Monday, March 16, 2015

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရန်ပုံငွေပွဲ ကပြခဲ့သော နှင်းဆီအဖွဲ့ကို ဂုဏ်ပြု


အောင်ဆန်းရုပ်ရှင်ဖြစ် မြောက်ရေး ရန်ပုံငွေပွဲအနေဖြင့် ကပြခဲ့သော နှင်းဆီအဖွဲ့ကို ဂုဏ် ပြုပွဲပြုလုပ်ခဲ့ ရာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မတက်ရောက် နိုင်သော်လည်း ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုး ထားသည့် ဂုဏ်ပြုကတ်ပြားများပေးအပ်ခဲ့ ကြောင်း ဦးဇာဂနာကပြောသည်။
‘‘နှင်းဆီကပြလို့ရတဲ့ ငွေထဲ ကနေ ကုန်ကျစရိတ်နုတ်ပြီး ၇၆၇ သိန်း လှူပါတယ်။ ဂုဏ်ပြုပွဲကို ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် မတက်ရောက်နိုင်ပေမယ့် အန်တီကိုယ်တိုင်လက်မှတ်ထိုး ပေးထားတဲ့ ဂုဏ်ပြု ကတ်ပြားတွေ တစ်ယောက်ချင်းစီကို ပေးခဲ့ပါ တယ်’’ဟု ၎င်းကပြောသည်။

နှင်းဆီအဖွဲ့လှူဒါန်းသည့် အလှူငွေအပါအ၀င် ယခုအချိန် အထိ အောင်ဆန်း ရုပ်ရှင်ရိုက်ကူး ရန် အလှူငွေ စုစုပေါင်း ကျပ်သိန်းနှစ်ထောင်ကျော်ရရှိနေပြီး ဆက် လက်လှူဒါန်းမှုများလည်း ရှိ ကြောင်း ၎င်းကပြောသည်။

အောင်ဆန်းရုပ်ရှင်ရိုက်ကူး ရန် ကုန်ကျစရိတ် ကျပ်သိန်းပေါင်းနှစ်သောင်း ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ရန် ပုံငွေဖျော်ဖြေပွဲများ ထပ်မံပြုလုပ်ရန် အစီအစဉ်ရှိ ကြောင်း ၎င်းကဆိုသည်။

‘‘မန္တလေး၊ တောင်ကြီး၊ မုံ ရွာ၊ ထားဝယ်နဲ့ မော်လမြိုင်မြို့ တွေမှာလည်း ရန်ပုံငွေဖျော်ဖြေပွဲ တွေလုပ်သွားဖို့ အစီအစဉ်ရှိပါ တယ်’’ဟု ဦးဇာဂနာကပြော သည်။

7Day Daily

No comments:

Post a Comment

My Blog List