Thursday, March 19, 2015

အောင်တံခွန် ၃ သင်္ဘောနစ်မြုပ်မှုအတွက် တာဝန်ရှိသူ အဆင့်ဆင့်အား အရေးယူရန် ရန်ကုန်ရောက် ရခိုင်လူငယ်များတောင်းဆို


ရခိုင်ပြည်နယ်တွင် အောင်တံခွန် ၃ သင်္ဘောနစ်မြုပ်၍ သေဆုံးဒဏ်ရာရသူများ၏ နစ်နာဆုံးရှုံးမှုများအတွက် တာဝန်ရှိသူအဆင့်ဆင့်အား ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် ရန်ကုန်ရှိ ရခိုင်တိုင်းရင်းသား လူငယ်များက တောင်းဆိုလိုက်သည်။
အဆိုပါအောင်တံခွန် ၃ သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်ပြီး မတ်လ ၁၈ရက်က မဟာဗန္ဓုလပန်းခြံတွင် ရန်ကုန်ရှိ ရခိုင်တိုင်းရင်းသားလူငယ် ၂၀ ကျော်က မီးထွန်းဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

ရခိုင်လူငယ် ကိုလင်းခိုင်က ''ရခိုင်ပြည်နယ်အမတ်တွေက ရခိုင်ပြည်နယ်အစိုးရကို ဘယ်လိုအရေး ဆိုနိုင် မလဲ။ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်က အမတ်တွေကို ချဉ်းကပ်ပြီး လုပ်သွားမယ်။ သင်္ဘောနစ်မြုပ်မှုက မတော်တဆမဟုတ်ဘူး။ သင်္ဘောက လုံခြုံမှုမရှိဘဲ ကမ်းထွက်ခွာခွင့် ဘယ်သူပေး လိုက်တာလဲ။ သင်္ဘောနစ်မြုပ်မှုမှာ တာဝန်ရှိသူအကုန်လုံးကို တရားဥပဒေအရ အရေးယူပေးဖို့ တောင်းဆို သွားမယ်''ဟု ပြောသည်။

သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူများ၏ နစ်နာဆုံးရှုံး မှုကို ခေတ်ကာလနှင့် လျော် ညီသော လျော်ကြေးသတ်မှတ်ကာ ပေးလျော်ရန်၊ ရခိုင်ပြည်နယ်အတွင်းရှိ သက်တမ်းလွန်နေသည့် သင်္ဘော၊ ကား၊ ရထား စသည့် သယ်ယူပို့ဆောင်ရေးယာဉ်များကို ပြည်နယ်အတွင်းမှ ဖယ်ရှားပေး ရန်နှင့် သင်္ဘောနစ်မြုပ်မှု ဖြစ်စဉ်အတွက် တာဝန်ရှိသူ အဆင့်ဆင့်အား ဥပဒေအရ ထိရောက်စွာ အရေးယူဆောင် ရွက်ပေးရန် တောင်းဆို လိုက်သည်။

မတ်လ ၁၃ရက် ည ၁၁နာရီခန့်က ကျောက်ဖြူမြို့ နှင့် မြေပုံမြို့အကြား နစ်မြုပ်ခဲ့သည့် အောင်တံခွန် ၃ သင်္ဘောပေါ် ပါသူများကို လိုက်လံရှာဖွေရာ မတ်လ ၁၇ရက် ညအထိ သေဆုံးသူ ၆၁ဦးအထိ ဆယ်ယူ ရရှိထားသည်။

အလောင်းဆယ်ယူရေးတွင် ပါဝင်သည့် ကျောက်ဖြူသန္တာမြေ ဘိုးဘွားရိပ်သာမှူး၊ ကျောက်ဖြူဓူဝံကြယ် နာရေးကူညီမှုအသင်း၊ ကျောက်ဖြူမှ လူမှုရေးတက်ကြွ လှုပ်ရှားသူတို့၏ တစ်ဆင့်ပြောစကားအရ အောင် တံခွန် ၃ သင်္ဘောပေါ်တွင် လူ၃၀၀ နှင့် ၄၀၀ကြား လိုက်ပါလာခြင်း၊  သင်္ဘောဝမ်းဗိုက်ထဲတွင် ဘိလပ်မြေ အိတ် အမြောက်အမြား ပါဝင်ခြင်း၊ ရခိုင်တွင် မဟာဓာတ်အားလိုင်း၌ အသုံးပြုမည့် ကွန်ကရစ်တိုင်များပါ ဝင်ခြင်း၊ သံမဏိပြား ၁၇တန်၊ သံမဏိချောင်း ၁၅တန်တို့ ပါဝင်ခြင်းတို့ တွေ့ရှိရသည်ဟု ကိုလင်းခိုင်က ပြော သည်။

အဆိုပါ ဆုတောင်းပွဲတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်ခြင်း၊ ဖယောင်းတိုင်မီးထွန်း ဆုတောင်းခြင်းနှင့်ကဗျာရွက်ဆိုခြင်းတို့ ပြုလုပ် ခဲ့ခြင်း ဖြစ် သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List