သာယာဝတီထောင်မှာ အဖမ်းခံထားရတဲ့ကျောင်းသားတွေကို ဒီနေ့ကစပြီး မိဘတွေနဲ့ ထောင်ဝင်စာတွေ့ ခွင့်ပေးနေပြီလို့ သာယာဝတီ အန်အယ်လ်ဒီပါတီဝင် ကိုကျော်နိုင်ဦးက ပြောပါတယ်။
တနင်္ဂနွေနေ့ကလွဲပြီး ကျန်တဲ့နေ့တွေမှာ တပတ်တခါ ထောင်ဝင်စာတွေ့ ခွင့်ပေးမယ်လို့ ထောင်အာဏာ ပိုင်တွေက ပြောတယ်လို့ ဆိုပါတယ်။
ထောင်ဝင်စာလာတွေ့မယ့်သူတွေဟာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းယူ လာကြဖို့ လိုအပ်ပြီး အဲ့ဒီနှစ်ခု ပါမလာလို့ တွေ့ခွင့်မရတဲ့ မိဘတွေ သာယာဝတီထောင်မှာ တွေ့ခဲ့ရတယ်လို့လည်း ကိုကျော်နိုင်ဦးက ပြော ပါတယ်။
ကျောင်းသားခါင်းဆောင်တွေဖြစ်ကြတဲ့ မင်းသွေးသစ်နဲ့ မဖြိုးဖြိုးအောင်တို့ မိဘတွေ ဒီနေ့ညနေပိုင်း ထောင် ၀င်စာလာတွေ့ဖို့ ရှိတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
မတ်လ ၁၀ ရက် လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲမှုအတွင်း ဖမ်းထားတဲ့ ရာနဲ့ချီတဲ့ကျောင်းသားနဲ့ ၀န်းရံ သူတွေ သာယာဝတီထောင်ထဲမှာ ချုပ်နှောင် ထားတာ ဖြစ်ပြီး သူတို့ကို ပုဒ်မ အနည်းဆုံး ၅ ခုလောက် နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
DVB



No comments:
Post a Comment