Tuesday, January 06, 2015

၂၀၁၅ နှစ်ဆန်းပိုင်း အပစ်ခတ်ရပ်စဲရေး သေချာပြီလော

တစ်နှစ်သက်တမ်းသာ ကျန်ရှိ တော့သည့် နေပြည်တော်အစိုးရ ဦးသိန်းစိန်၏ သမ္မတ သက်တမ်းအတွင်း ဦးစားပေး လုပ်ဆောင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ၂၀၁၄ နှစ်ဆန်းပိုင်းကာ လများတွင် အပြုသဘောဆောင် သဘောတူညီမှု ရလဒ်ကောင်းများကြောင့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ် စဲရေး လက်မှတ်ထိုးနိုင်တော့မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် နှစ်ကုန်ပိုင်းတွင် ထိုအဖြေမထွက်နိုင် ခဲ့ပေ။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ဦး အောင်မင်းက လာမည့် ၂၀၁၅ နှစ် ဆန်းပိုင်းဖြစ်သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင် ရန် လုပ် ဆောင်နေကြောင်း ပြီးခဲ့သည့်အပတ် ဆွေးနွေးပွဲတွင် ပြောဆိုထားသည်။

ထိုကဲ့သို့ နှစ်ကုန်ကာလတိုင်း ဦးအောင်မင်းက လာမည့်နှစ်ဆန်းပိုင်း တွင် လက်မှတ်ထိုးနိုင်တော့မည်ဟု ပြောဆိုနေကျအတိုင်း ပြောဆိုလေ့ရှိ သည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ၂၀၁၄ ခုနှစ် အတွင်း လက်မှတ် ရေးထိုးနိုင်မည်ဟု ပြော ထားသည်။

လက်ရှိအနေအထားအရ တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက် ဒရယ်ကောင်စီ(UNFC) ၏ ပြန်လည် ရေးဆွဲထားသော ဖွဲ့စည်းပုံသည် တပ်မတော်အတွက် ဖိအားပေးသည့် အနေအထား ဖြစ်နေခြင်းနှင့် ပြီးခဲ့ သည့်လပိုင်းက ကေအိုင်အေ ဗိုလ် လောင်း သင်တန်းကျောင်းကို လက် နက်ကြီး ပစ်ခတ်ခဲ့မှု အပါအဝင် ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲ များ ပြင်းထန်ခဲ့ခြင်းအပြင် တပ်မတော်နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အ စည်းတို့အကြား တစ်နိုင်ငံ လုံး အပစ် ခတ်ရပ်စဲရေး ဒုတိယမူကြမ်းအတွက် ညှိနှိုင်းမှု မပြီးပြတ်သေးသောကြောင့် လာမည့်နှစ်လ အတွင်း တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး တော့မည်ဆိုခြင်းမှာ အမှန်တကယ် ဖြစ်နိုင် မည်လောကိုမူ မေးခွန်းထုတ်စရာ ဖြစ်နေဆဲဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ကိုယ်စားပြု NCCT ဒုတိယအဖွဲ့ ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်း က ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့ တွင် လက်မှတ်ရေးထိုးရန် ဒီဇင်ဘာ ၂၃ ရက်နေ့ UPWC နှင့် NCCT တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် အဆိုပြုထားသည်။

UPWC ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းကလည်း အပစ်ခတ်ရပ်စဲရေး နောက်ဆုံးညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီလလယ်တွင် ပြုလုပ်သွားမည်ဟု ဆိုထားသည်။

အစိုးရ ၊ တပ်မတော်နှင့် လွှတ်တော်တို့ ပူးပေါင်ရေးဆွဲထားသည့် အပစ်ခတ်ရပ်စဲရေး မူကြမ်းနှင့် တိုင်း ရင်းသားဘက်က ရေးဆွဲထားသော အပစ်ခတ်ရပ်စဲရေး မူကြမ်းတို့ကို နှစ် ဖက်လက်ခံသော စာချုပ်တစ်ခု (Single Text) အဖြစ် ပူးပေါင်းရန် ဆွေးနွေးနေကြခြင်းဖြစ်သည်။ နှစ်ဖက်သ ဘောတူ အပစ်ရပ်မူကြမ်း ထွက်ပေါ် လာရေးအတွက် အစိုးရနှင့် တိုင်းရင်းသားများ ပါဝင်သည့် ပူးတွဲကော်မတီ တစ်ရပ်ကို တစ်ဖက် လျှင် အဖွဲ့ဝင် ၉ ဦးစီဖြင့် ဖွဲ့စည်းနိုင်ခဲ့ပြီး အခန်း ၇ ခန်းပါ စာချုပ်မူကြမ်းကို ဆွေးနွေးနေ ကြခြင်းလည်း ဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အကြံပေးတစ်ဦးကမူ “ ဒီတစ်ခေါက် ကျန် နေတဲ့အချက်တွေ ညှိနှိုင်းပြီးတာနဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက် မှတ်ထိုးရုံပါပဲ“ ဟု ဆိုသည်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မူကြမ်းအတွက် အချက်လေးချက်သာ ကျန်ရှိတော့သည့်အတွက် လက်မှတ်ထိုးနိုင်တော့မည့် အခြေအနေကောင်း ဖြစ်နေကြောင်း ၎င်းကရှင်းပြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပင် လက်နက်ကိုင်တိုင်းရင်းသား အချို့ ၏ လုပ်ရပ်သည် ငြိမ်းချမ်းရေး လမ်းကြောင်းနှင့် သွေဖည်သည့် လုပ်ရပ်များဖြစ်သည်ဟု UNFC ၏ ဖွဲ့ စည်းပုံအသစ်ရေးဆွဲခြင်းကိုသဘော မကျကြောင်း ပြောဆိုလိုက်ပြီး ဖက် ဒရယ်တပ်မတော် (UNA) ဖွဲ့စည်း ခြင်းသည် တပ်မတော်ကိုစင်ပြိုင်အ ဖြစ် ဖွဲ့စည်းခြင်းဖြစ်ကြောင်း သဘောထားသက်ရောက်နေသည်။

