Friday, March 20, 2015

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများအတွက် ကျင့်သုံးမည့် ပီအာရ်စနစ် ရွေးကောက်ပွဲပုံစံ ဥပဒေကြမ်းကို ဆွေးနွေးရန် အမည်စာရင်းတောင်းခံ


ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ကျင့်သုံးမည့် PR စနစ်ကို အငြင်းပွားဖွယ်ရာများ ရှိနေသော်လည်းအမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်းကို ရေးဆွဲပြီးဖြစ်၍ လွှတ်တော်က စဉ်းစားဆွေးနွေးနိုင်ရေးအတွက် အမည်စာရင်း တင်သွင်းရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ရက်သတ်မှတ်ပေး လိုက်သည်။
ဦးခင်အောင်မြင့်က “အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုး သားလွှတ်တော်က ဆွေးနွေးစဉ်းစားဖို့ သဘောမတူတဲ့သူ မရှိတဲ့အတွက် အမျိုးသားလွှတ်တော်က စဉ်းစား ဆွေးနွေးဖို့ ဆုံးဖြတ်ကြောင်းနဲ့ ဥပဒေကြမ်းကော်မတီကို လွဲအပ်ကြောင်း ကြေညာပါ တယ် ။ ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ၂၃.၃.၂၀၁၅ တနင်္လာနေ့ထက် နောက်မကျဘဲ အမျိုးသား လွှတ်တော်ရုံး ညွန်ကြားရေးမှူးရုံးထံ အမည်စာရင်းပေးပို့ နိုင်ပါတယ်” ဟု ကြေညာသည်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် PR စနစ်ကျင့်သုံးနိုင်ရန်အဆိုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ၂၀၁၄ ခုနှစ်၊ ဇွန်လ၊ ၃ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် ဒသမအကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့အစီအစဉ်တွင် အဆိုတစ်ရပ်တင် သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို အကောင်အထည်ဖော်ရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းကာ အမျိုးသားလွှတ်တော် ရွေးကောက် ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် PR ကျင့်သုံးနိုင်ရေးအတွက်လက်ရှိရွေးကောက်ပွဲဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း ရေးဆွဲရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ဥက္ကဋ္ဌအဖြစ် တာဝန် ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဦးဇော်မြင့်ဖေက “ ဒီဥပဒေကြမ်းဟာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာ ရွေးကောက်တင်မြောက်၍ ဖွဲ့စည်းထားသော အမျိုးသားလွှတ်တော်နှင့် သက်ဆိုင် သည့် ဥပဒေ ကြမ်း ဖြစ်ပါတယ်” ဟု ရှင်းသည်။

ထို့အပြင် အများပြည်သူကို ပိုမိုကိုယ်စားပြုခြင်းနှင့် ဒီမိုကရေစီ ပီပြင်ခြင်းတို့ကို ပိုမိုဖော်ဆောင်နိုင် သည့် ရွေးကောက်ပွဲစနစ်ကို အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများ၌ စတင်ကျင့်သုံးနိုင်စေရန် ရည်ရွယ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “ဒီကာလကလည်း အင်မတန် တိုတောင်းတဲ့ ကာလဖြစ်ပြီး လွှတ်တော်နှစ်ရပ် မဲဆန္ဒပေးပုံနှစ်မျိုး ကွဲလွဲတာရော၊ အချိန်ကာလ ကပ်နေတာကရော ပြည် သူ လူထုကို မဲဆန္ဒပေးပုံ ပညာပေးစည်းရုံးဖို့ဆိုတာက အချိန်တိုတောင်းနေတဲ့အချိန်မှာ မလုပ်သင့်ဘူး လို့ တွေး မိတယ်” ဟု မီဒီယာများကို ရှင်းပြသည်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ကြည့်ရှုပြီး ပေါ်ပေါက်သည့် အနေအထားကို ဆွေးနွေးမည်ဖြစ်ပြီး အဓိက ကန့်ကွက် ဆွေးနွေးမည့် အနေအထားဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။

ထို့အပြင် ဦးအောင်ကြည်ညွန့်က “ရွေးကောက်ပွဲရလဒ် တွက်ချက်ပုံနဲ့ မဲပေးပုံက ကွာဟနေမယ်။ မဲဆန္ဒ နယ်မြေတွေ ပြန်ဆွဲရမယ်ဆိုတော့ ရှုပ်ထွေးလိမ့်မယ့်၊ ဒါ ကတိုက်ကရိုက်လုပ်သင့်တဲ့ အနေအထား မဟုတ် ပါဘူး။ ဆွေးနွေးတဲ့ အချိန်ဆိုရင်တော့ ဒါက ကန့်ကွက်ရမှာပါ” ဟု ရှင်းပြသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List