Tuesday, January 06, 2015

ဆရာစံခေါင်းဆောင်၍ တော်လှန်သည့်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ပေးရန် လွှတ်တော်သို့ ထပ်မံတင်ပြမည်



ဆရာစံဦးဆောင်၍ နယ် ချဲ့တော်လှန်ရေးစတင်တိုက်ခိုက် သည့် ဒီဇင်ဘာ ၂၃ ရက်ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ရန် ဒုတိယအကြိမ်လွှတ်တော်တွင် တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါနေ့ကို တောင်သူ လယ်သမားနေ့ အဖြစ် သတ်မှတ် ပေးရန် ၂၀၁၃ လွှတ်တော်တွင်တစ်ကြိမ်တင်ပြခဲ့ခြင်းဖြစ်ပြီး ထပ်မံ၍ တင်ပြတောင်းခံသွား မည်ဖြစ်သည်။
‘‘သာယာဝတီနယ်က လယ် သမားတွေက လက်မှတ်တွေ ကောက်နေပါတယ်။ တောင်သူ တွေရဲ့ ဆန္ဒအရဒီအပတ်လွှတ် တော်မှာ တင်ပြသွားမှာပါ။ လက် ရှိအာဏာရှင် အငွေ့အသက်တွေ က မကုန်သေးတဲ့အတွက် ရ၊မရ ဆိုတာတော့ မသိသေးပါဘူး။ လက်ရှိ တောင်သူလယ်သမားနေ့ သတ်မှတ်ထားတာဟာကျွန်တော့် အနေနဲ့တော့ အာဏာသိမ်းတဲ့နေ့ ဖြစ်တဲ့အတွက် လုံးဝမနှစ်သက်ပါ ဘူး’’ ဟု လာမည့် လွှတ်တော်တွင် တောင်သူလယ်သမားနေ့ ပြန်ပြောင်းသတ်မှတ်ပေးရန် လွှတ်တော်တင်ရေး ပြင် ဆင်ထား သူမြန်အောင်မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကျော်မြင့်က ပြောသည်။

၁၉၆၂က တပ်တော်မှအာ ဏာသိမ်းယူခဲ့ပြီးနောက် လယ်သ မားများမှာ တာဝန်ကျေးစပါးများ ကို အစိုးရကို ပေးဆောင်ရခြင်း၊ တောင်သူလယ်သမားအချို့အား နေလှန်းကာ ပြစ်ဒဏ်ပေးမှုများကို ပြုလုပ်ခြင်းနှင့် လယ်ယာမြေများ ကို သိမ်းယူခြင်းများပြုလုပ်လာ ကြခြင်းများရှိသည့်အတွက် လက် ရှိအစိုးရ၏ တရားဝင်သတ်မှတ် ပေးထားသည့် တောင်သူလယ်သ မားနေ့ကို တောင်သူလယ်သ မားများမနှစ်သက်ကြကြောင်း၎င်း ကထောက်ပြပြောကြားသည်။

တောင်သူလယ်သမားများ ၏ သဘောဆန္ဒပါဝင်ခြင်း မရှိ သည့် တောင်သူလယ်သမားနေ့ သတ်မှတ်ထားခြင်းကို ပြန်လည် ပြင် ဆင်ပေးရန်လိုအပ်ပြီး လယ် သမားများအတွက် ယင်းနေ့သတ် မှတ်လိုက်ခြင်းမှာ အရေးကြီးအ ချက်မဟုတ်သော်လည်း လယ်သ မားထုတစ်ရပ်လုံး၏ ဆွေးနွေးအ ကြံပြုချက်များအတိုင်းသတ်မှတ် ရန်လိုအပ်ကြောင်း ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အ ဖွဲ့အစည်း)တောင်သူလယ်သမား ရေးရာတာဝန်ခံများကထောက်ပြ ထားသည်။

လက်ရှိတောင်သူလယ်သ မားနေ့ကို ပြန်လည်သတ်မှတ်ရန် သာယာဝတီဒေသရှိ တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးအခြေခံ အလုပ်သမားသမဂ္ဂနှင့် ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့အစည်းများက ဦးဆောင်လက်မှတ်ကောက်ခံလျက်ရှိသည်။

ဇန်န၀ါရီ ၄ ရက်အထိ စာရင်းများအရ ထောက်ခံချက် လက်မှတ်ပေါင်း တစ်သောင်းကျော် ရရှိထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၃ရက်ကို တောင် သူလယ်သမားနေ့အဖြစ် သတ် မှတ်ပေးရန် ဧရာဝတီ၊ ရန်ကုန်၊ပဲခူး၊ မကွေးနှင့် မန္တလေးတိုင်းစသည့် တိုင်းဒေသကြီးများရှိဒေသခံ တောင်သူလယ်သမားများထံမှလက်မှတ်များကို ကောက်ခံနေခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment

My Blog List