ပြီးခဲ့သည့် နှစ်ကုန် ပိုင်းမှ စတင်၍ ရပ်နားခဲ့ရသောအပစ်အခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို မတ်လ ၁၇ ရက်တွင် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ပြန်လည် ဆွေးနွေးနေပြီဖြစ်သည်။ KIO နှင့် အစိုးရ အဖွဲ့တို့အကြား ယုံကြည်မှုတည်ဆောက်နိုင်မှသာ NCCT နှင့် UPWC တို့ အကောင်အ ထည်ဖော်နေသော အပစ်အခတ်ရက်စဲရေး ဖြစ်စဉ်များ အောင်မြင်နိုင်မည် ဟု NCCT ပြောခွင့်ရ ဦးနိုင်ဟံသာ က ဆွေးနွေးပွဲ အဖွင့်စကားအဖြစ် ပြောကြားလိုက်သည်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေပွဲကို မြောက်ပိုင်းတွင် ပစ်ခတ်မှု များဖြစ်ပေါ်နေသော်လည်း အတားအဆီးများ ကြားက လာရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
"အကယ်၍ ဆွေးနွေးပွဲမှာ အစိုးရ နဲ့ အပေးအယူတည့်ပါက အပြီးသတ် သဘောတူညီချက်ကို ရယူရန် အသင့်ရှိပါတယ် "ဟု ဦးနိုင်ဟံသာကပြောကြားလိုက်သည်။
၂၀၁၄ စက်တက်ဘာလကတည်းက ရပ်နားခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မတ်လ ၁၇ ရက် တွင် ပြန် လည် စတင်ခဲ့ခြင်းဖြစ်သည်။ထိုဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေး မျှော်မှန်းထားကြသည်။
"KIO အနေနဲ့ NCA ကိုလက်မှတ်ထိုးဖို့ မူအားဖြင့် သဘောတူပြီးပြီ ဆွေးနွေးစရာတွေတော့ ရှိဦးမှာပေါ့ဗျာ" ဟု UPWC အဖွဲ့ဝင် ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောကြားထားသည်။
Mizzima - News in Burmese
No comments:
Post a Comment