Monday, March 16, 2015

နေပြည်တော်သို့KIO ၏ ငြိမ်းချမ်းရေး ပထမခြေလှမ်း







တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်ရန် အတွက် ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT)တို့ (၇)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရှိ မြန်မာငြိမ်း ချမ်းရေးပြန် လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)၌ ယခုလ ၁၇ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ယင်းဆွေးနွေးပွဲမတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သောအဖွဲ့နှင့် KIO လွတ်မြောက်ရေးအဖွဲ့မှ ကိုယ်စားလှယ်အ ဖွဲ့ခေါင်းဆောင် ဒေါက်တာလဂျာ ဦးဆောင်သောအဖွဲ့တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အပြုသဘောဆောင် သည့် ဆွေးနွေးမှု များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြ သူအချို့၏ ပြောကြားချက် များကို ဖော်ပြလိုက်ရပါသည်။
''စစ်ရေးကြောင့် ဖြစ်ပွားတဲ့ ဆိုးရွားမှု၊ ဆုတ်ယုတ်မှုကိစ္စတွေကို ကာကွယ်ကြဖို့ နည်းလမ်းတွေ ပြောကြ တာပါ''

ဒေါက်တာလဂျာ (အထွေထွေအတွင်းရေးမှူး) ကချင် လွတ်မြောက်ရေး အဖွဲ့(KIO) ဒီမနက်ပိုင်း မှာ ဒုတိယ သမ္မတနဲ့ ခေါင်းဆောင်တွေရယ်၊ ကျွန်တော်တို့ ကေအိုင်အိုဗဟိုအဖွဲ့အစည်းနဲ့ မိတ်ဆက်သဘောနဲ့ ပထမ
ဆုံးတွေ့ဆုံတာပါ။ ကျွန်တော်တို့ ပြောကြတာတော့ လက်နက်ကိုင် ပဋိပက္ခလျှော့ ချရေးနဲ့ တိုက်ခိုက်မှု တွေ ဘယ်လိုကာကွယ်မလဲဆိုတဲ့ နည်းလမ်းတွေ ရှာကြဖို့ ပြောကြပါတယ်။

စစ်ရေး ကြောင့်ဖြစ်ပွားတဲ့ ဆိုးရွားမှု၊ ဆုတ်ယုတ်မှုကိစ္စတွေကို ကာကွယ်ကြဖို့ နည်းလမ်းတွေ ပြောကြ တာပါ။ ဆွေးနွေးမှုတွေတော့ မရှိသေးဘူး။ အခြား တိုင်းရင်းသားတွေနဲ့ အတူတကွ တာဝန်သိမှု၊ တာဝန်ယူ မှုနဲ့ ပါဝင်ခဲ့တဲ့အကြောင်း တွေကို လည်း ပြောခဲ့ပါတယ်။ အဖြေကောင်းတွေရရှိဖို့ အားနည်းချက်တွေကိုလက် ခံပြီး အားကောင်းလာအောင် ပြုပြင်ဆောင်ရွက်ကြရမယ်။ ယုံကြည်မှုအပိုင်း ကိုလည်း တည်ဆောက်နိုင် ကြမှာပါ။

''ပဋိပက္ခတွေ ဖြစ်နေရင် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုဖို့က အဟန့် အတား အကန့် အသတ်တွေဖြစ်နိုင် ပါတယ်''

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
သမ္မတရုံးဝန်ကြီးဌာန

ဒီနေ့ပွဲဟာ ရန်ကုန်မှာလုပ်မယ့် ပွဲရဲ့ ရှေ့ပြေးပါ။ ရန်ကုန် MPC မှာ ၁၇ ရက်မှာ လုပ်ပါမယ်။NCCT နဲ့ UPWC စာချုပ်ချုပ်ဆိုတာ (၇) ကြိမ်မြောက် အစည်းအဝေးပဲဖြစ်ပါတယ်။ အဲဒီအစည်းအဝေးအတွက် ကေအိုင်အေ အဖွဲ့က လိုင်ဇာကနေ မန္တလေး၊ မန္တလေး ကနေ နေပြည်တော်၊ နေပြည်တော် ကနေ ရန်ကုန်ကို သွားမှာဖြစ် ပါတယ်။ ဒီနေ့မှာတော့ ကေအိုင်အေအဖွဲ့နဲ့ Bilateral ဆွေးနွေးပွဲဖြစ်ပါတယ်။ ကြုံကြိုက်လို့ လုပ်တာမဟုတ်ပါ ဘူး။ ကျွန်တော်တို့ တွေ့ဆုံဖို့ ကြိုတင်စီစဉ်ပြီး လုပ်ကိုင်ခဲ့တာပါ။ တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်းနဲ့ Bilateral တွေက လည်း လိုအပ်ပါတယ်။ NCCT အတွက်ဆွေးနွေးပွဲတွေကတော့ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့ နဲ့ ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပဋိပက္ခတွေ လျှော့ချရေး အကြောင်းပါပဲ။ ပဋိပက္ခတွေ ဖြစ်နေရင် အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုဖို့က အဟန့်အတားအကန့်အသတ်တွေဖြစ်နိုင်ပါတယ်။

