Wednesday, March 18, 2015

အချစ်ရေးကို ပရိတ်သတ်အား အသိမပေးလိုသည့် သဉ္ဇာနွယ်ဝင်း


ပရိတ်သတ်အား အနုပညာလှုပ်ရှားမှုနှင့်သာပတ်သက်၍ အသိပေးလိုပြီး ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည့် အချစ်ရေးနှင့် ပတ်သက်ပြီး အသိမပေးလိုကြောင်း သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းက ဆိုသည်။ “ပရိသတ် အားပေးတာ အနုပညာပိုင်းနဲ့ပတ်သက်ပြီး အားပေးကြတာ များတယ်လေ။  အနုပညာသမားတစ် ယောက် အနေနဲ့ ကိုယ့်ပရိသတ်ကကိုယ့်ကို အချစ်ရေးမှာ စိတ်ဝင်စားတာထက်စာရင် အနုပညာကို စိတ်ဝင်စားစေ ချင်ပါတယ်။ အဲ့ဒီအတွက်ကြောင့် အချစ်ရေးမဖြေတာပါ။”ဟု သဉ္ဇာနွယ်ဝင်းက ပြောသည်။
သဉ္ဖာနွယ်ဝင်းအနေဖြင့် ဇာတ်ကားများရိုက်ကူးရာတွင်လည်း ပရိုဂျူဆာများမှပေးသည့် ငွေနှင့် ထိုက် တန်အောင် ကြိုးစားလုပ်ဆောင်လေ့ရှိပြီးဇာတ်ကားကြည့်ပြီး ပရိသတ်ရင်ထဲတွင် တစ်ခုခုကျန်ခဲ့စေမည့် ကားမျိုးကို ရိုက်ကူးဖြစ်ကြောင်း ပြောသည်။

“သဉ္ဇာ့အနေနဲ့ ရှုတင်ကိုသွားတာလည်း အချိန်မှန်တယ်။ ဒါရိုက်တာတွေကကြိုက်တယ်။ ကိုယ့်စိတ်ထဲမှာ သတ်မှတ်ထားတာက ရှုတင်နားတဲ့အချိန်မှာလည်းအလုပ်အတွက်အကျိုးရှိတာလုပ်နေတယ်။ မဟုတ်ရင် လည်း ရှုတင်မှာနေရတဲ့အချိန်က ဒီလောက်ပဲလေ။ အဲဒီအချိန်မှာ ကိုယ်အားထုတ်ရင် အကျိုးရှိမယ်။ကိုယ့်ကို လာငှားတဲ့ ပရိုဂျူဆာအနေနဲ့လည်း ကိုယ့်လုပ်အားက သူပေးတဲ့ငွေနဲ့တန်စေချင်တယ်။ အဲ့ဒီအတွက်ကြောင့်မို့ သဉ္ဖာကြိုး စားတယ်။ အဲဒါကြောင့် သဉ္ဖာ့ကိုသူတို့ သဘောကျလို့လာငှားတယ်လို့ ထင်ပါတယ်။”ဟု သဉ္ဇာနွယ်ဝင်းက ပြောသည်။

သူ့အနေဖြင့် ဗီဒီယို(၁၀)ကား ရိုက်ကူးပါက ဇာတ်ကားတစ်ကားစာမှ ရရှိသည့်ဝင်ငွေကို ပရဟိတလုပ်ငန်း အတွက် အသုံးပြုဖြစ်ကြောင်းသိရကာ သူမ၏အနုပညာသက်တမ်း(၆)နှစ်ကျော်တွင် ဗီဒီယိုဇာတ်ကား (၆၀) ကျော်နှင့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒါရိုက်တာ နေပိုင် ရိုက်ကူးသည့် “ညအဖြူ”ဆိုသည့် ဇာတ်ကားကို သရုပ်ဆောင်ကောင်းပြည့်နှင့် အတူ ရိုက်ကူးထားပြီး ကြော်ငြာများလည်း ရိုက်ကူးရန်ရှိကြောင်း သိရသည်။

Shwe Myitmakha Media Group


 

No comments:

Post a Comment

My Blog List