Wednesday, March 18, 2015

တက္ကသိုလ်ဝင်တန်း ရူပဗေဒစာမေးပွဲမေးခွန်းလွယ်ကူသဖြင့် အများစု ဖြေနိုင်ဟု ဆို


တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဖြေဆိုမှုတွင် မေးခွန်းလွယ်ကူမှုကြောင့် ကျောင်းသား၊ ကျောင်းသူ အများစုမှာ ဖြေဆို နိုင်ကြောင်း သိရသည်။ မတ် ၁၇ရက်တွင်ကျင်းပသည့် ရူပဗေဒမေးခွန်းသည် မနှစ်က စာ မေးပွဲမေး ခွန်းထက် ပို၍လွယ်ကူသည်ဟု တက္ကသိုလ်ဝင်တန်းအပြင် ဖြေ အဖြစ် ဝင်ရောက်ဖြေဆိုသူ တစ်ဦး က ပြောသည်။
ရန်ကုန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၅) မင်္ဂလာဒုံတွင် ဝင်ရောက်ဖြေဆိုသော အပြင်ဖြေ ကျောင်းသူတစ်ဦးက ''အား လုံးဖြေနိုင်ပါ တယ်။ မေးခွန်းတွေက လွယ်တယ်လို့ပြောလို့ရတယ်။ မနှစ် ကနဲ့စာရင် မေးခွန်တော်တော်များ များလွယ်ပါတယ်။ ဒီနှစ်တော့အောင် မှာ သေချာတယ်''ဟု ပြော သည်။

အဆိုပါမေးခွန်းလွယ်ကူသည့် အတွက် ရူပဗေဒဘာသာရပ်ကို ကျောင်းသားအများစုဖြေဆိုနိုင်သော်လည်း ၊ ၁၂ရက်နေ့တွင် ဖြေဆိုသော အင်္ဂလိပ်စာအတွက် ကျောင်းသား အများစုနှင့် ကျောင်းသားမိဘများ စိုးရိမ်ပူပန် လျက်ရှိသည်။

ရန်ကုန်မြို့ရှိ အခြေခံပညာ အ ထက်တန်းကျောင်း၊ အမှတ်(၁) ရန် ကင်းမြို့နယ်ရှိ ကျောင်းသားမိဘ တစ်ဦး က ''ဒီနေ့အထိ ဖြေဆိုလိုက် တဲ့မေးခွန်းအားလုံးနီးပါး ဖြေဆိုနိုင် တယ်လို့ သားကပြောတယ်။ ဒါပေမဲ့ သူမရ တဲ့ဘာသာက အင်္ဂလိပ်စာဘာသာ မဖြေနိုင်ဘူးလို့ ဦးလေးကို ပြောတယ်။ အင်္ဂလိပ်ဘာသာတစ်ခု ပဲ ကြောက်ရမယ်။ ဒီနေ့ဘာသာလဲ အခြေအနေကောင်းပါတယ်''ဟု ပြော သည်။

ယနေ့ဖြေဆိုသော ရူပဗေဒ ဘာသာနှင့်ပတ်သက်၍ ကျောင်းသူ တစ်ဦးက ''သမီးကတော့ ဖြေနိုင်တယ်။ မဖြေတာဆိုလို့ လေးမှတ်တန်တစ် ပုဒ်လောက်ပဲမဖြေတာ။ သူငယ်ချင်း အားလုံးကတော့ ဂုဏ်ထူးမှတ် မိ အောင် ဖြေကြတယ်။ သမီးကတော့ အောင်ပြီး အမှတ်များရင် ပြီးရော။မေးသွားတာက အရှေ့ခန်းတွေ ပို များတယ်''ဟု ရန်ကင်းမြို့နယ်ရှိ အ ခြေခံပညာ အထက်တန်းကျောင်း အမှတ်(၁)တွင်ဖြေဆိုသာ ကျောင်းသူ မနန္ဒကျော်က ပြောသည်။

ယခုအခါ တက္ကသိုလ်ဝင်စာမေး ပွဲသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စိတ်ကြိုက်မြန်မာစာနှင့် ဓာတုဗေဒ ဘာသာရပ်၊ ရူပဗေဒဘာသာ ရပ်တို့ဖြေဆိုခဲ့ပြီးဖြစ်ကာ မတ် ၁၈ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာ ရပ်၊ ၁၉ရက်တွင် ပထဝီဝင် ဘာသာရပ်နှင့် ၂ဝရက်တွင် သမိုင်း ဘာသာရပ်စာမေးပွဲတို့ ဆက်လက် ကျင်းပ မည်ဖြစ်သည်။

PP
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

My Blog List