Tuesday, March 17, 2015

ဖမ်းဆီးခံကျောင်းသားနှင့် ပြည်သူများကို လွှတ်တော်က ဆောင်ရွက်ပေးနိုင် သည့် အပိုင်းမှာ ကူညီပေးရန် ကြားနာပွဲအပြီးတွင် ကျောင်းသား ကိုယ်စားလှယ်များ တောင်းဆို


အမျိုးသားလွှတ်တော် ကြားနားပွဲအပြီး ဒီမိုကရေစီ ပညာရေးလူပ်ရှားမှု ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုးဦးက လက်ပံတန်းကျောင်းသား အကြမ်း ဖက်ဖြိုခွင်းမှုတွင်ဖမ်းဆီးခြင်းခံရသည့် ကျောင်းသားခေါင်းဆောင် ခြောက် ဦးနှင့် ပြည်သူများ ပြန်လည်လွှတ်မြောက်ရန် လွှတ်တော်က ကူညီဆောင်ရွက်ပေးနိုင်သည့်အပိုင်းမှ ကူ ညီပေးရန် ကျောင်းသားများက တောင်းဆို လိုက်သည်။
`ဒီမိုကရေစီလှုပ်ရှားမှု ဦးဆောင်ကော်မတီကို တကသအဖွဲ့ ဗကသ အဖွဲ့ မြေလတ်အဖွဲ့ဆိုပြီး သုံးဖွဲ့ ပူးပေါင်းပြီး ဦးဆောင်ကော်မတီ ၁၅ ဦးကို ဖွဲ့စည်းခဲ့တာပါ။ အခုဒီနေရာမှာ ကိုးဦးသာ တက်ရောက်နိုင်ပါ တယ်။ ကျန်တဲ့ခြောက်ဦးက ထောင်ထဲရောက်နေပါတယ်။ သူတို့လည်းလည်း ကျွန်တော်တို့လို ဆွေးနွေးချင် မယ်လို့ ထင်ပါတယ်´ ဟု ဦးဆောင်ကော်မတီ ပိုင်ရဲသူက ပြောသည်။

လွှတ်တော်သည် ဥပဒေပြုရေးအဖွဲ့ဆိုသည်ကို မိမိတို့ နားလည်နိုင်သော်လည်း လွှတ်တော်က ကူညီဆောင် ရွက်ပေးနိုင်မည်ဆိုပါက ကူညီပေးနိုင်ရန် တောင်းဆိုးခြင်းဖြစ်သည်ဟု ကျောင်းသားများက ရှင်းပြသည်။

'လွှတ်တော်ကိုယ်စားလှယ်ကြီးများအပိုင်းက ကူညီနိုင်မှုအပေါ် တောင်းခံခြင်းဖြစ်ပါတယ်´ ဟု ဦးဆောင်ကော် မတီအဖွဲ့ဝင် ကိုနန်းလင်းက ပြောသည်။

ကျောင်းသားများက လေးပွင့်ဆိုင်တွေ့ဆုံပွဲတွင် ဒီမိုကရေစီလှုပ်ရှားမှု၌ ပါဝင်သည့် ကျောင်းသားများနှင့် ပြည် သူများကို ဖမ်းဆီးအရေးယူခြင်း မပြုဘူးဟု ဆိုသော်လည်းအရေးယူဆောင်ရွက်မှုများရှိသည့်အတွက် လေး ပွင့် ဆိုင်တွေ့ဆုံခြင်းကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရီက မိမိတို့ ဥပဒေကြမ်းကော်မတီသည် အဆိုပါကိစ္စကို ဆောင် ရွက်ပေးနိုင်ခြင်း မရှိဟု ဆိုသည်။ လွှတ်တော် မှာ မေးခွန်းအဖြစ် သာဆောင်ရွက်မည်ဆိုလျှင် သက်ဆိုင် ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၏ စိတ်သဘောထားအပေါ်မှာသာ မူတည်သည်ဟု ဆိုသည်။

Mizzima - News in Burmese


No comments:

Post a Comment

My Blog List