Friday, March 20, 2015

ကိုးကန့်ပြဿ နာ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အန်စီစီတီ တောင်းဆို


ကိုးကန့်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်အကြား လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿ  နာကို စစ်ရေးနည်းနဲ့ မဖြေရှင်း ဘဲ နိုင်ငံရေးနည်းအရဖြေရှင်းဖို့ ရန်ကုန်မှာ  အစိုးရနဲ့  ၇ ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့တွေရဲ့ အန်စီစီတီက အစိုးရကို မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ၇ ကြိမ်မြောက်ဆွေးနွေးနေချိန် လောက်ကိုင်ဒေသမှာ အစိုးရနဲ့ ကိုးကန့်တပ်တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အပေါ် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့  မေတ္တာရပ်ခံ ထားကြောင်း အန်စီစီတီ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော ပါတယ်။

“ကျနော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အားလုံးတာဝန်ရှိတယ်၊ ကိုးကန့်မှာ လည်း တာဝန်ရှိတယ်။ ထို့အတူ ပဲ နိုင်ငံရေးပြဿ နာကို နိုင်ငံရေးနည်းနဲ့ရှင်းဖို့ စစ်ရေးနည်းကို လုံးဝမသုံးဖို့ဆိုတာ ကျနော်တို့မှာမူ ရှိတယ်။ ကိုးကန့်ကလည်း လိုက်လည်း လိုက်နာရမှာဖြစ်တယ်။ အဲဒီလို ကျနော်တို့ ဘက်က စည်းကမ်း ကိုင်သလိုဘဲ တပ်မတော်နဲ့ အစိုးရဘက်ကလည်း ဒီဘောင်ထဲဝင်အောင် ဒီဘောင်အောက်ကနေ အတတ်နိုင်ဆုံး ဒီပဋိ ပက္ခကို လျော့ရမယ် စဉ်းစားပေး ပါလို့ ကျနော်တို့က မေတ္တာရပ်ခံတယ်၊ အန်စီစီက တရားဝင် မေတ္တာရပ်ခံ တယ် မနေ့ကတည်းက။”

အန်စီစီတီဘက်က လက်ရှိဆွေးနွေးနေတဲ့အချိန်အတွင်း ကိုးကန့်ကိစ္စကိုပါ တပါတည်း ထည့်သွင်းဆွေးနွေ ဖို့ တောင်းဆိုခဲ့ပေမယ့် အစိုးရဘက် က နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပချိန်ကျမှ ပါဝင်သင့် ပါဝင် ထိုက်တဲ့ အဖွဲ့တွေပါဝင်ဖို့  ပြောဆိုခဲ့ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက “အဓိက ဆွေးနွေးနေတဲ့ အဖွဲ့ ၁၆ ဖွဲ့ရှိပါတယ်။  ဒီ ၁၆ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးတာကို အရင်ဆောင်ရွက်လိုတယ်။ အဲဒီအဆင့် ကို ကျော်သွားရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်သင့်ပါ ၀င်ထိုက်တဲ့ သူတွေ အားလုံးပါ ၀င်ဖို့ ဆိုတဲ့ မူသဘောတူတယ်” လို့ ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တနိုင်ငံလုံးအပစ်ရပ်စာချုပ်ဆိုင်ရာ ၇ ကြိမ်မြောက်ဆွေးနွေး ပွဲကို မတ်လ ၁၇ရက်နေ့ကတည်းကရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြု လုပ်နေတာဖြစ်ပြီး  ပထမနေ့မှာ ပဋိပက္ခလျော့ချရေးကိစ္စ၊ ဒုတိယနေ့နဲ့ တတိယနေ့မှာတော့  အရေးကြီးတဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

DVB

No comments:

Post a Comment

My Blog List