Friday, March 20, 2015

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ စစ်တပ် ဆက်လက် ပါဝင်နေမည်ဟု သမ္မတ ဦးသိန်းစိန် ပြောကြား


မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ကူးပြောင်းရာမှာ တပ်မတော်ရဲ့အခန်းကဏ္ဍဟာ အဓိက နေရာက ဆက်လက် ပါဝင်နေမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲဖို့အတွက် တပ်မတော်က စတင် ပုံဖော်ပေးတာ ဖြစ်ပြီး မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ပါဝင်မှု လျှော့ချသွားဖို့ဆို တာ အချိန်အကန့်အသတ်ထား မပြောနိုင်သေးကြောင်း သမ္မတ ဦးသိန်းစိန်က နေပြည်တော်မှာ ဘီဘီစီကို ပြော ကြားခဲ့တာ ဖြစ်ပါတယ်။
ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ၄ နှစ် သက်တန်းအတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ရှေးရှု တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကတော့ ဆက်ရှိနေ ဆဲ ဖြစ်ပြီး တပ်မတော်ဟာ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ချက်တွေမှာ စစ်တပ်က ဗီတိုသုံးပယ်ချခွင့် ရှိနေတာလည်း ဖြစ် ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ စစ်တပ် ပါဝင်မှု ရှိနေတာနဲ့ ပတ်သက်လို့တော့ တပ်မတော်ဟာ ပါတီနိုင်ငံရေး လုပ်တာ မဟုတ်ဘဲ အမျိုးသား နိုင်ငံရေးကိုသာ လုပ်တာဖြစ်တယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။

တပ်မတော်အလုပ်က နှစ်ခုပါပဲ။ တစ်ခုက တိုင်းပြည်မှာ လိုအပ်လာလို့ရှိရင် တိုင်းပြည်ကို ကာကွယ်ဖို့နဲ့ စစ်တိုက်ဖို့က သူ့ရဲ့အဓိက အလုပ်ဖြစ်ပါတယ်။ စစ်တိုက်ဖို့ မရှိဘူးဆိုရင်တော့ ပြည်သူလူထုရဲ့အကျိုး စီးပွားတွေကို ပါဝင်ကူညီ ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင်ရွက်တယ်ဆို တာဟာ အမျိုးသားနိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်တာပါပဲ လို့ သမ္မတကြီးက ပြောဆိုပါတယ်။

မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ကို ချန်ထားလို့မရကြောင်း၊ ဒီမိုကရေစီစနစ် ပြောင်းလဲတာမှာ တပ်မတော်က အဖက်ဖက်က အကူညီပေးနေတာ ဖြစ်ပြီး ဒီမိုကရေစီအတွေ့အကြုံတွေ အလေ့အကျင့်တွေကို ပါတီတွေ ကနေ လေ့ကျင့်လာတာနဲ့အမျှ တပ်မတော်ရဲ့ အခန်းကဏ္ဍကို တဖြည်းဖြည်း ပြောင်းလဲသွားမှာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

BBC Burmese

No comments:

Post a Comment

My Blog List