Wednesday, March 18, 2015

ဆန္ဒပြမှုများအားလုံးကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်ဖြေရှင်းရန် NCCT အဖွဲ့ခေါင်းဆောင်တိုက်တွန်း


တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသည့် ကျောင်းသားသပိတ် အပါအ၀င် ဆန္ဒထုတ်ဖော်မှုအားလုံးကို အစိုးရ အနေဖြင့် ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ဖြေရှင်းရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာ က တိုက်တွန်းလိုက်သည်။
မတ်လ ၁၇ ရက်မှစ၍ ရန်ကုန်မြို့တွင် ပြုလုပ်နေသော အစိုးရ နှင့် NCCT ငြိမ်းချမ်းရေးဆွေးနွေး ပွဲပထမနေ့ အဖွင့်အမှာစကား၌ နိုင်ဟံသာက ယင်းကဲ့သို့ ထည့် သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘မိမိတို့ နိုင်ငံထာဝစဉ်အေး ချမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်နိုင် ရေးအတွက် တစ်ပြည်လုံးမှာဖြစ် ပွားနေ တဲ့ ကျောင်းသားနဲ့ အလုပ် သမား၊ လယ်သမား ဆန္ဒပြမှုများ ကိုလည်း စိတ်ရှည်ရှည်ထားပြီး အေးချမ်းတဲ့ နည်းလမ်းနဲ့ ကိုင် တွယ်ဖြေရှင်းနိုင်ရင် တိုင်းပြည်အ တွက် အကောင်းဆုံးဖြစ်မယ်လို့ အကြံပြုတိုက်တွန်းလို့ရ တယ်’’ဟု နိုင်ဟံသာက ဆိုသည်။

မကြာသေးမီက ဖြစ်ပွားခဲ့ သည့် ကျောင်းသား၊ အလုပ်သမားသပိတ်များကို အကြမ်းဖက်နှိမ် နင်းခဲ့ခြင်းနှင့် ပတ်သက်၍ အစိုးရနှင့် ညှိနှိုင်းသုံးသပ်မည်ဟု NCCT ကိုယ်စားလှယ်အချို့က ပြောသည်။

‘‘တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ချိန်မှာ ကျောင်းသား သပိတ်ကဲ့သို့ပြဿ နာတွေဖြစ်နေမယ်။ တည်ငြိမ်မှုမရှိဘူးဆိုရင် ဘာမှမထူး ဘူးလေ။ ဒါကြောင့် ပြဿနာ အားလုံးပါရမှာပါ’’ဟု NCCT အဖွဲ့ဝင်ဗိုလ်မှူးကြီး ခွန်ဥက္ကာကဆိုသည်။


7Day Daily

No comments:

Post a Comment

My Blog List