Wednesday, March 18, 2015

ပုပ္ပားတောင်မကြီးတွင် လောင်ကျွမ်းနေသည့် တောမီး ငါးရက်ကြာသည်အထိ မငြိမ်းသေး


ပုပ္ပားတောင်မကြီးတွင် ရှို့မီးမှတစ်ဆင့် မတ်လ ၁၃ ရက် ကတည်းက တောမီးလောင်ကျွမ်း ခဲ့ရာ ငါးရက်တာ ကြာမြင့်လာ သော်လည်း ယခုသတင်းရေးသားသည့် မတ်လ ၁၇ ရက် (အင်္ဂါနေ့)ညနေအထိငြှိမ်းသတ်နို င်ခြင်း မရှိဘဲ ဆက်လက် လောင်ကျွမ်းနေဆဲဖြစ်နေကြောင်း သတင်းရရှိ သည်။


ပုပ္ပားတောင်အရှေ့ဘက် ခြမ်းရှိ ရှော်တောရွာအနီးမှစတင် လောင်ကျွမ်းခဲ့ရာ တောမီးမှာ မြောက်ဘက်ခြမ်း နွားလဘို့ တောင်၊ ဆေးဝင်တောင်သို့ပါ ကူးစက်၍ ဆက်လက်လောင်ကျွမ်း နေသည်ဟု ပုပ္ပားတောင်ချစ်သူ များအသင်းမှ ဦးတိုးက ပြော သည်။ ‘‘ငြှိမ်းဖို့လည်း မလွယ်ဘူး။ တစ်တောင်လုံးလောင်နေတာ။ သစ်ပင်တွေကတော့ ပြန်ပေါက် ဖို့လွယ်ပေ မယ့် တောထဲက တိရစ္ဆာန်လေးတွေကတော့ စိုးရိမ် ရတယ်’’ ဟု ၎င်းက ပြောသည်။
 
ပုပ္ပားတောင်တွင် နှစ်စဉ် တောမီးလောင်ကျွမ်းလေ့ရှိသော် လည်း ယခုလောင်ကျွမ်းမှုမှာ ဒေသခံများ၏ ရှို့မီးကြောင့် လောင် ကျွမ်းခြင်းဖြစ်ပြီး ပုပ္ပားတောင်မ ကြီးပေါ်သို့ မီးဆက်လက် လောင် ကျွမ်းမှုမရှိစေရန် မီးတားလမ်း များ ပြုလုပ်ထားသည်ဟု ပုပ္ပား တောင်အုပ်ချုပ်ရေးမှူးရုံးလက် ထောက် ညွှန်ကြားရေးမှူး ဦး သန်းနိုင်ဦးက ပြောသည်။

‘‘ပုပ္ပားကတော့ ရှို့မီးများ တယ်။ အဓိကကတော့ ထင်းခုတ် တာတွေကို ဖမ်းဆီးလို့ ဒေသခံ တွေက ရှို့မီး လုပ်ခဲ့တာကြောင့် လောင်ကျွမ်းရတာ။ အခုတော့ မီး တားလမ်းတွေ၊ မီးတားကွက်တွေ ကို ဒေသခံတွေ နဲ့ ပေါင်းလုပ်ခဲ့ တယ်။ မီးက ဆက်မသွားနိုင်တော့ ပါဘူး’’ ဟု ၎င်းက ပြောသည်။

ပုပ္ပားတောင်တွင် ရှို့မီး၊ ပေါ့ ဆမီးတို့ကြောင့် မကြာခဏ တော မီးလောင်ကျွမ်းမှုများ ရှိသော်လည်း ယခုကဲ့ သို့ ရက်ကြာကြာ လောင်ကျွမ်းခြင်းမျိုး မရှိခဲ့ဟု ဦးတိုးက ပြောသည်။ ‘‘ဒီဘက်မှာ ရှို့မီးများတယ် ။ တောကောင်ဖမ်းဖို့ မီးရှို့တာတွေ လုပ်ကြတာတော့ရှိတယ်။ ဒါပေမဲ့ နှစ်ရက်လောက် နဲ့ ငြိမ်းသွားကြ တယ်။ ခုက ငါးရက်လောက်ရှိပြီ။ ရာသီဥတုပူတာလည်း ပါမယ် ထင်တယ်’’ ဟု ၎င်းက ဆိုသည်။


7Day Daily

No comments:

Post a Comment

My Blog List