မြန်မာ့လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဆန်းစစ်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ်ယန်ဟီးလီဟာ ဒီကနေ့ မနက် ၁၀ နာရီက ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
IMG_1182(1)ဒီတွေ့ဆုံပွဲမှာ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂတွေကို အစိုးရက လွတ်လပ်စွာ ဖွဲ့စည်းခွင့် မပေးတဲ့ ကိစ္စ၊ ကျောင်းသားထုအခွင့်အရေး ဆုံးရှုံးနေတဲ့ ကိစ္စ၊ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့နဲ့ လှူဒါန်းတဲ့ ငွေကြေးတွေဟာ စစ်အစိုးရ အာဏာတည်မြဲရေး အတွက် အထောက်ပံ့တွေ ဖြစ်နေတဲ့အ တွက် ထောက်ပံ့ကူညီပေးနေတဲ့နိုင်ငံတွေအနေနဲ့ ပြန်လည် သုံးသပ်ပေးဖို့ ဗကသက တင်ပြခဲ့ပါတယ်။
ဒါအပြင် လက်ရှိ အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေ အပေါ်မှာ ကျောင်းသားတွေ ကန့်ကွက်နေတဲ့ကိစ္စအပါအဝင် ၄ ပွင့်ဆိုင် တွေ့ ဆုံ ဆွေးနွေးဖို့ ရာဇသံ ပေးထားပေမယ့်လည်း ဒီကနေ့ အချိန်ထိ လျစ်လျူရှုထားတဲ့ကိစ္စတွေ မစ္စယန်ဟီးလီကို ဆွေးနွေး တင်ပြခဲ့တယ်လို့ ဗကသအဖွဲ့ချုပ်က သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ဒီဗွီဘီကို ပြောပါတယ်။
DVB

No comments:
Post a Comment