Monday, January 05, 2015

ဝေဖန်မှုများကြားမှ တစ်ကျော့ပြန်မနောပွဲ



နိုင်ငံတကာက စောင့်ကြည့် ခြင်းခံရသည့် ကချင်ဒေသအရေးမှာ ဝေဖန်ကန့် ကွက်နေမှုများ ကြားမှ ရိုးရာပွဲတော်တစ်ခုကို ပြန် လည်ကျင်းပခြင်းဖြင့် ၂၀၁၅ နှစ် သစ်ကို စတင်လိုက်သည်။တိုက်ပွဲများကြောင့် ရပ်နား ထားခဲ့သော ကချင်လူမျိုးတို့၏ အထိမ်းအမှတ် သင်္ကေတရိုးရာ မနော(မနောင်)ပွဲတော်ကို ယခု နှစ်အတွင်းပြန်လည်ကျင်းပရန် ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။ ဒေသခံပြည် သူအများစုက ဒေသ တည်ငြိမ်မှုမရရှိသေးခြင်း၊ စစ် ဘေးဒုက္ခသည် ပြည်သူ တစ်သိန်း ကျော်ယာယီစခန်းများတွင် ခိုလှုံနေရခြင်းတို့ကြောင့် မနော (မနောင်)ပွဲတော်ကို မကျင်းပသင့်သေး ကြောင်း ကန့်ကွက်ခဲ့ကြသည်။
ယင်းသို့ဝေဖန်ကန့်ကွက်မှု များကြားမှ မနောပွဲတော်ကို ဇန် န၀ါရီ ၅ ရက်မှစ၍ တစ်ပတ်ကြာ မြစ်ကြီးနားမြို့တွင် ကျင်းပနေ ပြီ ဖြစ်သည်။

ကချင်ရိုးရာမနော(မနောင်) အကတွင် စစ်ပွဲဖြစ်ပြီး ပြန်လည် စည်းလုံးလာချိန် ကပြသည့်အက၊ ချမ်းသာ ကြွယ်ဝလာချိန် ကပြသည့်အကနှင့် အသုဘအခမ်းအ နားများ၌ ကပြသည့် အကများ အပါအ၀င် အဓိကခုနစ်မျိုးရှိပြီး နောက်ပိုင်း ပေါ်ပေါက်လာသည့် ကကွက်များလည်းရှိကြောင်း ကချင်သမိုင်းလေ့လာသူများ၊ ဘာသာရေးအဖွဲ့အစည်းများက ဆိုသည်။ ရှေးယခင်ကပင် နယ် မြေဒေသ အကြီးအကဲဖြစ်သည့် ဒူဝါများက မနော(မနောင်)ပွဲ မကျင်းပပေးနိုင်လျှင် နယ်သူနယ် သားများကြည်ညိုမှုလျော့နည်း ခြင်းခံရသည့်အတွက် ရိုးရာပွဲ တော်ကျင်းပနိုင်ရန် ဦးစားပေး လေ့ရှိကြသည်။

ကချင်ပြည်နယ်နေ့အထိမ်း အမှတ်မနော(မနောင်)ပွဲတော်ကို လွတ်လပ်ရေးရ ရှိသည့် ၁၉၄၈ က ပင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတော် သမ္မတစ၀်ရွှေသိုက် ကိုယ်တိုင် တက်ရောက်ခဲ့ဖူးသည်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)လက်ထက် တွင် မနော(မနောင်)ပွဲတော်ကို ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၀၁ မှ စတင်၍ ပြန်လည်ပြုလုပ်ခဲ့သည်။ သို့သော် မြန်မာ့ တပ်မတော်နှင့် ကချင်လွတ် လပ်ရေးတပ်မတော်(KIA)တို့ကြား တစ်ကျော့ပြန်လည်ဖြစ်ပွားခဲ့သော တိုက်ပွဲ များကြောင့် ၂၀၁၁ နောက်ပိုင်းမှစ၍ မနောပွဲတော်ကို သုံးနှစ်ကြာ ရပ်နား ထားခြင်းဖြစ်သည်။

ယခုပြန်လည်ကျင်းပသည့် မနော(မနောင်)ပွဲတော်ကို အစိုးရ နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းကသာ ၀င်ရောက်ပါဝင်မှု များပြားခဲ့ ပြီး သာမန်ပြည်သူများ ကတော့ စိတ်ပါဝင်စားမှုနည်းပါးခဲ့သည်။

‘‘ငြိမ်းချမ်းရေး မရမချင်း မနောင်ပွဲလုပ်လည်း ကျွန်မက မ သွားဘူး။ ပြည်သူကြားမှာလည်း အစိုးရပဲ ဦးဆောင်လုပ်တဲ့အ တွက် ငြိမ်းချမ်းရေး အတွက်ဟန် ပြဖြစ်တယ်လို့ ပြောနေကြတယ်’’ ဟု မြစ်ကြီးနားဒေသခံ မပန်ဆန့် ကပြောသည်။

