Monday, January 05, 2015

နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအတွက် ကေအိုင်အိုအပါအဝင် ကချင်အဖွဲ့အစည်းများနှင့် ၈၈မျိုးဆက်များဆွေးနွေးမည်


အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန် အတွက် ဆွေးနွေးနေရာတွင် အပြီး မသတ်နိုင်သေးဘဲ နှောင့်နှေးမှုများရှိနေသည့်အပေါ် မေးမြန်း ဆွေးနွေး မှုများပြုလုပ်ရန်အတွက် ကေအိုင် အိုအပါဝင် ကချင်လူမှု အသင်းအဖွဲ့များနှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ အကြား ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း နှစ်ဖက်တာဝန်ရှိသူ များက ဖလားဝါးနယူးစ်သို့ပြောသည်။

''မြစ်ကြီးနားမှာ ဆွေးနွေးမှာပါ ကေအိုင်အို TAT အဖွဲ့ပါမယ်။ KBC လို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့တို့၊ PCG တို့ လို ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ တွေနဲ့ပါ တွေ့ပြီးဆွေးနွေးဖြစ်မယ်'' ဟု ၈၈မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရေးရာဌာန မှကိုမြအေးက ဖလားဝါးနယူးစ်သို့ ပြောသည်။

တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆွေး နွေးမှုများသည် ပြီးခဲ့သည့် လအနည်းငယ်မှစ တင်ကာ တင်းမာမှုများဖြစ်ပေါ်လာပြီး ယခု နောက်ဆုံးအခြေအနေတွင် ဆွေးနွေးပွဲကျင်း ပမည့်နေရာနှင့်ပတ်သက်၍ ညှိနှိုင်းမရဖြစ် နေသည်။ စက်တင်ဘာဆွေးနွေးပွဲနောက် ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပြီးခဲ့သည့် ဒီဇင် ဘာလက ရန်ကုန်မြို့တွင် နှစ်ဖက်တာဝန် ရှိသူများတွေ့ ဆုံဆွေးနွေးခဲ့သော်လည်း ယင်း ဆွေးနွေးပွဲမှာ တရားဝင်ဆွေးနွေးပွဲ မဟုတ်ခဲ့သလို ကေအိုင်အိုမှထိပ်တန်းခေါင်းဆောင် များသည် လည်း ယင်းဆွေးနွေးပွဲ ကိုတက် ရောက်ခဲ့ခြင်းမရှိချေ။

''ဝင်ညှိပေးတာလားဆိုတော့လဲ အပြည့်အဝတော့မဟုတ်ဘူး။ တစ်ဖက်က နိုင်ငံရေးအခြေအနေအရ လမ်းကြောင်းတွေ ကျပ်နေတော့အပစ်ရပ်ပြီး နိုင်ငံရေးဆွေး နွေးပွဲလမ်းကြောင်းလေးများ ပေါ်လာမလား လို့ပါ။ 

၂ဝ၁၅ကပ်လာတာလဲပါပါတယ်။ အပစ်ရပ်စာချုပ်မှာ ဘယ်နေရာတွေမှာတစ် ဆို့ပြီး ခက်နေတယ်။ နောက် တစ်ချက်က လက်တွေ့မြေပြင်မှာ တပ်တွေကြုံနေရတဲ့ အခက်အခဲတွေနဲ့ ဘာကြောင့်ထိတွေ့တိုက် ခိုက်မှုလေးတွေဖြစ်နေရတယ်ဆိုတာလေး တွေကိုပါ သိချင်လို့လဲပါပါတယ်''ဟု ကိုမြ အေးက ပြောသည်။

KIO ကချင်လွတ်မြောက်ရေး အဖွဲ့အပါအဝင် ကချင်လူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံရန်အတွက် ၈၈ မျိုးဆက် ကျောင်းသားများမှာ မြစ်ကြီးနားမြို့သို့ ဇန်န ဝါရီ ၅ရက်တွင် သွားရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။

TheFlowerNews

No comments:

Post a Comment

My Blog List