Friday, March 20, 2015

ဒေါက်တာ ဆိတ်ဖွားအဖြစ် မင်းသားကြီး ကျော်သူပြန်လာပြီ









၈ နှစ်ကြာ ရုပ်ရှင်သရုပ်ဆောင်အဖြစ်က ရပ်နားထားတဲ့ အကယ်ဒမီ မင်းသားကြီး ကျော်သူဟာ မင်းသိင်္ခရဲ့ နာမည်ကြီး ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွားဝတ္ထုကို အသက်သွင်းရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ စတင်ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားကို မတ်လ ၁၈ ရက်နေ့က ရန်ကုန် မြရိပ်ညိုဟိုတယ်မှာ  ကန်တော့ပွဲပေးပြီး ဒါရိုက်တာ ခင်စောမျိုးက  စတင်ပုံဖော် ရိုက်ကူးနေ တာဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ မင်းသား ကျော်သူက ဒေါက်တာဆိတ်ဖွားအဖြစ် သရုပ်ဆောင်ပြီး အင်စပတ်တာ ရဲအရာရှိအဖြစ် ရန်အောင်၊ လူမိုက်မိုးသီးအဖြစ် ရဲအောင်၊ သူခိုးကြီး သေတ္တာ အဖြစ် မင်းဦးနဲ့  ဆားပုလင်းနှင်းမောင်အဖြစ် ထွန်းလွင်အောင်တို့က သရုပ်ဆောင်ထားပြီး  မင်းသမီးတွေကတော့ စံရတီမိုးမြင့်၊ မေမြတ်နိုးနဲ့ ရွှေပန်းချီတို့ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အပေါ် အလှမယ် မေမြတ်နိုးက “အခုလိုမျိုး ဦးကျော်သူနဲ့အတူ ပထမဦးဆုံး  ရုပ်ရှင်ကားBကီးမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတယ်။ ပြီးတော့ မင်းသားကြီး ၄ ယောက်နဲ့အတူ အခုလိုမျိုး သရုပ်ဆောင်ခွင့်ရမယ်ဆိုတော့ အရမ်းကို ၀မ်းသာ ပါတယ်။ စိတ်လှုပ်ရှားနေပါတယ်“ လို့ ဒီဗွီဘီကို ပြောပါတယ်။

မင်းသားကြီးကျော်သူဟာ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်အရေးအခင်းမှာ သပိတ်မှောက် သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့လို့ ဖမ်းဆီးထိန်း သိမ်းခံရပြီးကတည်းက ရုပ်ရှင်နဲ့ ဗွီဒီယို အနုပညာ လုပ်ငန်းတွေမှာ ပါဝင်ခွင့် ၅ နှစ်လောက် ပိတ်ပင်ခံခဲ့ရတာပါ။

မင်းသားကျော်သူအပေါ် ရုပ်ရှင်ရိုက်ခွင့်ပိတ်ပင်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ၂၀၁၂ ခုမှာ  ရုပ်ရှင်အစည်း အရုံးက ပြန်ကြားရေးဌာနကို တရားဝင် မေးမြန်းခဲ့ရာမှာ ပြန်ကြားရေးက မင်းသားကျော်သူကို ရုပ်ရှင်ရိုက် ကူးခွင့် တရားဝင် ပိတ်ပင်ထားတာလို့ မသုံးနှုန်းဘဲ ၂၀၁၁ ခု ဒီဇင်ဘာမှာကျော်သူရဲ့ ဇာတ်လမ်းတို ရုပ်ရှင် ကို လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်မှာ ပြန်လည် ပြသခွင့်ပြုပြီးသားဖြစ်တယ်လို့  အကြောင်းပြန်စာ စာပေးပို့ခဲ့တာဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List