''ယခုလိုကေအိုင်အိုအဖွဲ့ လာရောက်တွေ့ဆုံတာ ထူးခြားသလို အဓိပ္ပာယ်လည်း ရှိပါတယ်''

ဦးလှမောင်ရွှေ(အကြီးတန်းအကြံပေး)
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)

ဒီနေ့မှာ နိုင်ငံတော်အစိုးရရဲ့ကိုယ်စား ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်တဲ့အဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့တွေထဲကကေအိုင်အေ အဖွဲ့က လာရောက် တွေ့ဆုံတာပါ။ နိုင်ငံတော်သမ္မတကြီးက ၂ဝ၁၁ ခုနှစ် သြဂုတ်လက ဖိတ်ခေါ်ပြီး နောက် ပိုင်းမှာ တိုင်းရင်းသား အဖွဲ့တွေ နေပြည်တော် မှာ တွေ့ဆုံခဲ့တာ ရှိပါတယ်။

ဒီနေ့ ကေအိုင်အေအဖွဲ့နဲ့ တွေ့ဆုံမှုကလည်း ထူးခြားတဲ့ တွေ့ဆုံ မှုပါ။ ကေအိုင် အိုနဲ့ လွန်ခဲ့တဲ့ ၁၇ နှစ်က အပစ်အခတ်ရပ်ခဲ့တာရှိပေမယ့် ၂ဝ၁၁ ခုနှစ်မှာ ပဋိ ပက္ခတွေ ပြန်ဖြစ်လာပါတယ်။ ဒီလိုအချိန်မျိုးမှာ လာရောက်တွေ့ဆုံနိုင်တာ ကောင်းပါတယ်။ ရန်ကုန်မှာ လာမယ့် ၁၇ ရက်မှာဆွေးနွေးဖို့ အဓိက (၈) ချက် ပဲရှိပါတယ်။ ဒါတွေကို နှစ်ဖက် သဘောတူ ညီချက်ရခဲ့ရင် ပြည်သူတွေလိုချင်တဲ့ ငြိမ်းချမ်းရေးကို နောက် တစ်ဆင့်သွားနိုင်ဖို့အတွက် လက်မှတ်ရေး ထိုးနိုင်မှာပါ။ ဒါကြောင့်မို့ ဒီဆွေးနွေးပွဲမတိုင်မီ နှစ်ရက်အလိုမှာ ယခုလိုကေအိုင်အိုအဖွဲ့ လာရောက်တွေ့ဆုံတာ ထူးခြားသလို အဓိပ္ပာယ်လည်း ရှိပါတယ်။ ''တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အောင်မြင်ဖို့လိုအပ်တယ်''

ဗိုလ်ချုပ်ဂွမ်မော်(‘ဒုတိယစစ်ဦးစီးချုပ်)
ကေအိုင်အိုလွတ်မြောက်ရေးအဖွဲ့

ဒီမနက်ကတော့ အဓိက ‘ဒုတိယသမ္မတနဲ့ တွေ့ဆုံတဲ့ပွဲဖြစ်ပါတယ်၊ အဓိက အနေနဲ့ (၇) ကြိမ်မြောက် NCCTနဲ့UPWC တို့တွေ့ဆုံဖို့ သွားရင်း နဲ့ နေပြည်တော်မှာ ဒုတိယ သမ္မတက လက်ခံတွေ့ တာဖြစ်ပါတယ်။
ကျွန်တော် တို့ ဆက်လက်ပြီး ဆောင်ရွက်မယ့်NCAမှာ ဘယ် လိုအောင်မြင်အောင် လုပ် ဆောင်ကြမလဲဆို တဲ့ အပိုင်းကို သဘောထားချင်း ဖလှယ်တာဖြစ်ပါတယ်။ သဘော တူညီချက်အနေနဲ့ကတော့ အချက်အလက် အပေါ်မဟုတ်ဘဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်အောင်မြင်ဖို့ လိုအပ်တယ်။ နှစ်ဖက်စလုံး က အောင်မြင်အောင် ကြိုးစားကြမယ်ဆိုတဲ့ သဘောထားကို ဖလှယ်ကြတာဖြစ်ပါ တယ်။ လောက်ကိုင် ကိစ္စကတော့ ကျွန်တော်တို့ KIOနဲ့ တိုက်ရိုက် မပတ်သက် ပါဘူး။ လောက်ကိုင်မှာရှိနေတဲ့ ကိုးကန့်အဖွဲ့ ကတော့ ကျွန်တော်တို့NCCTရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က နိုင်ငံရေးအရ လက်တွဲခေါ်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ စစ်ရေးမှာတော့ လောက်ကိုင်ဒေသတွေမှာ ပါဝင်ဖို့ မရှိပါဘူး။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့တွေ့ချင်ပါတယ်။ ခေါင်းဆောင်တွေ တွေ့ဖို့ အားမယ်ဆို ရင်တော့ တွေ့ ဖို့ လည်း မျှော်လင့်ပါတယ်။

MOI

No comments:

Post a Comment

My Blog List