Wednesday, March 18, 2015

ဂက်စ်တိုဘားဆိုင်ရှင်နှင့် မန်နေဂျာနှစ်ဦးအား ထောင်ဒဏ် ၂ နှစ်ခွဲစီချမှတ်


ဗုဒ္ဓရုပ်ပွားတော်ကို နား ကြပ်တပ်ထားသည့်ပုံဖြင့် ဖေ့စ် ဘွတ်ခ်ပေါ် တွင် ကြော်ငြာခဲ့သည့် ကိစ္စနှင့် ပတ်သက် ၍ ဂက်စ်တို ဘားဆိုင်ပိုင်ရှင်၊ အထွေထွေမန် နေဂျာနှင့် မန်နေဂျာတို့အား ပုဒ်မ ၂၉၅ (က) နှင့် ပုဒ်မ ၁၈၈ အရ အ လုပ်နှင့် ထောင်ဒဏ် ၂ နှစ်ခွဲစီ အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ ရုပ်ပွားတော်ပုံကို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင် ခဲ့သောကြောင့် ဂက်စ်တိုဘားဆိုင် တာဝန်ရှိသူ များအား ဗဟန်းမြို့နယ် တရားရုံး၌ ပုဒ်မ ၂၉၅၊ ၂၉၅ (က)၊ ပုဒ်မ ၁၈၈ တို့ဖြင့် တရားစွဲဆိုခဲ့ပြီး မတ်လ ၁၇ ရက် ရုံးချိန်းတွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဗဟန်းမြို့နယ်တရားသူကြီးက ၎င်းတို့ကို စွဲဆိုထားသော ပုဒ်မများတွင် ပုဒ်မ ၂၉၅ သည် ဥပဒေဆိုင်ရာ ပြစ်မှု မမြောက်ကြောင်း ပြောကြားခဲ့ပြီး မစ္စတာဖီးလစ်အားပုဒ်မ ၂၉၅ (က) ကို ကျူးလွန်၍ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်၊ ထွန်းသူရိန်နှင့် ထွဋ်ကိုကိုလွင်အား အဆိုပါဖြစ်စဉ်ဖြစ်မြောက်ရန် အားပေးကူညီမှု ပုဒ်မ ၂၉၅ (က)/ ၁၀၉ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းတို့ကို တရားစွဲဆိုထားသည့် ပုဒ်မ ၁၈၈ နှင့်လည်း အလုပ်နှင့် ထောင်ဒဏ်ခြောက်လချမှတ်ခဲ့သည်။

အဆိုပါပြစ်ဒဏ်များမှ ချုပ် ရက်ကို လျှော့၍ ခံစားနိုင်မည်ဖြစ် ပြီး အထက်တရားရုံးများသို့ အယူ ခံဝင်ခွင့် ရှိကြောင်း ဗဟန်းမြို့နယ် တရားသူကြီးက မတ်လ ၁၇ ရက် တွင် အမိန့်ချခဲ့သည်။

‘‘ပုဒ်မ ၂၉၅ နဲ့က ရုပ်တုမ ဟုတ်တဲ့အတွက် ပြစ်မှုမမြောက် ဘူး။ ၂၉၅ (က)နဲ့က ဒီပုံတော်ကို ကြည့်ခြင်း အားဖြင့် ဗုဒ္ဓဘာသာကိုးကွယ် တဲ့ ပြည်သူတွေရဲ့ စိတ်ကို ညစ်ညူးစေတာကြောင့် ထောင် ဒဏ် ၂ နှစ်ချ တယ်’’ဟု နယူးဇီလန်နိုင်ငံသား မစ္စတာ ဖီးလစ်၏ ရှေ့ နေ ဦးမြသွေးက ပြောသည်။

ဂက်စ်တိုဘားဆိုင်ပိုင်ရှင် ထွန်းသူရိန်၏ ဇနီးက ချမှတ်လိုက်သော ပြစ်ဒဏ် များသည် တရားမျှတမှုမ ရှိသောကြောင့် ဥပ ဒေအကြံပေးများနှင့် တိုင်ပင်၍ ဆက်လက်လုပ်ဆောင်မည်ဟု ပြောသည်။

‘‘လုပ်တဲ့သူက လုပ်တယ်လို့ ၀န်ခံတယ်။ သူလုပ်တဲ့အချိန်မှာ ပိုင်ရှင်လည်း မသိဘူး။ ဘယ်သူမှ မသိဘဲ သူ့ဟာသူ တင်တယ်ဆိုတာကို ၀န်ခံပြီးကတည်းက အဖြူနဲ့ အမည်းက သဲကွဲနေပြီ။ ဘယ်သူအပြစ်ရှိတယ်၊ မရှိဘူး သဲကွဲနေတာကို ဒီလိုစီရင်ချက်ချတာ အံ့သြတယ်။ ဒီစီရင်ချက်ကို အရမ်းရှုတ်ချတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မမှန်မကန်ဆုံးဖြတ်တာကြီး။ လုပ်တဲ့လူက လုပ်ပါတယ်ဆိုတာကို ကျန်တဲ့ နှစ်ယောက်ကိုပါ မင်းတို့ပါ လိုက်သွားတော့ဆိုတာမျိုးကြီး မဖြစ်နေဘူးလား’’ဟု ဖေ့စ်ဘွတ်ခ်ပေါ်တွင် တင်ခဲ့သည့်ကိစ္စအား မစ္စတာဖီးလစ်က ၀န်ခံသော်လည်း ဆိုင်ပိုင်ရှင်နှင့် မန်နေဂျာကိုပါ ပြစ်ဒဏ်များ ချမှတ်ခဲ့သည့်အပေါ် ထွန်းသူရိန်၏ ဇနီးက မှတ်ချက်ပြု သည်။

မန်နေဂျာ ထွဋ်ကိုကိုလွင်၏ မိခင်ကလည်း အဆိုပါပြစ်ဒဏ်ကို အာဏာဖြင့် အမိန့်ချသည်လား၊ တရား ဥပဒေနှင့် အမိန့်ချသည် လားသိလိုကြောင်း ပြော သည်။ ထို့ပြင် အမိန့်ချပြီးချိန်၌ အဆိုပါအမှုကို လာရောက်စောင့် ကြည့်နေ သော ဘုန်းတော်ကြီးတစ်ပါးနှင့် စကားအချေအတင်ဖြစ်ခဲ့ကာ မိနစ်အနည်းငယ် ခန့်ကြာ   ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သောကြောင့် ၎င်းနှင့်  လိုက်ပါလာသူများက ထိန်းခဲ့ရသည်။

 အဆိုပါ အမှုဖြစ်စဉ်တစ် လျှောက်တွင် လာရောက်စောင့် ကြည့်ခဲ့ကြသည့် ဗုဒ္ဓဘာသာအ သင်းအဖွဲ့အချို့မှ သံဃာတော် များနှင့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း နှစ်ဆယ်ခန့်က အပြီး သတ်အမိန့်ချမှတ်သည့်နေ့တွင် လည်း ဗဟန်းမြို့နယ် တရားရုံးသို့ လာရောက်ခဲ့ကြသည်။

7Day Daily

No comments:

Post a Comment

My Blog List