Tuesday, March 17, 2015

အမျိုးသားလွှတ်တော်တွင် ကျောင်းသားများ ဒေါင်းအလံဖြင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ် မတ်တပ်ရပ်ခဲ့


အမျိုးသားလွှတ်တော်တွင် ကျင်းပသည့် ကြားနားပွဲတွင် ဒီမိုကရေစီလူပ်ရှားမှု ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုးဦးက မတ်လ ၁၆ ရက်သည် ရန်ကုန်မြို့ရှိ အင်းလျားကန်ဘောင် တံတားဖြူအနီး ကျောင်းသားများအကြမ်း ဖက်ဖြိုခွင်းမှုနှင့် လက်ပံတန်းကျောင်းသားများကို အကြမ်းဖက်နှိမ်နှင်းမှုအပေါ် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် အမျိုးသားလွှတ်တော်တွင် တစ်မိနစ် ဒေါင်းအလံကို လွှင်ထူပြီး ကျောင်းသားများက မတ်ရပ်ငြိမ်သက် ခဲ့သည်။
"ကျွန်တော်တစ်ခု တောင်းဆိုပါရစေ၊ ဒီနေ့က တံတားဖြူနေ့လည်း ဖြစ်တယ်။ကျွန်တော်တို့ ကျောင်းသားတွေ လည်း ဖမ်းဆီးခံရတဲ့ အထိမ်းအမှတ်အနေနဲ့ တစ်မိနစ်မတ်တပ်ရပ် ငြိမ်သက်ခွင့်ပြုပါ" ဟု ကော်မတီအဖွဲ့ဝင် ကိုဇေယျာလွင် က ပြောသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက ခုလိုပြုလုပ်ခြင်းသည် လွှတ်တော်၏ နည်းဥပဒေများနှင့် မကိုက်ညီဘူး ဟု ပြောဆိုခဲ့သည်။ သို့သော် ကျောင်းသားများ၏ စိတ်ခံစားချက်များကို နားလည်သည့်အတွက် ခွင့်လွှတ်အရေးယူခြင်း မပြုလုပ်ဘူးဟု ဆိုသည်။

ကျောင်းသားများသည် လက်မောင်းတွင် အနက်ရောင်များပတ်၍ တက်ရောက် လာခြင်း ဖြစ်ပြီး တစ်မိနစ်ဟု ဆိုသော်လည်း စက္ကန့်သုံးဆယ် ဝန်းကျင်သာ မတ်တပ်ရပ် ငြိမ်သက်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List