Thursday, March 19, 2015

ခြောက်ပွင့်ဆိုင်နှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း၏ ပြောဆိုချက်မှာ နားလည်မှုလွဲမှားခြင်းသာဖြစ်ဟု ဒေါက်တာအေးမောင်ဆို


ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ အား သောကြာနေ့တွင်လုပ်ဖြစ်မည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးရဲထွန်းက သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသော်လည်း ခြောက်ပွင့်ဆိုင်အထဲ၌ ပါ ဝင်နေသော ကိုယ်စားလှယ် ဒေါက်တာအေး မောင်က နားလည်မှု လွဲမှားသွားခြင်းသာဖြစ် သည်ဟု မတ် ၁၇ ရက်က ရန်ကုန်တိုင်းမ်ဂျာ နယ်သို့ အတည်ပြုပြောကြားလိုက်သည်။


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွန်းက သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ''ခြောက်ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲ သော ကြာနေ့ လုပ်ဖြစ်မည်ဟုသိရ၊ သမ္မတ၊ လွှတ် တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်ချုပ်၊ ဒေါ်အောင် ဆန်းစုကြည်နဲ့ ဒေါက်တာအေးမောင်တို့ပါဝင်မည့် တွေ့ဆုံဆွေးနွေးပွဲ လာမည့်သောကြာနေ့တွင် ကျင်း ပဖြစ်မည်ဟု မနေ့ညက NDI က ဖိတ် ကြားတဲ့ ညစာစားပွဲမှာ ဒေါက်တာအေးမောင် က ထုတ်ဖော်ပြော ဆိုပါတယ်'' ဟု ရေးသား ထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဒေါက်တာ အေးမောင်အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ''မဟုတ်ပါ ဘူး။ ကျွန်တော်က ခန့်မှန်း တာပါ။ ဒီသီတင်းပတ်လောက်မှာ ဖြစ်နိုင်တယ်လို့။ လွှတ်တော်က ပြော ထားတာပဲ ရှိသေး တယ်။ သမ္မတကြီးနဲ့တပ်ချုပ်တို့ဘက်က ဘာ မှ အကြောင်း မကြားသေးဘူး။ ဒါပေမဲ့ ဖြစ် နိုင်ခြေတော့ရှိတယ်လို့ ပြောတာ။ ဒါကို ဦးရဲ ထွန်းက နားလည်မှုလွဲပြီးတော့ အဲဒီသဘော ထားကို ကောက်ယူ လိုက်တာဖြစ်မှာပါ''ဟု တိုင်းရင်းသားအဖွဲ့အစည်းများကိုယ်စားလှယ် အဖြစ် ရွေးချယ် ခံထားရသော ဒေါက်တာအေး မောင်က ဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွန်းအား သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသား ထားသော ခြောက်ပွင့်ဆိုင်အကြောင်း အရာနှင့်ပတ်သက် ပြီး မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ် ခဲ့သော်လည်း ဖုန်းကိုင်ဆောင်ခဲ့ ခြင်း မရှိသောကြောင့် မေးမြန်းနိုင်ခြင်း မရှိခဲ့ ပေ။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း၌ နိုင်ငံရေးပြဿနာများ ပေါ် ပေါက်နေပြီး ပြည်တွင်းငြိမ်း ချမ်းရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ တ ရားမျှတရေးစသည့် အကြောင်း အရာများအပါအဝင် တခြားသောအကြောင်း အရာများကို ဖြေရှင်းနိုင်ရန်အတွက် ခြောက်ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပွဲကို ကျင်းပရန် လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုထားပြီး ပြည်ထောင်စုလွှတ်တော် ကလည်း အတည်ပြုထား သည်။

သို့သော်လည်း လေးပွင့်ဆိုင်၊ ၁၂ ပွင့်ဆိုင်၊ ၄၈ ပွင့်ဆိုင်စသည့် တွေ့ဆုံ ဆွေးနွေးမှုများကို ကျင်းပခဲ့ ပြီး လက်ရှိ ဖြစ်ပွားနေသော နိုင်ငံရေးပြဿနာများ ကိုဖြေရှင်းနိုင်ရန် တစ်စုံတစ်ရာသဘော တူညီမှုများ မရရှိခဲ့ ဘဲ တွေ့ဆုံမှုသက် သက်သာ ဖြစ်ပွားခဲ့ကြကြောင်း သိရ သည်။

ယင်းခြောက်ပွင့်ဆိုင်တွေ့ဆုံမှု ကို တောင်းဆိုနေခြင်းနှင့်ပတ်သက် ပြီး ရခိုင်အမျိုးသားပါတီမှ ဦးအေး သာ အောင်က ''ဘယ်နှပွင့်ဆိုင်ပဲတွေ့တွေ့ အဓိက မြန်မာနိုင်ငံရဲ့ ပြဿနာတွေ ကို ဖြေရှင်းနိုင်တဲ့ အဖြေ ကိုရဖို့ပဲ အ ရေးကြီးတယ်။ ဒါပေမဲ့ တွေ့လိုက်တိုင်း ဘာအဖြေမှမရဘဲ ပြီးဆုံးနေတယ်။ ဒါကြောင့် မတွေ့ ဆုံမီ ကြိုတင်ညှိနှိုင်းမှုတွေ လုပ်ထားသင့်တယ်''ဟု အကြံ ပြုပြောကြားလိုက်သည်။

‪#‎TheYangonTimes‬

No comments:

Post a Comment

My Blog List