Thursday, March 19, 2015

ပြန်လည်သုံးသပ်ရန်များ ရှိနေ၍ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းအား ပြန်ကြားရေးဝန်ကြီးဌာန ပြန်လည်ရုပ်သိမ်း


ပြန်လည်သုံးသပ်ရန်များရှိနေ၍ လွှတ်တော်၌ ဆွေးနွေးလျက်ရှိသည့် အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းအား ပြန်ကြားရေးဝန်ကြီးဌာနမှ ပြန်လည်ရုပ်သိမ်းခဲ့သည်။ မတ် ၁၈ ရက်တွင် ကျင်းပ သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းအား ပြန် လည်ရုပ်သိမ်းရန် ပြန်ကြားရေးဝန်ကြီးဌာနမှ လာရောက်ဆွေးနွေး တင်ပြခဲ့ခြင်းဖြစ်ပြီး လွှတ်တော် မှ ပြန်ကြားရေးဝန်ကြီးဌာန၏ တင်ပြချက်ကို ခွင့်ပြုပေးခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က လွှတ်တော်သို့ လာရောက်တင်ပြရာတွင် “ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး ဆောင်ရွက် ရာတွင် နိုင်ငံပိုင် မီဒီယာများကို အများပြည်သူဝန်ဆောင်မှု မီဒီယာများအဖြစ် ပြောင်း လဲနိုင်ဖို့ ပြင်ဆင်မှုများ လုပ်ခဲ့ပါတယ်။ အကျဉ်းချုပ် ပြန်တင်ပြရရင် ၂၀၁၂ ဇွန်လမှာ ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များပါတဲ့ အဖွဲ့ဟာ ဥရော ပလေးနိုင်ငံကို သွားရောက်ပြီး လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ ရန်ကုန်မြို့ မှာ နိုင်ငံတကာ အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုင်ရာ ကွန်ဖရင့်ကို ပြုလုပ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသား လွှတ်တော် ကော်မတီများကို အများပြည်သူဝန်ဆောင်မှု မီဒီယာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ရှင်းလင်းတင်ပြမှုများ ပြုလုပ်ခဲ့ပါတယ်။ ပြီးတဲ့အခါ အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ကျွန်တော်တို့ ယူနက်စကိုနဲ့ ပူးပေါင်းပြီးတော့မှ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းကို ရေး ဆွဲခဲ့ပြီး လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို တင်ပြပြီးတဲ့ အချိန်မှာ အများပြည်သူတို့ သိရှိနိုင်ရန် အတွက် နိုင်ငံပိုင် သတင်းစာများကို ဖော်ပြပေး ခဲ့ပါတယ်။ အဲဒီလို ဖော်ပြပြီးနောက်ပိုင်းမှာ ရရှိလာတဲ့ စာနယ်ဇင်းလောက အပါအ၀င် အများပြည်သူများရဲ့ အကြံပြုချက်များအရ လည်းကောင်း၊ နောင် မှာ ပေါ်ပေါက်လာမယ့် ရုပ်မြင်သံကြားနှင့် အသံလွင့်ခြင်းဆိုင်ရာ ဥပဒေရဲ့ အပေါ်မှာ မူတည်ပြီး၍သော် လည်းကောင်း၊ ပြောင်းလဲလာနေတဲ့ မီဒီယာပတ်ဝန်းကျင် အခြေအနေများအရသော် လည်းကောင်း အများပြည်သူ ၀န်ဆောင်မှု မီဒီယာဥပဒေကြမ်းမှာ ပါဝင်တဲ့ အချက်များကို ပြန်လည်သုံသပ် ရန် လိုအပ်ကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ဒီဥပဒေကြမ်းကို ပြန် လည်ရုပ်သိမ်းပြီးတော့မှ ပိုမိုပြည့်စုံတဲ့ ဥပဒေကြမ်းအဖြစ်နဲ့ ပြန်လည် တိုင်ပင်ရေးဆွဲခွင့် ပြုဖို့အတွက် တင်ပြအပ်ပါတယ်” ဟု ပြောကြားသည်။

လူတွေ အပြောများတဲ့ဟာတွေ ရှိတယ်။ ဘတ်ဂျက်ပုံစံတို့၊ သတင်းစာကို ထားမလား၊ မထားဘူးလား တို့၊ နောက်တစ်ခါ အုပ်ချုပ်ရေးအဖွဲ့ကို ဘယ်လို့ ဖွဲ့မလဲတို့ အားနည်းချက်ကိုပြောတာ မဟုတ်ဘူး ။ ထောက်ပြတဲ့အချက်တွေ ရှိတယ်။ နည်းပညာ ပြောင်းလဲတာကို ပြန်သုံးသပ်ရမှာ ရှိတယ်။ နောက်တစ်ခု အရေးကြီးတာက ရုပ်သံဥပဒေကို ပြန်စောင့်ရမှာ ရှိတယ်။ ရုပ်သံဥပဒေနဲ့ ဒီဥပဒေနှစ်ခု လွဲသွားလို့လည်း မရဘူး။ အဲဒါလည်း ပါပါတယ် . . . . .

လွှတ်တော်၊ ဥပဒေကြမ်းကော်မတီမှ အများပြည်သူ၏ အကြံပြုချက်များအရ လည်းကောင်း၊ နောက်ထွက် လာမည့် ရုပ်မြင်သံကြားနှင့် အသံထုတ် လွှင့်ခြင်းဆိုင်ရာ ဥပဒေအရ လည်းကောင်း အများပြည်သူ ၀န်ဆောင်မှု မီဒီယာဥပဒေကြမ်းအား ပြန်လည်ပြင်ဆင်သင့်ကြောင့် ထောက်ခံဆွေးနွေးသည်။

၎င်းဥပဒေအား ပြင်ဆင်၍ ပြန်လည်တင်ပြမည့် အချိန်ကိုမူ အတိအကျပြော၍ မရကြောင်း၊ ဥပဒေပြုရေး လုပ်ငန်းစဉ်အပေါ် အချိန်ဇယားနှင့်ပြော၍ မရကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

“လူတွေ အပြောများတဲ့ဟာတွေ ရှိတယ်။ ဘတ်ဂျက်ပုံစံတို့၊ သတင်းစာကို ထားမလား၊ မထားဘူးလားတို့ ၊ နောက်တစ်ခါ အုပ်ချုပ်ရေးအဖွဲ့ကို ဘယ်လို့ဖွဲ့မလဲတို့ အားနည်းချက်ကိုပြောတာ မဟုတ်ဘူး။ ထောက်ပြ တဲ့ အချက်တွေ ရှိတယ်။ နည်းပညာ ပြောင်းလဲတာကို ပြန်သုံးသပ်ရမှာ ရှိတယ်။ နောက်တစ်ခု အရေးကြီး တာက ရုပ်သံဥပဒေကို ပြန်စောင့်ရမှာ ရှိတယ်။ ရုပ်သံဥပဒေနဲ့ ဒီဥပဒေနှစ်ခု လွဲသွားလို့လည်း မရဘူး။ အဲဒါလည်း ပါပါတယ်” ဟု ဦးရဲထွဋ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ၌ ဆွေးနွေးအ တည်ပြုပြီးနောက် ပြည်သူ့လွှတ်တော်၌ ဆက်လက်ဆွေးနွေး အတည်ပြုရန် ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ပြန်ကြားရေးဝန်ကြီးဌာနမှ လာရောက်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List