သရုပ်ဆောင် ဆုပန်ထွာ နှင့် ဥက္ကာကျော်တို့၏ မင်္ဂလာဧည့် ခံပွဲကို မတ်လ ၁၆ ရက်က ရန်ကုန်မြို့ရှိ Novotel ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ မင်္ဂလာဧည့်ခံပွဲသို့ ၎င်းတို့နှင့်ရင်းနှီးသည့် သရုပ်ဆောင်၊ အဆို တော်များ တက်ရောက် ခဲ့ကြပြီး မမများအဖွဲ့က ဧည့်ခံကြိုဆိုရေး တာဝန်ယူခဲ့သည်။
သတို့သမီးအရံများအဖြစ် ခင်လေးနွယ်၊ ဆူဇီနှင့် ရတနာမိုင် တို့က ကူညီပေးခဲ့ပြီး သတို့သား အရံအဖြစ် အစ္စဏီနှင့် အခြား အမျိုးသားနှစ်ဦးက ကူညီပေးခဲ့ ကြသည်။
ဥက္ကာကျော်နှင့် ဆုပန်ထွာတို့သည် ဖေဖော်ဝါရီအတွင်းက အမေရိကန်နိုင်ငံတွင် မင်္ဂလာ လက်မှတ်ရေးထိုးခဲ့ ပြီး ဖေဖော်ဝါ ရီ ၁၄ ရက် ချစ်သူများနေ့တွင် Santa Monica ကမ်းခြေ၌ မင်္ဂလာဧည့်ခံပွဲပြုလုပ်ခဲ့ကာ ဟာဝိုင်အီ ကျွန်းသို့ ပျားရည်ဆမ်းခရီးသွားခဲ့ သည်။
မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ လကုန်တွင် ရောက်ရှိမည်ဟု ယခင်က ပြော ကြားခဲ့သော်လည်း ဥက္ကာကျော် ၏ ပြည်ဝင်ခွင့်ဗီဇာ ရရှိရန် စောင့်နေရသောကြောင့် မတ်လ ၁၄ ရက် ညကျမှ ပြန်လည်ရောက်ရှိလာသည်။
ဓာတ်ပုံ−ဇွဲဉာဏ်
7Day Daily
ဓာတ်ပုံ−ဇွဲဉာဏ်
7Day Daily

No comments:
Post a Comment