မြန်မာနိုင်ငံရေး ဖြစ်စဉ်တွေကို ဂျပန်အစိုးရက အနီးကပ် သတိထား စောင့်ကြည့်နေတယ်လို့ ဂျပန် နိုင် ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။
လက်ပံတန်းမြို့ ကျောင်းသားသပိတ် ဖြိုခွင်းမှု အပါအ၀င် ပြည်သူတွေရဲ့ ဆန္ဒ ဖော်ထုတ်ပွဲတွေကို အင်အား အလွန်အကျွံသုံး အကြမ်းဖက်ဖြိုခွင်းခဲ့တာတွေ အပါအ၀င် တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်က ထိုးစစ် ဆင်နေတာတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအပေါ် ထားရှိတဲ့ မူဝါဒကို ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီ အရေးဆောင်ရွက်နေသူတွေက မတ် ၁၉ ရက်က သွားရောက်မေးမြန်းရာမှာ အခုလို ပြောဆိုလိုက်တာပါ။
မြန်မာ့ ဒီမိုကရေစီ ထွန်းကားရေး အတွက်ပေးအပ်နေတဲ့ စီးပွားရေး အကူအညီကို ပြန်လည် သုံးသပ်ပေးဖို့ ဒီမိုကရေစီနည်းကျဆောင်ရွက်ရေး ဖိအားပေးဖို့ တိုက်တွန်းတောင်းဆိုတဲ့ စာကို ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ကိုယ်စား အရှေ့တောင်အာရှ တာဝန်ခံ အိုယမ ဆာတိုရှီစံနဲ့ မာရုတ အစုရှီစံတို့က လက်ခံရယူခဲ့ပါတယ်။
စာသွားပေးတဲ့အချိန်မှာ ရာနဲ့ချီတဲ့ မြန်မာ နိုင်ငံသားတွေက ဂျပန်နိုင်ငံခြားရေး ၀န်ကြီးရုံးရှေ့မှာ မြန်မာ အစိုးရ ကို ဖိအားပေးဖို့ ဂျပန်အစိုးရကို တောင်းဆိုနေ ပါတယ်။
DVB
No comments:
Post a Comment