သုံးနှစ်ကျော်ကြာမြင့်လာပြီ ဖြစ်သော်လည်း နေရပ်ဒေသများ သို့ မပြန်နိုင်သေးဘဲ ယာယီစခန်း များတွင် ခဲယဉ်းစွာနေ ထိုင်နေကြ ရသော ပြည်သူတစ်သိန်းကျော် ၏ ခံစားချက်၊ ဆွေးနွေးရင်း အလှမ်းဝေးနေဆဲ ငြိမ်းချမ်းရေး အခြေအနေ များကြောင့် ကချင်တိုင်းရင်းသားများအတွက် မနောပွဲ တော်ပျော်ပွဲရွှင်ပွဲများပါဝင်ဆင် နွှဲရန် လိပ်ပြာမသန့်ဖြစ်နေကြ ခြင်းဖြစ်သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ ကမူ လွှတ်တော်ကိုယ်စားလှယ် များ၊ မနောပွဲဖြစ်မြောက်ရေး ကော်မတီ၊ ဘာသာရေး၊ ရိုးရာ စာပေယဉ်ကျေးမှု တာဝန်ရှိသူ များ၊ ရပ်မိရပ်ဖများနှင့် တိုင်ပင်၍ ၎င်းတို့ဆုံးဖြတ်ချက်ဖြင့် ကချင်ပြည်နယ်နေ့တွင် ရိုးရာ ပွဲတော်ထည့်သွင်း ကျင်းပခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။

‘‘ကချင်ပြည်နယ်နေ့ကို ခမ်း ခမ်းနားနား ကျင်းပဖို့၊ နိုင်ငံတကာကုန်စည်ပြ ပွဲတွေကို ကြီးကြီး ကျယ်ကျယ်လုပ်ဖို့ ရည်ရွယ် ချက် နဲ့ မနောပွဲလုပ်တာ ဖြစ်ပါတယ်’’ ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောသည်။

သို့သော် သာမန်ပြည်သူလူ ထုအတွက်တော့ တစ်ကျော့ပြန် မနော(မနောင်)ပွဲတော်ကို စိတ် ၀င်စားမှုလျော့နည်းနေခဲ့ သည်။ ထို့အပြင် အစိုးရနှင့် ကေအိုင်အေ ဆွေးနွေးနေဆဲကာလတွင် မနော (မနောင်)ပွဲတော်ကျင်းပလိုက် ခြင်းကြောင့် ဒေသတွင်း ငြိမ်းချမ်း ရေးရရှိနေပြီဟု နိုင်ငံတကာကထင်မြင်ယူဆ သွားမည့်အပေါ် တွင်လည်း ပြည်သူများက စိုးရိမ် မှုများရှိခဲ့ကြသည်။ 

ယင်းအတွက် ကြောင့် မြစ်ကြီးနားမြို့ရှိ ဘုရား ရှိခိုးကျောင်းနှင့် အသင်းအဖွဲ့ အစည်းအချို့တွင် မနောပွဲတော် ၌ ပါဝင် ဆင်နွှဲခြင်း မပြုကြရန် ပြောဆိုမှုများ ရှိခဲ့ကြသည်။ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်နေ ဒေသခံတစ်ဦးကမူ မနော (မနောင်) ပွဲကိုယခုအချိန် ပြန်လည် ကျင်းပရ ခြင်းအပေါ် ၎င်း၏အမြင်ကို ယခု ကဲ့သို့ ပြောပြသည်။

‘‘နိုင်ငံရေးအရ အမြတ်ထုတ် တာလို့ပဲ မြင်တယ်’’ဟု ဆိုသည်။

ဝေဖန်ကန့်ကွက်မှုများ ရှိခဲ့ သည့်ကြားမှ ကချင်လူမျိုးတို့ အထိမ်းအမှတ် ရိုးရာ မနော (မနောင်)ပွဲတော်ကို ခမ်းနားစွာ ပြုလုပ်နေပြီဖြစ်သည်။ အသက် (၂၅) နှစ်အရွယ် မြစ်ကြီးနားဒေသ ခံ မအင်နော်က ၎င်း၏ မနောပွဲ တော်ဆန္ဒကို အောက်ပါအတိုင်း ပြောသည်။

‘‘လာမယ့် မနောပွဲတော်တွေ မှာ စစ်ဘေးသင့် ပြည်သူတွေအပါ အ၀င် အားလုံးငြိမ်းချမ်းစွာ ပါဝင် ချင်ပါတယ်’’

7Day News Journal

No comments:

Post a Comment

My Blog List