Friday, March 20, 2015

ယင်လပ်အပေါ် ဆန်ကိစ္စနှင့်ပတ်သက်ပြီး စွပ်စွဲချက် ဗဟိုတရားရုံးလက်ခံ


ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်အပေါ် ဆန်ကိစ္စနဲ့ပတ်သက် ပြီး ရှေ့နေချုပ်ရုံးရဲ့ စွပ်စွဲချက်ကို တရားသူကြီး ၉ ဦးထိုင် ထိုင်းနိုင်ငံ ဗဟို တရားရုံးချုပ်က မတ် ၁၉ ရက်မှာ လက်ခံလိုက်ပါတယ်။ယင်လပ်ကို တာဝန်ဝတ္တရားပျက်ကွက်မှု၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်မှုနဲ့ အကျင့်ပျက်ခြစားတိုက်ဖျက်ရေး ပုဒ်မတွေနဲ့ စွဲချက်တင်လိုက်တာလို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းက ရေးပါတယ်။
တရားသူကြီး ၉ ဦးကို ဗဟိုတရားရုံးက မျက်နှာစုံညီ ရွေးချယ်ခဲ့တာ ဖြစ်ပြီး အမှုကို လက်ခံ ကြားနာသွား မှာ ဖြစ်ပါတယ်။

ကြားနာမှုကို မေ ၁၉ ရက်နေ့ မနက် ၉ နာရီခွဲမှာ စတင် လုပ်ဆောင်သွားမယ် လို့လည်း ဆိုပါတယ်။

တရားရုံးကို သတင်းထောက်တွေ အမြောက်အများလာရောက်ခဲ့သလို လုံခြုံရေးက တင်းကြပ်ထားတယ်လို့ ဆိုပါတယ်။

ယင်လပ်ကို ဒီနေ့မနက်တရားရုံးမှာမတွေ့ရသလို သူကို ကာကွယ်ဖို့ အတွက် သတိပေးလွှာကို တရားရုံးက ၇ ရက်အတွင်း ပေးပို့သွားမယ်လို့ သတင်း မှာရေးပါတယ်။

DVB

No comments:

Post a Comment

My Blog List