Thursday, January 08, 2015

တာလီဘန်အကြမ်းဖက်ခေါင်းဆောင်ကို ပါကစ္စတန်က ဆုငွေဒေါ်လာ ၁ဝဝဝဝဝ ထုတ်


ပါကစ္စတန်နိုင်ငံအစိုးရက မငြိမ် မသက်သော ခိုင်ဘာပတန်ခွာပြည်နယ်အတွင်းရှိ တာလီဘန်ခေါင်း ဆောင် အား အရှင်ဖြစ်စေ၊ အသေ ဖြစ်စေ ဖမ်းဆီးနိုင်အောင် သတင်း ပေးသူအား ရူပီးငွေ ၁ဝသန်း(အမေ ရိကန် ဒေါ်လာ ၁ဝဝဝဝဝ) ဆုချမည် ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း အရာရှိများ၏ ပြောကြားချက်အား AFP သတင်းက ဖော်ပြသည်။
တာရီးခ်အီး တာလီဘန်ပါကစ္စ တန်(TTP) ခေါင်းဆောင် မူလာ(စ်) လူလာအား အသေဖြစ်စေ၊ အရှင် ဖြစ်စေ ဖမ်းဆီးရမိရန် သတင်းပေး သူ(သို့မဟုတ်) ကူညီသူအား ရူပီးငွေ ၁ဝသန်းပေးမည်ဟု ပြည်နယ်အစိုးရ က ထုတ်ပြန် ခဲ့ကြောင်း ခိုင်ဘာပတန် ခွာပြည်နယ် အစိုးရအရာရှိတစ်ဦးက AFP သို့ ပြောခဲ့သည်။

၎င်းက ဆက်လက်ပြောကြား ရာတွင် အနောက်မြောက်ဒေသပြည် နယ်ရှိ တာလီဘန်ခေါင်းဆောင်ပိုင်း ၆၁၅ဦးအတွက် စုစုပေါင်း ဆုငွေရူပီး သန်း ၇၆ဝ(ဒေါ်လာ ၇ ဒသမ ၅သန်း) ထုတ်ထားခဲ့ကြောင်း၊ ထိုထဲ၌ လက်ရှ ကာအီး အစ္စလာမ်ခေါင်းဆောင် မင် ဂဲလ်ဘက်လည်းပါဝင်ခဲ့ကြောင်း၊ ပြည်နယ်ပြန် ကြားရေးဝန်ကြီး မရှ် တက်ဂါနီက ပြောကြားလိုက်သည်။

ပါကစ္စတန်ပါလီမန်က အကြမ်း ဖက်သမားများကို တရားစီရင်ရန်အ တွက် စစ်ခုံရုံးဖွဲ့စည်းရန် တင်ပြခဲ့ သည်။ ဤအဆိုအား ဘာသာရေး အခြေခံပါတီခေါင်းဆောင်က ကန့် ကွက်ခဲ့ကြောင်း သိရသည်။ အင်္ဂါနေ့ တွင် ပါလီမန်၌ ထပ်မံတင်၍ အတည် ပြုမည်ဖြစ်သည်။ လက်ရှိစစ်ခုံရုံးမှာ စစ်သားများအရေးကိစ္စကိုသာ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ပက်ရှ်ဝါမြို့ စစ်တပ်ကဖွင့်လှစ် ထားခဲ့သော စာသင်ကျောင်းအား တာလီဘန်အကြမ်းဖက်သမားတို့ ဝင် ရောက်တိုက်ခိုက်ခဲ့ရာ လူ ၁၅ဝသေ ဆုံးပြီးနောက် ဝန်ကြီးချုပ် နဝပ်ရှ ရက်ဖ်က အကြမ်းဖက်သမားတို့ အား အပြစ်ပေးရန်အတွက် စစ်ခုံရုံးတစ် ရပ်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။

ရပ်ဆိုင်းထားခဲ့သော သေဒဏ် ပေးမှုကို ရုပ်သိမ်းပြီးနောက် စစ်သွေး ကြွ ခုနစ်ဦးကို ကြိုးမိန့်ပေးခဲ့သည်။ ပါကစ္စတန်အစိုးရက လူ၅ဝဝကို သေ ဒဏ်ပေးရန် စီစဉ်နေခြင်းအား နိုင်ငံ တကာ လူ့အခွင့်အရေးသမား များက ကန့်ကွက်ခဲ့ကြသည်။

AFP : CNA
#Democracytoday

No comments:

Post a Comment

My Blog List