Tuesday, March 17, 2015

ဂီတလောကကနေ အနားယူတော့မယ်ဆိုတဲ့ တေးသံရှင် ချမ်းချမ်း


''ချမ်းချမ်းဒီနှစ် ထဲမှာဆိုရင် ဇွန်လထဲမှာအမေရိကန် ကိုသွား ပြီးတော့ ဖျော်ဖြေပေးဖို့ရှိပါ တယ်။ အမေရိကန် မှာ ရှိတဲ့မြို့ကြီးကိုးမြို့မှာ သွားပြီးတော့ဖျော်ဖြေပေး ရမှာပါ။ နှစ်လလောက်တော့ကြာ မယ်။ ချမ်းချမ်းနောက် ပိုင်းမှာဂီတနဲ့ ပတ်သက်တဲ့ အလုပ်တွေကိုသိပ်လုပ် ဖြစ်တော့မှာမဟုတ်ပါဘူး။
ချမ်း ချမ်း ဂီတလောကကနေပြီးတော့ အနားယူတော့မှာပါ။ အပြီးသတ် ဂီတကိုမလုပ်တော့ဘူးလို့ ပြောတာ မဟုတ်ပါဘူး။ အခုချိန်မှာချမ်းချမ်း လဲ ကိုယ့်မိသားစုနဲ့ကိုယ်ဖြစ်နေပြီ ဖြစ် တဲ့အတွက် မိသားစုကိုအချိန်ပေး ချင်တယ်။ ပြီးတော့နဂိုကတည်းက ချမ်းချမ်းရဲ့ဘဝကို မိသားစုတွေကို အချိန်ပေးရင်းနဲ့ ကုန်ဆုံးသွားချင် ခဲ့တဲ့ သူတစ်ယောက်ဆိုတော့ ဂီတ အလုပ်တွေကို အရင်တုန်းကလိုမျိုး မလုပ်တော့ပါဘူး။ တစ်ခါတစ်ရံ လောက်ပဲ အချိန်ပေးပြီးတော့လုပ် တော့မယ်။ အရင်တုန်းလိုမျိုးတော့ ချမ်းချမ်းကို ပရိသတ်တွေခဏခဏ တွေ့ရတော့မှာ မဟုတ်ပါဘူး။

တစ်ခါ တစ်ရံဂီတနဲ့ ပတ်သက်ပြီးတော့လုပ် ဖြစ်ခဲ့ရင်လဲ ချမ်းချမ်းရွေးချယ်ပြီး တော့လုပ်သွားမယ်။ နောက် ပိုင်းမှာ မိသားစုလိုက် ခရီးသွားတာမျိုးတွေ မိသားစု အလုပ်ကိုလုပ်ကိုင်ပြီးတော့ နေ့စဉ် ဖြတ်သန်းတာ မျိုးတွေလောက် ပဲ ချမ်းချမ်းလုပ်တော့မယ်။ ချမ်းချမ်း နောက်ဆုံးထွက်ထားတဲ့ 'အိပ်မက်' အမ်တီဗွီအခွေ ကိုလည်း ချမ်းချမ်း အမေရိကန်မှာတစ်ခါတည်း ဖျော် ဖြေရေးသွားရင်းနဲ့ ရိုက်လာခဲ့မယ်။

နောက်ပိုင်းမှာ ချမ်းချမ်းတစ်ကိုယ် တော် ခွေထွက်တော့မှာမဟုတ်ပါ ဘူး။ ပြည်တွင်းမှာဆိုရင်တော့ Dream of Musical တေးဂီတ ဖျော်ဖြေပွဲက ချမ်းချမ်းအတွက် နောက်ဆုံး ဖျော်ဖြေပွဲတစ်ခုဖြစ်မှာ ပါ။

ချမ်းချမ်းဂီတလောကကနေပြီး တော့ အနားယူပြီးသွားရင်တော့ စီး ပွားရေး တစ်ခုခုလုပ်မယ်။ စီးပွား ရေး လုပ်ဖြစ်ခဲ့ရင်လဲ ချမ်းချမ်း အောက်တိုဘာလ လောက်မှာ အ ကောင်အထည်ဖော်ဖြစ်မှာပါ။

NN
 ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

My Blog List