Wednesday, January 07, 2015

ထိုင်းဝန်ကြီးချုပ်ဟောင်းအမှု ယခုအပတ် ဆုံးဖြတ်မည်



ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလတ် ရှင်နာဝပ်ကို သူဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်အချိန်ကာလ နိုင်ငံတော်ဘတ်ဂျက်မှာ အကြီးအကျယ် အရှုံးပြခဲ့တဲ့ အစိုးရ စပါးဝယ်ယူရေးအစီအစဉ်အတွက် စွပ်စွဲထားတဲ့အမှုကို ဒီ ၁ ပတ်ထဲမှာ ဆုံးဖြတ်ဖို့ ရှိပြီး ဆန္ဒပြပွဲတွေ ဖြစ်လာရင် အရေးယူသွားမယ်လို့ စစ်တပ်က သတိပေးလိုက်ပါတယ်။
ထိုင်းစစ်တပ်က ခန့်အပ်ထားတဲ့ နိုင်ငံတော် ဥပဒေပြုလွှတ်တော် (အန်အယ် အေ) က အမှုကို လာမယ့် ဇန်န၀ါရီ ၉ ရက်နေ့ မှာ ကြားနာမှာ ဖြစ်ပြီး ယင်လတ်က တရားခွင်ကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဇန်န၀ါရီ ၉ ရက်နေ့ စီရင်ချက်က ယင်လတ်ကို နိုင်ငံရေးကနေ ၅ နှစ် ပိတ်ပင်ဖွယ် ရှိနေတာကြောင့် သူ့ကို ထောက်ခံတဲ့ ရှပ်နီတွေရဲ့ ဆန္ဒပြပွဲတွေ နောက် တကျော့ ပေါ်ပေါက်လာနိုင်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခဏငြိမ်သက်နေ တဲ့ နိုင်ငံရေး မုန်တိုင်း တကျော့ပြန် ဖြစ်ပေါ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။။

ဒါပေမယ့် စစ်တပ်အကြီးအကဲဟောင်း လက်ရှိ ၀န်ကြီးချုပ် ပရာယုဒ် ချန်အိုချာက လမ်းပေါ် ဆန္ဒပြပွဲတွေကို လုံးဝ လက်ခံ မှာ မဟုတ်ဘဲ အရေးယူသွားမယ်လို့ ဇန်န၀ါရီ ၆ ရက်နေ့က သတင်းထောက်တွေကို ပြောပါတယ်။

မာရှယ်လော ဥပဒေအရ ဘယ်လို နိုင်ငံရေး လှုပ်ရှားမှုမျိုးကိုမှ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဥပဒေပြုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ဒီလမကုန်ခင်မှာ အပြီးသတ် ချမှတ်မှာ ဖြစ်ပြီး လွှတ်တော်အမတ် ၂၅၀ ထဲက ၅ ပုံ ၃ ပုံရဲ့ ထောက်ခံမဲ လိုအပ်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး ၀န်ကြီးချုပ်ဖြစ်တဲ့ ယင်လတ်ဟာ ပြီးခဲ့တဲ့နှစ် မေလမှာ စစ်တပ်က အာဏာမသိမ်းခင်လေး မှာ အာဏာအလွဲသုံးစားမှုနဲ့ ရာထူးကနေ ဖယ်ရှားခံခဲ့ရ ပါတယ်။

အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီက ၀န်ကြီးချုပ်ဟောင်း ယင်လတ် စီစဉ် ကြီးကြပ်တဲ့ နိုင်ငံတော် စပါး ၀ယ်ယူရေးအစီအစဉ်ဟာ နိုင်ငံတော် ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ အရှုံးပြခဲ့တယ်လို့ ဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List