Tuesday, March 17, 2015

လက်ပံတောင်းသပိတ်ဖြိုခွဲမှုကြောင့် မီးလောင်ဒဏ်ရာရ သံဃာတော်များ ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်ကို အမှုဖွင့်


လက်ပံတောင်းတောင် သပိတ်စခန်းကို အစိုးရက ဖြိုခွင်းစဉ် မီးလောင်ဒဏ်ရာရရှိခဲ့သည့် သံဃာတော်နှစ်ပါး က ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်ကို အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။ ၂၀၁၂ ခုနှစ်က လက် ပံ တောင်းကြေး နီစီမံကိန်း ဆန့်ကျင်သည့် သပိတ်စခန်းကို အစိုးရက ဖြိုခွင်းခဲ့ရာ မီးလောင်ဒဏ်ရာများ ရရှိခဲ့သော မုံရွာမြို့မှ ဆရာတော် ဦးတိက္ခဥာဏနှင့် ကျောက်ဝိုင်း တောရ ဆရာတော်ဦးဝိသုဒ္ဓတို့ က ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်မှူးကြီးကိုကိုနှင့် ရဲချုပ်ဇော်ဝင်းတို့ကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ဆားလင်းကြီးမြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
မတ်လ ၁၁ ရက်တွင် အမှု ဖွင့်ထားသော်လည်း ယနေ့ထိ အကြောင်းတစ်စုံတစ်ရာ မပြန်သေးကြောင်း အမှု ဖွင့် ခဲ့သည့် ဆရာတော်နှစ်ပါးက မိန့်ကြား သည်။ ‘‘ဆရာတော်တို့က သံဃာ ဆိုတော့ ခန္တီတရားထားပြီး ခွင့် လွှတ်ရမှာမှန်ပါတယ်။ ဒါပေမဲ့ မတရားအကြမ်းဖက်တာကို ဒီလို ဆောင်ရွက်နိုင်တဲ့အကြောင်းကို သိစေချင် လို့ပါ။ နစ်နာခဲ့တဲ့ သူတွေ ကိုယ့်ဘက်က မှန်နေရင် ဘယ်လိုပုဂ္ဂိုလ်ကိုမဆို တရားဥပ ဒေနဲ့အညီ ဖြေရှင်းနိုင် ရမယ်ဆိုတာ သိစေချင်တာ’’ဟု ဆရာ တော် ဦးတိက္ခဥာဏက မိန့်ကြားသည်။

အမှုဖွင့်ခြင်းကို လက်ခံ သည်နှင့် ဆရာတော်နှစ်ပါးကတိုက်ရိုက်တရားစွဲဆို သွားမည် ဖြစ်ပြီး တရားရုံးတွင် ဦးတိုက် လျှောက်ထားရန် ဆရာတော် နှစ်ပါးကိုယ်စား ဦးနေသီဟကို လွှဲအပ်မည် ဖြစ်သည်။

‘‘အခု လက်ပံတန်းမှာ မတ ရားခံခဲ့ရတဲ့လူတွေ၊ ကျောင်းသား တွေလည်း ကိုယ့်ဘက်ကမှန်ရင် တရားစွဲ ကြပါ’’ဟု ဆရာတော် ဦး တိက္ခဥာဏက တိုက်တွန်းမိန့် ကြားသည်။

အမှုဖွင့်ခဲ့သည်ကို အရေးယူ ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ် စေ ရှေ့ဆက် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဆရာတော်ဦးဝိ သုဒက မိန့်သည်။ ‘‘မီးလောင်တာ တွေကြောင့် အရေပြားပျက်စီးမှု တွေ သံဃာတွေအနေနဲ့ ဣနြေ္ဒ ပျက်တာမျိုးတွေရှိပါတယ်။ ဘယ် သူမှ အရေးယူမဖြေရှင်းပေးခဲ့ဘူး’’ ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

လက်ရှိတွင် ပုဒ်မတပ်၍ အမှုဖွင့်ထားပြီး သပိတ်စခန်း မီး လောင်ဗုံးဖြင့် ဖြိုခွဲမှုဖြစ်စဉ်များကို စာရေးကာ တရားရုံးသို့ ဦးတိုက် လျှောက်ထားသွား မည်ဖြစ်ပြီး သမ္မတထံသို့ ခွင့်ပြုစာ တောင်း ထားကြောင်း တရား လွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြော သည်။ ‘‘မှန်ကန်သည်၊ မမှန်ကန် သည်ကို တရားရုံးတော်က ဆုံး ဖြတ်ပေးစေချင်ပါတယ်’’ဟု ၎င်းကပြောသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် လက်ပံတောင်းကြေးနီစီမံ ကိန်းကို ကန့်ကွက်ဆန္ဒပြနေသည့် သပိတ်စခန်းအား အစိုးရက ဖြိုခွင်းခဲ့၍ ဆန္ဒပြသူအများအပြားနှင့် သံဃာတော်များ ထိခိုက်ဒဏ်ရာရခဲ့ ကြသည်။

လက်ပံတောင်းသပိတ်စခန်းဖြိုခွဲစဉ်က ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များမှာ ယခုတိုင် အမာရွတ်များ ရှိနေဆဲဖြစ်သည်။ (ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)
7Day Daily

No comments:

Post a Comment

My Blog List