Tuesday, March 17, 2015

လူမြင်ကွင်းရှေ့ ကာလအတန်ကြာ ပျောက်ကွယ်နေရာမှ ပူတင် ပြန်လည် ထွက်ပေါ်လာ


လူမြင်ကွင်းရှေ့မှ ဆယ်ရက်မျှ ပျောက်ကွယ်နေရာမှ ရုရှားသမ္မတ ဗလာဒီမာပူတင်တစ်ယောက် ပြန်လည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ မတ်(၅)ရက် ကတည်းက လူအများရှေ့မှောက် လုံးဝ ထွက်ပေါ်မလာဘဲ ထူးထူးဆန်းဆန်း ပျောက်ကွယ်နေသည့် ပူတင်သည် မတ်(၁၆)ရက်တွင် စိန့်ပီတာစဘာ့ဂ်မြို့၌ ပြုလုပ်သည့် အခမ်းအနား တစ်ရပ်တွင် ကြိုတင် စီစဉ်ထားသည့်အတိုင်း ကာဂျစ်စတန် သမ္မတ အယ်လ်မက်ဇ်ဘက်ခ်
 အေတမ်ဘေယက်ဗ်ကို လက်ခံ တွေ့ဆုံခဲ့သည်။
(၁၀)ရက်ကြာမြင့်အောင် ပူတင် ပျောက်ဆုံးနေချိန်၌ ၎င်း၏ ကျန်းမာရေး ဆိုးရွားနေသည်၊ သို့မဟုတ် အာဏာ သိမ်းပြီး သမ္မတ ရာထူးမှ ဖယ်ရှားခံထားရသည်ဆိုသော ကောလာဟလများ ထွက်ပေါ်ခဲ့သေးသည်။ ကရင်မ လင် နန်းတော် အနေဖြင့်လည်း အဆိုပါ ကာလအတွင်း ပူတင်နှင့် ပတ်သက်သည့် မေးခွန်းများကို ခိုင်ခိုင် မာမာ ဖြေဆိုနိုင်ခဲ့ခြင်း မရှိချေ။

အသက်(၆၂)နှစ်ရှိ ပူတင်သည် အတန်ငယ် ဖြူရော်ရော် ပုံစံမျိုး ဖြစ်နေကြောင်း AFPက ဖော်ပြခဲ့သော်လည်း ၎င်းသည် ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းပင် ရှိနေသည်ကို တွေ့ရသည်။ ပူတင်သည် ရုရှား၏ ဒုတိယ မြို့တော်ဖြစ်သည့် စိန့်ပီတာစဘာ့ဂ်ရှိ ကွန်စတန်တီနော့ဗ်စကီး နန်းတော်၌ ပြုလုပ်သော တွေ့ဆုံပွဲသို့ သတ်မှတ်ချိန်ထက် (၂)နာရီ နောက်ကျပြီးမှ ရောက်လာခဲ့သည်။

ပူတင် ပျောက်ကွယ်နေစဉ် အတောအတွင်း ရုရှားအစိုးရ မီဒီယာများက ၎င်း၏ ဓာတ်ပုံများနှင့် ဗီဒီယို မှတ် တမ်းများကို ပြသခဲ့သော်လည်း သမ္မတ ကိုယ်တိုင်ကမူ လူမြင်ကွင်းရှေ့ လုံးဝ ရောက်မလာဘဲ သတင်းပျောက်နေခဲ့ခြင်း ဖြစ် သည်။

ပူတင်သည် မတ်(၁၆)ရက် နံနက်အစောပိုင်းက ကာကွယ်ရေး ဝန်ကြီးဌာနမှ တစ်ဆင့် မြောက်ပိုင်း တိုင်း ရေတပ်ဌာနတွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သေးသော်လည်း စိန့်ပီတာ စဘာ့ဂ် တွေ့ဆုံပွဲ မတိုင်မီ လူလုံးမပြခဲ့သေးသဖြင့် ယခုတွေ့ဆုံပွဲကို ကမ္ဘာ့မီဒီယာများက အာရုံစိုက် စောင့် ကြည့်ခဲ့ကြသည်။

Ref: Telegraph
7Day News Journal

No comments:

Post a Comment

My Blog List