နိုင်ငံရေး အကဲခတ်များနှင့် ငြိမ်းချမ်းရေးလေ့ လာသူတို့က တိုင်းရင်းသားအဖွဲ့အစည်းဘက်ကဖက်ဒရယ် ပြည်ထောင် စုတပ်မတော်ဖွဲ့စည်းခြင်းသည် အစိုးရနှင့်တပ်မတော်အပေါ် စိုးရိမ်ပူပန်မှု ဖြစ်စေသည်ဟု ဆိုကြသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ဆွေး နွေးပွဲတွင် ဒုတိယမူကြမ်းအတွက် ကျန် ရှိနေသော အချက်လေးချက်ကို ဆွေးနွေးရာတွင် သဘောတူညီမှုမရ ဘဲ မဖြတ်နိုင်သည့်အပြင် ယခင် သ ဘောတူညီထားပြီးဖြစ်သော အပစ် ခတ်ရပ်ထားစဉ် တပ်သားသစ် မစု ဆောင်းရေး ၊ ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး အပါအဝင် အချို့အချက် များကိုပါ ပြန်လည်ညှိနှိုင်းရသည့် အ ခြေအနေဖြစ်ခဲ့ကြောင်း လက်နက် ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ က ပြောဆိုသည်။

ယင်းအပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့က တပ်မတော်က ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ကေ အိုင်အေ၏ မဟာမိတ်တပ်များဖြစ်သည့် တအာင်း(ပလောင်) လွတ်မြောက် ရေး တပ်မတော်က ၁၂ ဦး၊ ရခိုင် တပ်မတော်က ၈ ဦး ၊ ချင်းအမျိုးသား လွတ်မြောက်ရေး တပ်ဦးက ၂ ဦးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ကျောင်းသားများတပ်ဦးက ၁ ဦး ကျ ဆုံးခဲ့ခြင်း အပေါ် တပ်မတော်က ဖြေရှင်းပေးရန် လိုသည်ဟု လက်နက်ကိုင် တိုင်းရင်းသားများဘက်က တူညီစွာ ပြောဆိုကြသည်။

သို့သော် တပ်မတော်က ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍ ကေအိုင် အေက တပ်မတော်၏ဒေသဖွံ့ဖြိုးလမ်း ဖောက်လုပ်ခြင်းကို ချောင်းမြောင်း ပစ်ခတ် နှောင့်ယှက်ခဲ့သည့်အတွက် သတိပေးသည့် အနေဖြင့် ပြန်လည် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြား သည်မှအပ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် ဖြေရှင်းညှိနှိုင်းခြင်း မရှိခဲ့ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများထံက သိရသည်။

တိုင်းရင်းသားအရေး ကျွမ်းကျင် သူနှင့် မြန်မာ့နိုင်ငံရေး လေ့လာသုံး သပ်သူ ဘားတေလ်လင့်တနာက ငြိမ်း ချမ်းရေး တည်ဆောက်ရန် ဦးစားပေး လုပ်ဆောင်နေသည့် သမ္မတအနေဖြင့် လက်နက်ကိုင် တိုင်းရင်းသား ၂၃ ဦး ကျဆုံးသွားခြင်းအပေါ် တပ်မတော်၏ လက်ရှိအခြေအနေကို ပြောဆိုသင့် ကြောင်း ပြည်တွင်း မီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

‘လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးက ရှေ့မရောက်ဘူးဖြစ်နေတယ်’ ဟု ၎င်းက မှတ်ချက်ပေးသည်။

လာမည့် ဆွေးနွေးပွဲကို တပ်မတော်က ကေအိုင်အေ ဗိုလ်လောင်း သင်တန်းကျောင်း အပေါ် လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အပေါ် ရှင်း လင်းညှိနှိုင်းသည့် အနေဖြင့် မြစ်ကြီး နားတွင်ဆွေးနွေးပွဲပြုလုပ်ရန် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်း များကအဆိုပြုခဲ့ခြင်းဖြစ်ပြီ့း UPWC ကရန်ကုန်မြို့တွင်သာ ဆွေးနွေးမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်။

