Thursday, January 08, 2015

ပဲရစ်မြို့ရှိ သတင်းစာတိုက် တိုက်ခိုက်ခံရပြီး လူ ၁၂ ဦး သေ၊ ခုနစ်ဦး ဒဏ်ရာရ


ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အပတ်စဉ်ထုတ် သရော်စာ သတင်းစာတိုက်သို့ မျက်နှာဖုံးစွပ် နှစ်ဦးက ဝင်ရောက် တိုက်ခိုက်ရာ လူ ၁၂ ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့ကာ ပစ်ခတ်သူကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြ သည်။


သေဆုံးသူများတွင် ထိပ်တန်းသတင်းထောက်များနှင့် နှစ် ဦးက ရဲအရာရှိများဖြစ်ပြီး ဒဏ်ရာရသူ လေးဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း အာဏာပိုင်များ က ထုတ်ဖော်ပြောဆိုသည်။ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲခန့်တွင် ခေါင်းစွပ်ပါသည့် အပေါ်အင်္ကျီ အနက်ရောင်ဝတ်ဆင်ပြီး မျက်နှာဖုံးစွပ်ထားသူနှစ်ဦးက အော် တိုမက်တစ်ရိုင်ဖယ်ကိုင်ဆောင်ပြီး Charlie Hebdo အပတ်စဉ်ထုတ် သရော်စာ သတင်းစာတိုက် အဆောက် အအုံထဲဝင်လာကြောင်း၊ မိနစ်အနည်းငယ်အကြာတွင် ပစ်ခတ်သံများစွာကြားရပြီးနောက် ၎င်းတို့ထွက်ပြေး သွားကြကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

အခြားမျက်မြင် သက်သေများက အနက်ရောင် ၀တ်ဆင်ထားသူ သုံးဦးက ရဲများနှင့် အပြန်အလှန် ပစ်ခတ်မှု များဖြစ်ပေါ်ပြီးသည့်နောက် ကားတစ်စီးနှင့် ထွက်ပြေးသွားကြကြောင်း ပြောသည်။ယင်းကားကိုလည်း ပြန်
ပေး ဆွဲသွားသည်ဟု ယူဆရသည်။

သေဆုံးသူများတွင် အယ်ဒီတာချုပ်နှင့် နာမည်ကြီး ကာတွန်းဆရာလေးဦးပါဝင်ပြီး ၎င်းတို့သည် အစ္စလာမ် အကြမ်းဖက်သမားများနှင့် တမန်တော် မိုဟာမက်တို့ကို လှောင်ပြောင်ရေးဆွဲခဲ့သူများဖြစ်သောကြောင့် ယခုပစ်ခတ်မှုသည် အစ္စလာမ် အကြမ်းဖက်အုပ်စုနှင့် ပတ်သက်နေမည်ဟု ယူဆကြသည်။

သတင်းတိုက် စောင့်ကြပ်သူ ရဲအရာရှိကို ပထမဆုံး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး လက်နက်ကိုင်များ ထွက်ပြေးချိန် ရုံးပြင်ပ တွင် ထပ်မံပစ်ခတ်ရာ နောက်ရဲအရာရှိတစ်ဦး သေဆုံးသွားခဲ့သည်။ အင်တာနက်၏ လူမှုကွန်ရက်ပေါ်၌ တင်ထားသည့် ဗီဒီယိုတွင် လက်နက်ကိုင်ထားသူ တစ်ဦးက လမ်းမပေါ် လဲနေသော ရဲအရာရှိခေါင်းကို ပစ်ခတ်နေပုံကို တွေ့ရသည်။ ပစ်ခတ်သူများကို ဖမ်းဆီးရမိခြင်းမရှိသေးသော်လည်း ၎င်းတို့ ထွက်ပြေးသွားသည့် အနက်ရောင် Citroen C3 ကားကို ပဲရစ်မြို့ပြင်ပတွင် တွေ့ရှိရပြီး သဲလွန်စ ရှာဖွေစစ်ဆေးနေဆဲဖြစ်သည်။

ပြင်သစ်သမ္မတ ဖရန်စစ်ဟော်လန်ဒီက ဤတိုက်ခိုက်မှုကို အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုအဖြစ် ချက်ချင်းကြေညာလိုက်ပြီး လွတ်လပ်သည့် သတင်းမီဒီယာအပေါ် တိုက်ခိုက်ခြင်းဖြစ် ကြောင်း ပြောဆိုသည်။
တစ်နိုင်ငံလုံးကို အမြင့်ဆုံးအဆင့် တပ်လှန့်ထားပြီး အစိုးရအဖွဲ့ အပေါ်ပေါ် အစည်းအဝေး ခေါ်ယူနေသည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အကြမ်းဖက်သမားများ တိုက်ခိုက်ဖွယ်ရှိကြောင်း သတင်းများအရ
ပြင်သစ်နိုင်ငံအတွင်း တပ်လှန့်ထားပြီးဖြစ်ကြောင်းလည်း ၎င်းကပြောကြား လိုက်သည်။

လတ်တလောတွင် ယခုလုပ်ရပ်အတွက် တာဝန်ရှိကြောင်းပြောဆိုခြင်းများ မရှိသေးသော်လည်း အကြမ်း ဖက်အုပ်စုနှင့် ဆက်စပ်နေသည့် အင်တာနက် ၀က်ဘ်ဆိုက်နှင့် တွစ်တာများတွင် ယင်းဖြစ်ရပ်ကို ကောင်း ချီးပေး ရေးသားမှုများ တွေ့နေရသည်။

ဘာသာရေးအဆောက်အ အုံများ၊ သတင်းတိုက်များနှင့် ဆက်သွယ်ရေးဌာနများတွင် လုံခြုံရေးများ တိုးမြှင့်ချထားပြီး လက်နက်ကိုင်များကို ရှာဖွေနေစဉ် စာသင်ကျောင်းများတွင်လည်း အ၀င်၊ အထွက် ပိတ်ထားလိုက်သည်။

အေကေ−၄၇ ရိုင်ဖယ်ဖြင့် အကြမ်းဖက်သမားက ရဲကို အနီးကပ်ပစ်ခတ်နေစဉ် (Reuters)
7Day Daily

No comments:

Post a Comment

My Blog List