အစိုးရ၀န်ထမ်းများ လစာအရစ်ကျစုဆောင်းပြီး အိမ် ရာဝယ်နိုင်ရန် တစ်ဦးချင်းစီ ၀င် ငွေစုဆောင်းသည့် စနစ် (Myan-mar Provident Fund) ကို မကြာမီ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ နိုင်ငံတကာတွင် ၀န်ထမ်း များ၏ လစာကို လစဉ်စုဆောင်းပြီး အိမ်ရာဝယ်နိုင် မည့် စနစ်များရှိ၍ မြန်မာနိုင်ငံတွင်လည်း အကောင်အထည်ဖော်ရန် ဆောင် ရွက်နေခြင်းဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်အေး အေးမြင့်က ပြောသည်။
‘‘အိမ်ရာနဲ့ပတ်သက်ပြီး စုငွေလုပ်ဆောင်ဖို့ လိုနေပြီ။ ဒါ ကြောင့် ဒီကဏ္ဍကိုလေ့လာပြီး အကောင်အထည်ဖော်ဖို့ လုပ်နေ တယ်။ ဒီစနစ်က တခြားနိုင်ငံတွေ မှာလည်း ရှိတယ်။ လက်တွေ့သုံး နေတယ်’’ဟု ၎င်းက ပြောသည်။
ထိုစနစ်ကို ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ အာဆီ ယံနိုင်ငံအချို့တွင် ရှိသည့် စနစ်သည် ၀န်ထမ်းများ ပင်စင်ယူသည့်အခါ နေရာစ ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် မလုပ်မနေရ စနစ်ဖြစ်သည်။
‘‘စင်ကာပူ လူ့စွမ်းအားဝန် ကြီးဌာနက သတ်မှတ်ထားတဲ့ Central Provident Fund စနစ် ရှိတယ်။ အမြဲတမ်းနေထိုင်ခွင့်ရ တဲ့ သူတွေရော၊ နိုင်ငံသားတွေ ရော ဒီစနစ်နဲ့ ငွေစုရတယ်’’ ဟု စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေ ထိုင်ခွင့်ရသူ ကိုရန်နိုင်က ပြော သည်။
ယခုအကောင်အထည် ဖော် မည့် စနစ်သည် မြန်မာလူမျိုး များ မရင်းနှီးသေးသောကြောင့် အကောင်အထည်ဖော်ရာတွင် အခက်အခဲရှိနိုင်ပြီး အစိုးရ ၀န် ထမ်းများ၏ လစာသည် စားဝတ် နေရေး လုံလောက်မှု မရှိသည့်အတွက် စုဆောင်းရန်ဆို သည်မှာ မဖြစ်နိုင်ကြောင်း မူလတန်း ကျောင်းအုပ်ဆရာကြီး ဦးကျော် တင့်က ပြောသည်။
‘‘လစာတစ်သိန်းကျော်ရတဲ့ ၀န်ထမ်းက ၂၀ ရာခိုင်နှုန်းနဲ့ တစ် သက်လုံးစုသွားတာတောင် လက် ရှိ ပေါက်ဈေးနဲ့ တိုက်ခန်း ဘယ် လိုမှ မ၀ယ်နိုင်ဘူး။ လစာတိုးရင် လည်း ကုန်ဈေးနှုန်းက တက်လာ ဦးမယ်။ ငွေကြေးဖောင်းပွမှုက လည်း ရှိနေတော့ သိပ်အဆင် ပြေမယ် မထင်ဘူး။ စင်ကာပူလို လုပ်မယ်ဆိုလည်း ဒီမှာနဲ့ ဟိုမှာက အခြေ အနေချင်း မတူဘူး’’ ဟု လက် ထောက်ညွှန်ကြားရေးမှူး တစ် ဦးက ပြောသည်။
နိုင်ငံတော်သမ္မတကလည်း ၂၀၁၄ ဒီဇင်ဘာ ၂၇ ရက် ရခိုင်ခရီးစဉ်တွင် ၀န်ထမ်းများအတွက် တစ်ဦးချင်း ၀င်ငွေစုဆောင်း သည့် စနစ်ကို အကောင်အထည်ဖော်ဆောင်ပြီး ကိုယ်ပိုင်အိမ်ရာဖြင့် နေထိုင်နိုင်ရန် အိမ်ရာများအကောင်အထည် ဖော်ပေး မည်ဟု ပြောကြားခဲ့သည်။
ဝန်ထမ်းများအတွက် အခမဲ့ဆေးကုသရေး၊ ကျန်းမာရေးနှင့်ပတ်သက်သည့် အရေးပေါ် ကိစ္စများတွင် အထောက်အပံ့ရရန် ဆောင်ရွက်ပေးမည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
7Day News Journal
No comments:
Post a Comment