Wednesday, March 18, 2015

တပ်ပိုင်းဆိုင်ရာ ကိစ္စများ သဘောတူညီချက်ရသည်အထိ ဆွေးနွေး သွားမည်ဟုဆို


လက်ရှိပြုလုပ်နေသော အပစ်ရပ်ဆွေးနွေးပွဲတွင် ယခင်သဘောတူ ညီမှုမရခဲ့သည့် တပ် ပိုင်းဆိုင်ရာ ကိစ္စများ သဘောတူ ညီမှုရသည်အထိ ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ် (NCA) ညှိ နှိုင်းဆွေးနွေးပွဲများ တစ်လျှောက် ပြေလည်မှုမရရှိသေးဘဲ ကျန်နေ သည့် တပ်ပိုင်းဆိုင်ရာကိစ္စရပ် များကို ယနေ့ (မတ်လ ၁၈ ရက်) ဆွေးနွေးပွဲ၌ အဓိကထား ဆွေးနွေး မည်ဖြစ်ကြောင်း နှစ်ဖက်စလုံးက အတည်ပြု ခဲ့ခြင်း ဖြစ်သည်။
‘‘တပ်ပိုင်းဆိုင်ရာကိစ္စကို သြဂုတ်လတုန်းက ဒါကိုအပြင် ထုတ်ပြီးတော့ အလုပ်အဖွဲ့တွေနဲ့ ဆွေးနွေးမယ် ဆိုပြီး သဘောတူ ထားတာရှိတယ်။ သို့သော်အခုက ဒီကိစ္စကို NCA ထဲမှာ ပြန်ပြီးတော့ ထည့်ပြီးတော့ အဲဒီ Military Codeof Conduct နဲ့ JMC ကိစ္စကျ တော့ ကျွန်တော်တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး သဘောတူ စာချုပ် ချုပ်ပြီး တစ်လအတွင်းမှာ သွားပြီးတော့ ဆွေးနွေးမယ်။

အ ကောင်အထည်ဖော်မယ်ဆိုတာ ဖြစ်တဲ့အတွက် အဲဒီအထဲက အ ရေးကြီးအချက်တွေကို၊ အရေးကြီးတဲ့ အချက် တချို့ကို NCA ထဲ မှာ ဘယ်ဟာတွေကို ပြန်ထည့်မ လဲ၊ ဘယ်ဟာတွေကို ချန်ထားမ လဲဆို တာ ဆွေးနွေးဖို့လိုတယ်’’ ဟု NCCT အဖွဲ့ဝင်လည်းဖြစ်၊ ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဓိပတိကောင် စီဝင်လည်းဖြစ် သည့် ဒေါက်တာ ဆလိုင်းလျန် မှုန်းဆာခေါင်းကပြောသည်။

နှစ်ဖက်တပ်များ လိုက်နာ ရမည့် စည်းမျဉ်းစည်းကမ်းများ (Military CoC)၊ ချမှတ်ထားသည့်စည်းမျဉ်း စည်းကမ်းများကို ပူးတွဲ စောင့်ကြည့်ရေးအဖွဲ့များ (JMC)ဆိုသည့် တပ်ပိုင်းဆိုင်ရာအချက် များကို ပြီးခဲ့သည့် ၂၀၁၄ နှစ် လယ်ကတည်းကပင် နှစ်ဖက်အကြား ဆွေးနွေးခဲ့သော်လည်း သဘော တူညီမှုမရရှိခဲ့ပေ။

‘‘NCA ပါ တပ်ပိုင်းဆိုင်ရာ ကိစ္စဆိုတာ JMC တို့၊ CoC တို့၊ ဒါက ကျွန်တော် ထင်တယ်။ သိပ် များများကြီး အခက်အခဲသိပ်မရှိ ဘူးဗျ’’ဟု မြန်မာနိုင်ငံငြိမ်း ချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောသည်။

‘‘တိုင်းရင်းသားတွေဘက်က တောင်းဆိုတဲ့ဟာကိုပဲ ကျွန်တော် တို့ဘက်က လိုက်လျောပြီး ဆွေး နွေးမှာ ပါ’’ဟု ၎င်းကဆိုသည်။

Code of Conduct နှင့် ပတ် သက်၍ ယခင်က အစီအစဉ်အမျိုးမျိုး ပြောင်း လဲဆုံးဖြတ်ခဲ့ကြဖူး သည်။ အစိုးရ ဘက်ကရော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ဘက်ကပါ Code of Conduct များ ကိုယ်စီရေးဆွဲထား မှုရှိသည်။ မူလက ယင်းကို NCA တွင် ထည့် ဆွေးနွေးမည်ဟု ဆိုခဲ့သည်။ ထို့ နောက် NCA အပြင်တွင် သီးသန့် ဆွေးနွေးမည်ဟု ဆုံးဖြတ်ခဲ့ကြ သည်။ တစ်ဖန် NCA လက်မှတ် ထိုးပြီး တစ်လအတွင်း ဆွေးနွေး မည်ဟု သဘောတူခဲ့ကြသည်။ ယခုတစ်ခါတွင်မူ ယင်း CoC ကိုယခု NCA ဆွေးနွေးပွဲ၌ပင် ဆွေးနွေးမည်ဟု တိုင်းရင်းသားလက်နက်ကိုင်များ ဘက်က သတ်မှတ် ခဲ့ပြန်သည်။

မတ်လ ၁၇ ရက်က စတင် သည့် UPWC နှင့် NCCT ကြား သတ္တမ အကြိမ်မြောက် NCA ဆွေး နွေးပွဲကို အစည်းအဝေးအစီအစဉ် သုံးခုဖြင့် ဆွေးနွေးရန်ရှိနေသည်။ ပဋိပက္ခလျှော့ချရေး၊ တပ်ပိုင်း ဆိုင်ရာ၊ NCA တွင်ပါဝင်သည့် စာချုပ်များအားလုံးကို အသေး စိတ်ဆွေးနွေးခြင်းဟူသည့် အစီအစဉ်သုံးခုဖြစ်ပြီး အစည်း အဝေးပထမနေ့တွင် ပဋိပက္ခလျှော့ချ ရေး ဆိုင်ရာကို နှစ်ဖက်ဆွေးနွေး သဘောတူညီခဲ့ကြကြောင်း သ တင်းထုတ်ပြန်သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာငြိမ်း ချမ်းရေးစင်တာ(MPC)တွင် မတ်လ ၁၇ ရက်က စတင်ပြုလုပ်လျက်ရှိသည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily

No comments:

Post a Comment

My Blog List