Tuesday, March 17, 2015

၇)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်း ညှိနိုင်းဆွေးနွေးပွဲတွင် UPWC ဒုတိယ ဥက္ကဌ ဝန်ကြီး ဦးအောင်မင်းမှ ပြောကြားသောမိန့်ခွန်း


(၁) ကြွရောက်လာကြတဲ့ NCCTမှ တိုင်းရင်းသားခေါင်းဆောင်ကြီးများ၊ လေ့ လာသူအဖြစ် တက်ရောက်လာ ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင် များ၊ လွှတ်တော် ကိုယ်စားပြု ပုဂ္ဂိုလ်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စု ဝန်ကြီးများ နဲ့ သတင်းမီဒီယာများမှ ဂျာနယ်လစ် များ အားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ ပါစေကြောင်းလို့ နူတ်ခွန်း ဆက်ပါတယ်။
(၂) ဒီကနေ့ဟာ ကျွှန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်း အကောင်အထည်ဖော် မှုတွေ အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကို ရောက်ရှိလာတာပဲ ဖြစ် ပါတယ်။ ကျွှန်တော်တို့တွေရဲ့ ကြိုးစားမှုတွေနဲ့ သမိုင်း တွင်နိုင်မည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို အပြီးသတ်ညှိနိုင်းနိုင်ဖို့ အရေးကြီးတဲ့ အစည်း အဝေး ဖြစ်ပါတယ်။

(၃) ပြီးခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် မူကြမ်း (၆)ကြိမ်မြောက် ညှိနိုင်း အစည်းအဝေးမှာ (၁၀၄) ချက် အနက် (၈) ချက်ကျန်ရှိခဲ့ပါတယ်။ ဒါတွေကို ကျော်လွားနိုင်ဖို့ အစိုးရ၊ လွှတ်တော် နဲ့ တပ်မတော် ခေါင်းဆောင်များပါဝင်တဲ့ UPCC က မူဝါဒတွေကို ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ချမှတ်ပေးခဲ့ပါတယ်။

UPWC က တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့လည်း ချမှတ်ပေးထားတဲ့ မူဝါဒတွေ အပေါ်ကို အခြေခံပြီး ဒီအစည်းအဝေးမှာ ကျန်ရှိနေတဲ့ အချက်များကို အပြီးသတ်ညှိနိုင်းဖို့ ပြင်ဆင်ခဲ့ကြပြီး ဖြစ်ပါတယ်။

(၄) ကျွန်တော်တို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အနေနဲ့ မိဘပြည်သူ လူထုကို ကျွန်တော်တို့ရဲ့ ငြိမ်း ချမ်းရေးပေါ်မှာ ထားတဲ့ စိတ်ဆန္ဒကို ကတိက ဝတ် ပြုတဲ့အနေနဲ့ အရေးကြီးတဲ့ ဖေဖော်ဝါရိလ (၁၂) ရက်နေ့ ပြည်ထောင် စုနေ့ မှာ “ Deed of Commitment” ကို ရေးထိုးဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

(၅) မနေ့က NCCT အဖွဲ့ဝင်ဖြစ်တဲ့ KIO ခေါင်းဆောင်များနဲ့ တွေ့စဉ် သမ္မတကြီး မိန့်ကြားခဲ့တာရှိပါ တယ်။ မြန်မာပြည်၏ တိုင်းရင်းသား ပဋိပက္ခကို လက်နက်ကိုင်တဲ့ နည်းနဲ့ ဖြေရှင်းလို့ မရဘူး၊ နိုင် ငံရေး ဆွေးနွေးပွဲနဲ့သာ ဖြေ ရှင်းမှာသာ အဖြေထွက်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီအခြေခံအတိုင်းပဲ အခု NCA ညှိနိုင်းမှုကနေ နောက်တဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ပြီး နိုင်ငံရေး သဘောတူညီချက်တွေ ရနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

(၆) အစိုးရအနေနဲ့ NCA ကို ရည်မှန်းချက် (၃) ခု အခြေခံပြီး ကြိုးပမ်းနေ တာ ဖြစ်ပါတယ်။ နံပါတ် တစ်…… နောင်အစိုးရ တက်လာတဲ့ အခါမှာ ငြိမ်း ချမ်းရေး လုပ်ငန်းတွေကို ဆက်လက် လက်ဆင့်ကမ်း သွားနိုင်ဖို့ အုတ်မြစ်ချ တာ ဖြစ်ပါတယ်။ နံပါတ် နှစ်…. အပစ်အခတ်ရပ်စဲရေးကို ခိုင်မာနိုင်ရေး ဖြစ် ပါတယ်။ နံပါတ် သုံး……. နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်ရေးဆိုတဲ့ သုံးချက်ကို အခြေခံထားတာ ဖြစ်ပါတယ်။

