Tuesday, January 06, 2015

စာရွက်စာတမ်းအတု ပေါက်ကြားစေမှုဖြင့် တောင်ကိုရီးယား သမ္မတ၏အကြံပေး ဟောင်းတစ်ဦး တရားစွဲခံရ


တောင်ကိုရီးယားသမ္မတ၏ အကြံပေးဟောင်းတစ်ဦးကို သမ္မတ ၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက် များ ပေါက်ကြားစေမှုဖြင့် တရားစွဲ ထားကြောင်း အစိုးရရှေ့နေများ၏ တနင်္လာနေ့ပြောကြားမှုကို AFP သတင်း တွင် ဖော်ပြထားသည်။

တရားစွဲခံရသည့် အကြံပေး ဟောင်းချိုအန်ချုံသည် လွန်ခဲ့သော လတွင်မှ ရာထူးမှ နုတ်ထွက်သွား သူဖြစ်ပြီး ၄င်းကို သမ္မတပတ်ဂွမ်ဟေး ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ ရေးသားထားသည့် စာရွက်စာတမ်း ပေါက် ကြားစေမှုဖြင့် တရားစွဲထား ကြောင်း အစိုးရရှေ့နေဖြစ်သူ ယိုဆန် ဘန်က ပြောသည်။ 

ထို့အပြင် ပေါက်ကြားခဲ့သော အချက်အလက် များသည် ကောလာဟလများသာ ဖြစ်သည်ဟု ယင်းကပြော သည်။ 

ထိုစာရွက်စာတမ်းပေါက်ကြား မှုကြောင့် သမ္မတပတ်ဂွမ်ဟေး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် သတင်း များ ပြည်တွင်းသာမက ပြည်ပမီဒီယာများ၌တွင်လည်း ပေါ် ပေါက်ခဲ့သည်။ 

ထိုစာရွက်စာတမ်းများကို သမ္မတ ရုံးတွင် အမှုထမ်းသည့် ရဲအရာရှိ တစ်ဦးက ရေးသားခဲ့ခြင်းဖြစ်ပြီး ၄င်းက ယင်းကို စီးပွားရေးသမား တစ်ဦးထံသို့ ပေးခဲ့သည်။ ထိုစီးပွား ရေးသမားမှတစ်ဆင့် မီဒီယာများ ထံသို့ ပေါက်ကြားခဲ့ခြင်းလည်း ဖြစ် သည်။ 

ယင်းကြောင့် ထိုရဲအရာရှိ၊ ချိုအန်ချုံနှင့် အခြားပတ်ဂွမ်ဟေး ၏ အကြံပေး တစ်ဦးတို့ကိုပါ ဖမ်းဆီး ထားသည် ဟု သိရသည်။ ထို့အပြင် ပေါက်ကြားမှုသည် လုပ်ကြံဇာတ်လမ်း များသာဖြစ်သည်ဟုလည်း သမ္မတ အိမ်ဖြူတော်က ပြောသည်။

တောင်ကိုရီးယားအစိုးရသည် လွန်ခဲ့သောသီတင်းပတ်များကလည်း သြဂုတ်လတွင် ရေးသားခဲ့သည့် သမ္မတပတ်ဂွမ်ဟေးအား ဂုဏ်သိက္ခာ ကျစေသည့် ဆောင်းပါးအတွက် ဂျပန်ဂျာနယ်လစ်တစ်ဦးကို အမှုဖွင့် စစ်ဆေးခဲ့သည်ဟု သိရသည်။

Ref: AFP
Democracytoday

No comments:

Post a Comment

My Blog List