Tuesday, March 17, 2015

သမ္မတ ပညာသင်ထောက်ပံ့ရေး အစီအစဉ်ဖြင့် ပါရဂူဘွဲ့ယူနိုင်ရေး အနုပညာ အလုပ်ကြောင့် မသေချာဟု ဇွန်သဉ္ဇာ ဆို


နိုင်ငံတော်သမ္မတရဲ့ ပထမအကြိမ် ပညာသင် ထောက်ပံ့ရေး စာမေးပွဲကို အောင်မြင်ခဲ့ပေမယ့် အနုပညာ လုပ်ငန်းတွေကြောင့် ထပ်မံဖြေဆိုရဦးမည့် နှုတ်ဖြေစာမေးပွဲ အောင်မြင်မည်ဆိုသော်လည်း ပါရဂူဘွဲ့ ယူရန်
မသေချာဟု Sexy Model ဇွန်သဉ္ဇာကဆိုပါ တယ်။
သမ္မတ၏ နှုတ်ဖြေစာမေးပွဲ ဖြေဆိုရန် အစိုးရမှ တရားဝင်ကြေညာ ပေးမည်ဖြစ်ပြီး လတ်တလောတွင်တော့ ဇွန်သဉ္ဇာက စာလည်းဖတ်ရင်းလောက်ကိုင် စစ်ဘေးသင့်ပြည်သူတွေ အတွက် မန္တလေးမြို့ ဖျော်ဖြေပွဲမှာ ပါဝင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

''ညီမအမေက ဖြေခိုင်းတာရယ် ဝင်ဖြေကြည့်မယ်ဆိုပြီး ဖြေကြည့်တာပါ။ ဒါပေမဲ့ ကျောင်းတက်ဖြစ် မတက်ဖြစ်ကတော့ မသေချာဘူး။ အဓိကက အနုပညာအလုပ်တွေကို မစွန့်လွှတ်နိုင်ဘူး။ သူငယ်ချင်းတွေနဲ့ အိမ်က အားပေးတာကြောင့် လူတွေ့တော့ဝင်ဖြေဖြစ်မယ်။

ကျောင်းတက်ဖြစ်မလား၊ အနု ပညာလုပ်မလားဆိုတာတော့ အတိအကျ မဆုံးဖြတ်ရသေးဘူး။ အနုပညာ ဘက်ကိုပဲ အားသာမှာပါ။ ညီမက အနုပညာလုပ်လို့ ထမင်းငတ်ရင်တောင်ဆက်လုပ်မှာ''ဟု သူမက ဆို ပါတယ်။

မော်ဒယ်ဇွန်သဉ္ဇာက သတင်းနှင့်နည်းပညာ အထူးပြုဘာသာရပ် အင်ဂျင်နီယာမဟာဘွဲ့ကိုရရှိထားပြီး သမ္မတ ၏ ပထမဆုံးအကြိမ် ပေးအပ်တဲ့ ပညာသင်ထောက် ပံ့ပေးရေးအစီစဉ်တွင် ပြည်ပတွင် ပါရဂူဘွဲ့ တက်ဖို့ ဝင်ရောက်လျှောက်ထားခဲ့ရာမှ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူမအပေါ်ဝေဖန်ရှုတ်ချမှုများနဲ့ပတ်သက်ပြီး''ညီမ မမှုပါဘူး။ သူတို့ဘာ ပဲပြောပြော ညီမက အမြဲတမ်း အပြောခံနေကြဆိုတော့ ညီမအတွက် မဆန်းတော့ပါဘူး။ သူတို့ကိုလည်း ဘာမှ မပြောချင်ပါဘူး'' လို့ ဆိုပါတယ်။

နိုင်ငံတော်သမ္မတ ပညာသင်ဆုနဲ့ပတ်သက်ပြီး''သမ္မတကြီးကိုလည်း ကျေးဇူး တင်ပါတယ်။ ဒီလိုဆုမျိုးဆိုတာ သိပ်မရှိဘူးလေ။ အခု သမ္မတလက်ထက်မှ ဒီလိုမျိုးတွေရှိလာတဲ့အတွက် ဝမ်းသာပါတယ်''လို့ ဇွန်သဉ္ဇာက ဆိုပါတယ်။

အနုပညာလောကမှာ အောင် မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင် တဲ့ မော်ဒယ်ဇွန်သဉ္ဇာက မေလထဲမှာ ရှာ လုံဗီဒီယိုထုတ်လုပ်ရေးက ရိုက်ကူးမယ့် ဟာသဇာတ်ကားမှာ စည်သူပလပ်ကျွတ်နဲ့ တွဲဖက်ပြီး ဇာတ်ဆောင်မင်းသမီးနေရာက ပါဝင်သရုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရ ပါတယ်။

မော်ဒယ်ဇွန်သဉ္ဇာဟာ လိင်အသားပေးဓာတ်ပုံအများအပြားရိုက်ကူးတဲ့ မော်ဒယ် တစ်ယောက်ဖြစ်ပြီး အဆိုပါ ဓာတ်ပုံတွေကြောင့် ဝေဖန်ခံနေရမှုများလည်းရှိနေတဲ့ မော် ဒယ်တစ်ယောက်ဖြစ်ပါတယ်။

Sexy Model အဖြစ်ရပ်တည်ခဲ့တာနဲ့ ပတ်သက်လို့ ဇွန်သဉ္ဇာက''ညီမ ကတော့ လူတွေဘယ်လိုဝေဖန်ဝေဖန် Sexy Model ဘဝကို ကျေနပ်တယ်။ တကယ်က သရုပ်ဆောင်ဖြစ်ချင်တာ။

ဒါပေမဲ့ ကိုယ်က ငွေကြေး၊ နောက်ခံအင်အား ဘာမှမရှိတော့ မော်ဒယ်အဖြစ် သူများ အားမကိုးဘဲရပ်တည်ခဲ့ တာပါ''လို့ ပြောပါတယ်။

အနုပညာလောကမှာ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တဲ့ ဇွန်သဉ္ဇာက မေလထဲမှာ ရှာလုံ ဗီဒီယိုထုတ်လုပ်ရေးကရိုက်ကူးမယ့် ဟာသဇာတ်ကားမှာ ဇာတ်ဆောင် မင်းသမီးနေရာက သရုပ်ဆောင်ဖို့
ရှိတယ်လို့ သိရပါတယ်။

TheFlowerNews
Yangon Media Group

No comments:

Post a Comment

My Blog List