Tuesday, January 06, 2015

ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးမည့်ရက် တိကျစွာ မပြောနိုင်သေးဟု ဦးအောင်မင်းပြော



တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အောက်ခြေပိုင်းတွင် သဘောတူညီမှု ရရှိပြီးဖြစ်သော် လည်း ငြိမ်းချမ်းရေးအတွက် လက်မှတ် ထိုးနိုင်မည့်ရက်ကို တိတိပပ မပြောနိုင်သေးဟု ပြည်ထောင်စု ငြိမ်ချမ်းရေး ဖော်ဆောင်ရေး ကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါ ရီ ၅ ရက်တွင် ပြော သည်။ 



ဇန်န၀ါရီ ၅ ရက်က နေပြည်တော် MICC- 2 တွင် သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ တွေ့ဆုံပြီးနောက် ဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အောက်ခြေ ပိုင်းတွင် သဘောတူညီမှု ရရှိပြီး ဖြစ်သော ကြောင့် ယုံကြည်မှု ပိုမိုရရှိရန် နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ တွေ့ဆုံခြင်းဖြစ်သည်ဟု ပြည်ထောင်စု ငြိမ်ချမ်းရေးဖော်ဆောင်ရေး ကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါ ရီ ၅ ရက်တွင် ပြောသည်။

ဇန်န၀ါရီ ၅ ရက်က နေပြည်တော်MICC- 2 တွင် သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ တွေ့ ဆုံပြီးနောက် ဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက “မြန်မြန်သွားချင်တဲ့သူ တိုင်းရင်းသားတွေ က ပြည်ထောင်စုနေ့ကြီးမှာ လက်မှတ်ထိုး ရအောင် ပြော တာတွေရှိတယ်။ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးနိုင်ဖို့ဆိုတာက ကြား ထဲမှာ အများကြီးလုပ် စရာတွေ ရှိတယ်။ ကြားထဲမှာ နိုင်ငံတော် သမ္မတနဲ့လည်းတွေ့ သင့်တာပေါ့”ဟု တွေ့ဆုံပွဲအပြီးတွင် ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့၏ခေါင်းဆောင်များက နိုင်ငံတော် သမ္မတထံ လိုချင်သည့် အချက် အလက်များ တောင်းဆို ကြပြီး နိုင်ငံတော် သမ္မတကလည်း အချို့ကိစ်္စရပ်များ တာဝန်ယူထားသည့်အတွက် ယုံကြည်မှု ပိုပြီးတည် ဆောက်နိုင်သည်ဟုလည်း ဦးအောင်မင်းက ဆက်ပြောသည်။ သို့ဖြစ်၍ ငြိမ်းချမ်းရေး ဖြစ်စဉ်က ရှေ့သို့ တိုးနိုင်သည်ဟု ဆိုသော်လည်း မည်သည့်ရက်တွင် လက်မှတ်ထိုးနိုင်မည်ကို တိတိကျကျ ပြောဆိုနိုင်ခြင်း မရှိသေးဘူးဟု ဆိုသည်။

တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲ အဖွင့်မိန့်ခွန်းတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က “ပြည် တွင်းငြိမ်းချမ်းရေး ရရှိဖို့ တစ်ခုတည်းသော နည်းလမ်းက နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပါတယ်။ တစ်ခုတည်းသော နည်းလမ်းက နိုင်ငံရေးဆွေနွေး ပွဲဖြစ်တယ် ဆိုတာကို အားလုံးသဘောပေါက်ကြပြီး ဖြစ်ပါတယ်။ နိုင်ငံရေး သဘောတူညီချက်တွေကို ခိုင်ခိုင်မာမာ ရရှိနိုင် မှာသာ ပေါင်းစည်းရေး နည်းလမ်းကို အာမခံနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ အထွေထွေ အတွင်းရေးမှူး၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယ ခေါင်းဆောင် ပဒိုစော ကွယ်ထူးဝင်းကလည်း “ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုး ဖို့က နောက်ဆုံးရက် ညှိုနှိုင်းတွေ့ဆုံမှုမှာ ကျွန်တော်တို့သဘောတူညီတဲ့အချက်များ ရှိခဲ့တယ်။ အချက်အလက် အနည်းငယ်ကျန်ပြီးတော့ ဆက်လက် ညှိနှိုင်းမှုများရှိတဲ့အတွက် ဒီကာလ အတွင်းထဲမှာ ဖေဖော်ဝါရီလ ၁၂ ရက်မတိုင်ခင် ညှိနှိုင်းမှုတွေ လုပ် ဆောင်နိုင် မယ်ဆိုရင် အကုန်လုံး သဘောတူနိုင်မယ့် အနေအထား ရှိတဲ့အတွက် ပြောတာပေါ့။ ဒါကလည်း ဆန္ဒရှိတာပေါ့”ဟု ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေး ထိုးရေးအတွက် စစ်ရေး ဆိုင်ရာကိစ္စများ သဘောတူညီပြီဆိုပါက လက်မှတ်ရေးထိုးရန်နီးစပ်လာပြီဟု ဆိုနိုင်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ရွေးကောက်ပွဲကို ကူညီပေးရန် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကို သမ္မတ တောင်းဆို

ယင်းအပြင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်စွာ ကျင်းပနိုင်ရန် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့အားကူညီပေးရန် သမ္မတ ဦးသိန်းစိန်က တောင်းဆိုလိုက်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က

“အထူးမေတ္တာရပ်ခံပြောကြားလိုတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေနဲ့ မိမိတို့နေတဲ့ဒေသ တွေ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်နိုင်ဖို့အတွက် ၀ိုင်းဝန်းကူညီပေး ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်”ဟု ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာကမူ “ယေဘုယျ အားဖြင့် ရွေးကောက်ပွဲဆိုတာက ဒီမိုကရေစီစနစ်ရဲ့ မဏ္ဍိုင်တစ်ခု ဖြစ်တာ။ ဒီမိုကရေစီစနစ်ကို တည်ဆောက် မယ်ဆိုရင် ရွေးကောက်ပွဲက မပါမဖြစ်မဏ္ဍိုင် တစ်ခုဖြစ်တာ ပေါ့”ဟု ဆိုသည်။

နေပြည်တော်တွင် နိုင်ငံတော် သမ္မတ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ ပထမဆုံးအကြိမ် နှစ်နာရီကြာ တွေ့ဆုံခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List