(၆) အပစ်အခတ်ရပ်စဲမှု ခိုင်ခန့်ရေးအတွက် ပူးတွဲစောင့်ကြည့်ကြီး ကြပ်ရေး ကော်မတီကို ဖွဲ့စည်းဖို့လည်း သဘောတူနိုင်ခဲ့ကြပါတယ်။ နိုင် ငံရေးဆွေးနွေးပွဲတွေကို ပူးတွဲကမကထပြုဖို့ ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှု ကော်မတီ ဖွဲ့စည်းရေးကိုလည်း သဘောတူနိုင် ကြပြီးဖြစ်ပါတယ်။ ဒီနှစ်ချက်ဟာ ငြိမ်း ချမ်းရေး လုပ်ငန်းရဲ့ အရေးကြီးတဲ့ အကောင်အထည် ဖော်မှုတွေ ဖြစ်လာမှာပါ။

(၇) လက်ရှိ ညှိနိုင်းမှု အပေါ် လူထုက လည်းစိတ်ဝင်စားနေကြပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် မှာ ဘာတွေ ပါလဲ၊ ဘယ်လိုအကျိုး သက်ရောက်မှာ လည်းဆိုတာ လူထုက လည်း သိချင်နေကြပါတယ်။ ဘာလို့ကြာနေတာလည်း လို့လဲ မေးနေတာ ရှိပါတယ်။ ပွင့်လင်းမြင်သာမှု ရှိဖို့ဆိုတာကိုလည်း ပြောနေကြပါတယ်။ ဒါကြောင့် ဒီအစည်းအဝေး ပြီးတာနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး စာချုပ်ဆွေးနွေးတဲ့ အပေါ်မှာ လူထုအများစုသိနိုင်အောင် နှစ်ဖက်လုံးက ရှင်းလင်း ဆွေးနွေးပြ သဖို့ တိုက်တွန်းလိုပါတယ်။

(၈) အရေးကြီးတဲ့ အခါသမယမှာ ဒီဆွေးနွေးပွဲဝိုင်းကို တက်လာကြတဲ့ သူအားလုံးဟာ ငြိမ်းချမ်းရေးကို လိုလားလို့ လာရောက်ဆွေးနွေးကြတာပဲ ဖြစ် ပါတယ်။ ပြည်သူလူထုက ငြိမ်းချမ်းရေးကို လိုချင်ပါတယ် ။ ငြိမ်းချမ်းရေးလုပ် တာဟာ လူထုဆန္ဒကို ဖြည့်ဆည်းပေးတာ ဖြစ်ပါတယ်။ ဒီဆန္ဒကို ဖြည့် ဆည်းပေးနိုင်မယ့် သူတွေဟာ ခင်ဗျားတို့ ကျွှန်တော်တို့ တွေဖြစ်ပါတယ်။ ကျွှန်တော်တို့ တိုင်းပြည်အတွက် ငြိမ်းချမ်းတဲ့၊ ပိုမိုတောက်ပတဲ့၊ အနာဂတ် အသစ်အတွက်၊ မျိုးဆက်သစ် တွေအတွက် အမွေကောင်းတွေ ချန်ထားခဲ့
 ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

(၉) ကျွှန်တော့်တို့ UPWC အနေနဲ့ ဒီဆွေးနွေးပွဲကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာအောင် အစွမ်းကုန် ကြိုးစားသွားမယ်၊ ဒီဆွေးနွေးပွဲမှာပဲ NCA ညှိနှိုင်းမှုအားလုံး ပြီးပြတ်သွားအောင် ကြိုးစားသွားဖို့ ရည်မှန်း ထားကြောင်း အားလုံးကို အသိပေးရင်း နိဂုံးချုပ်အပ်ပါတယ်။

(၁၀) အားလုံးကို ကျေးဇူးတင်ပါတယ်။ ။

# ဓာတ်ပုံ - MPC

No comments:

Post a Comment

My Blog List