တပ်မတော်နှင့် ကေအိုင်အေတို့ သဘောထားတင်းမာကာ တိုက်ပွဲများ ဖြစ်ပွားပြီနောက် လက်ရှိ အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အစည်းတို့ကို ကိုယ်စားပြု ဆွေးနွေး နေသည့် UPWC နှင့် NCCT တို့၏ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သ ဘောတူညီမှု ညှိနှိုင်းဆွေးနွေးရေးမှာ အဆင်ပြေနိုင်မည် မဟုတ် ကြောင်း မြန်မာ့ငြိမ်းချမ်းရေး လေ့လာအကဲ ခတ်တို့က မှတ်ချက်ပြုကြသည်။

သမ္မတဦးသိန်းစိန်က ၂၀၁၅ ရွေး ကောက်ပွဲမတိုင်မီ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းကာ နိုင်ငံတည်ငြိမ် အေးချမ်းမှသာလျှင် ရွေးကောက်ပွဲ ကို အဆင်ပြေချော့မွေစွာ လုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း ပြောဆိုလိုက် ခြင်းသည် မြန်မာ့နိုင်ငံရေး အကဲခတ်တို့က အပစ်ခတ်ရပ်စဲရေး မလုပ်နိုင်ပါ က ရွေးကောက်ပွဲကို အဆင်ပြေ
အောင် မလုပ်နိုင်သည့်သဘော ဖြစ်နေသည့်အတွက် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ အကြား သို့လောသို့လော ဖြစ်ခဲ့သည်။

၂၀၁၂ ခုနှစ်က အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးတည်ဆောက် မှု ပထမအဆင့်အနေဖြင့် အလွတ်သ ဘောတွေ့ဆုံးဆွေးနွေးပြီး ပြည်နယ် နှင့် တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးသည့်ကာလတွင် အစိုးရငြိမ်းချမ်းရေး ဖော် ဆောင်မှု လုပ်ငန်းကော် မတီ ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးအောင်သောင်း က ၂၀၁၄ ခုနှစ်တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲကို လက်နက် ကိုင်အဖွဲ့အားလုံး မပါဝင်နိုင်ပါက အ ပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တိုင်းရင်းများ ဖြင့်သာ ဆွေးနွေးပွဲ ပြုလုပ်သွားမည် ဟု ပြောဆိုထားဖူးသည်။

လက်ရှိအနေအထားတွင်အစိုးရ နှင့် အပစ်ခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရန်မှာ ကေအိုင်အို၊ ကေအိုအေ နှင့် တအာင်း(ပလောင်) လက်နက်ကိုင် အဖွဲ့အစည်းတို့ လောက်သာ ကျန် ရှိတော့သည်။

ထို့ကြောင့် လာမည့် ၂၀၁၅ နှစ် ဆန်းပိုင်းတွင် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ယခု ဆွေးနွေးမှု အဆင်မပြေပါက အစိုးရ နှင့် အပစ်ခတ်ရပ်စဲရေး လက်မှတ် ရေးထိုးထားသော လက်နက်ကိုင် တိုင်းရင်းသား ၁၆ ဖွဲ့နှင့်သာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးသွားနိုင်သည့် အနေ အထား ဖြစ်သွားနိုင်ကြောင်း မြန်မာ့ငြိမ်းချမ်း ရေး အကဲခတ်တို့ကသုံးသပ်ကြသည်။

လာမည့်ဇန်နဝါရီတွင် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ အဆင်မပြေပါက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ပြင်ထန်းဖွယ်ရှိကြောင်း ၎င်းတို့က ခန့်မှန်ထားကြသည်။

တပ်မတော်နှင့် တိုင်းရင်းသားတို့၏ လက်နက်ကိုင် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သက် တမ်းအကြာဆုံးသော ပြည်တွင်းစစ် ဖြစ်ပွားနေသည့် နိုင်ငံအဖြစ် ရပ်တည် နေသည်။ထိုပြည်တွင်းစစ် အဆုံးသတ် နိုင်ရန်မှာ ငြိမ်းချမ်းရေးတည်ဆောက် နိုင်မှ ဖြစ်လိမ့မည်။ သို့သော် ငြိမ်း ချမ်းရေးသည် တည်ဆောက်ရန်ခက်ခဲပြီး ပျက်စီးရန်လွယ်ကူသည်။

ပြည်တွင်း ငြိမ်းချမ်းရေး အမှန်တကယ် ရရှိရန်မှာ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု တည်ဆောက်ရန် အတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အကျိုးတော် ဆောင်များက စစ်မှန်သောစေတနာ၊ အမြော်အမြင်ကြီးမှု၊ သည်းခံနိုင်မှုနှင့် သတ္တိရှိမှုတို့ကအကဲဖြတ်ကြ လိမ့်မည်။

ထို့ကြောင့် ၂၀၁၅ နှစ်ဆန်းတွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲကာ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် အမှန် တကယ်ရောက်ရှိတော့မည်လောကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

The Ladies News Journal

No comments:

Post a Comment

My Blog List